မသန်စွမ်းသူများ၏ရွေးကောက်ပွဲနှင့် မဲပေးခွင့်ဆိုင်ရာအခွင့်အလမ်းများသိရှိလာစေရန် ရည်ရွယ်သော ဆရာဖြစ်သင်တန်းကို ဇူလိုင် ၂၈ရက်မှစ၍ သုံးရက်ကြာဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံမသန်စွမ်း သူများရှေ့ ဆောင်အဖွဲ့(MILI)မှ သတင်းရရှိ သည်။
၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် မသန်စွမ်းသူများအတွက် ရွေးကောက်ပွဲနှင့် မဲပေးခွင့်ဆိုင်ရာဆရာဖြစ်သင်တန်းကို ဖွင့်လှစ်ခဲ့ခြင်းမရှိဘဲ လာမည့်၂၀၁၅ရွေး ကောက်ပွဲအတွက် ပထမဆုံးအကြိမ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု သိရသည်။
‘‘ကျွန်တော်တို့လေ့လာမိသလောက် ၂၀၁၂ကြားဖြတ်ရွေး ကောက်ပွဲတုန်းက မသန်စွမ်းသူတွေ မဲရုံမှာ မဲပေးခွင့်ရှိတာကိုတစ်နိုင်ငံလုံးမှာရှိတဲ့ မသန်စွမ်းသူ ၅၀ ရာခိုင်နှုန်းလောက်ကမသိကြဘူး။ အဲဒါကြောင့် ဆရာဖြစ်သင်တန်းကိုပြုလုပ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆင့်ပွားသင်တန်းတွေ ထပ်လုပ်သွားမှာဖြစ် တယ်’’ ဟု MILI အစီအစဉ်ဒါရိုက်တာ ကိုနေလင်းစိုးကပြောသည်။
ဇူလိုင် ၂၈မှ ၃၀ရက်အထိ ပြုလုပ်သွားမည့် ဆရာဖြစ်သင်တန်းတွင် ရန်ကုန်တိုင်းဒေသကြီး မှ မသန်စွမ်းသူ ခုနစ်ဦး၊ အခြားပြည်နယ်နှင့်တိုင်းဒေသကြီးများမှ မသန်စွမ်းသူ ၁၃ ဦးအား ရွေးချယ်သင်တန်းပေး မည်ဖြစ်သည်။ ဆရာဖြစ်သင်တန်းတက်ရောက်ပြီးသူများအနက်မှ မသန်စွမ်းသူခုနစ်ဦးအား ရွေးချယ်ပြီး မိမိတို့နေထိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ရွေးကောက်ပွဲဆိုင်ရာဆင့်ပွားသင်တန်းများကို အခြား မသန်စွမ်းသူများအား ပြန်လည်သင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။
ဆရာဖြစ်သင်တန်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊Myanmar Egress၊ ရွေးကောက်ပွဲနှင့် ပတ်သက်၍ကူညီနေသော အမေရိကန်မှI Factအဖွဲ့နှင့် မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ (MILI)မှ ဆရာ၊ ဆရာမများကသင်ကြားပို့ချမည်ဖြစ်သည်။ ရွေးကောက်ပွဲစက်ဝန်းအကြောင်း၊ ရွေးကောက် ပွဲဥပဒေ၊ နည်းဥပဒေ၊ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေစသည့် အကြောင်းအရာများ သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။
‘‘ဒီသင်တန်းတွေပြုလုပ်လိုက်တဲ့အတွက် တစ်နိုင်ငံလုံးမှာရှိတဲ့ မသန်စွမ်းသူတွေ ရွေးကောက်ပွဲရဲ့ အရေးပါပုံ နဲ့ ရွေးကောက်ပွဲမှာ မသန်စွမ်းသူတွေ ကြိုတင်မဲမဟုတ်ဘဲ တိုက်ရိုက်မဲပေးခွင့်ရတယ်ဆိုတာကိုသိရှိသွား မှာဖြစ်တယ်’’ဟု MILI အစီအစဉ် ဒါရိုက်တာကိုနေလင်းစိုးက ပြော သည်။
သန်းခေါင်စာရင်းအရတစ်နိုင်ငံလုံးတွင် မသန်စွမ်းသူဦးရေ ၂၃သိန်းခန့်ရှိပြီး မဲပေးခွင့်ရှိသူ ၁၆ သိန်းခန့်ရှိ ကြောင်း သိရသည်။
7 Day Daily
No comments:
Post a Comment