Thursday, July 30, 2015

ပြည်နယ်သုံးခုရှိ ဒုက္ခသည်များအား အမေရိကန်က ကန်ဒေါ်လာလေးသန်းခွဲထောက်ပံ့မည်

ကချင်၊ ရှမ်းမြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် အမေရိကန်နိုင်ငံက ကန်ဒေါ်လာ လေးသန်းခွဲထောက်ပံ့မည်ဟု ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေးအဖွဲ့မှ သ တင်းရရှိသည်။

အဆိုပါထောက်ပံ့ငွေကို ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေးအဖွဲ့သို့ ယခုလတွင်ပေးအပ်ခဲ့ပြီး ကူညီထောက်ပံ့မှုများကို စက်တင်ဘာအထိ ကချင်၊ ရှမ်းမြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်ရှိ ဒေသများ၌ ဆောင်ရွက်ပေးမည်ဖြစ်သည်။

ပြည်နယ်သုံးခုတွင်နေထိုင်ကြသည့် ပြည်တွင်းဒုက္ခသည်များအတွက် စားနပ်ရိက္ခာထောက်ပံ့ခြင်း၊ အလုပ် လုပ်၍ အစားအသောက်ပေးခြင်းစနစ်တို့ဖြင့် ထောက်ပံ့ကူညီမည်ဖြစ်သည်။

ရခိုင်၊ ကချင်ပြည်နယ်တို့ တွင် ပဋိပက္ခများဖြစ်ပွားပြီးနောက်ပိုင်းမှစ၍ ကမ္ဘာ့စားနပ်ရိ က္ခာထောက်ပံ့ရေး အစီအစဉ်က ကူညီထောက်ပံ့မှုများပေးအပ်ခဲ့ရာရခိုင်ပြည်နယ်၌ သုံးနှစ်ခန့်ရှိပြီး ကချင်ပြည်နယ်တွင် လေးနှစ်ခန့်ရှိပြီဖြစ်သည်။

ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေးအဖွဲ့ကို ရန်ပုံငွေများပေးအပ်သည့်နိုင်ငံငါးခုရှိပြီးအဆိုပါ ငါးနိုင်ငံစာရင်း တွင် အမေရိကန်နိုင်ငံလည်းပါဝင်ပြီး ကျန်နိုင်ငံများမှာ ဂျပန်၊ သြစတြေးလျ၊ ဆွစ်ဇာလန်နှင့် အီးယူနိုင်ငံ များဖြစ်သည်။

၂၀၁၅အတွက်အဆိုပါပြည်နယ်သုံးခု၌ စားနပ်ရိက္ခာများ ထောက်ပံ့ကူညီရန် ကုလသမဂ္ဂစာနပ်ရိက္ခာ ထောက်ပံ့ရေးအဖွဲ့ နှင့် အစိုးရတို့ စာချုပ်အသစ်ထပ်မံချုပ်ဆိုခဲ့ပြီး ပြည်နယ်သုံးခုရှိ ပြည်တွင်းဒုက္ခသည် နှစ်သိန်းအားကူညီထောက်ပံ့မည်ဖြစ်သည်။

7Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ