ဒါရိုက်တာညိုမင်းလွင်ရိုက်ကူးမယ့် ANANDA ဆိုတဲ့ရုပ်ရှင်ကားမှာ ဆံပင်နဲ့မျက်ခုံးမွေးကို ရိတ်ပြီးသရုပ် ဆောင်ရမယ် Notra ဆိုတဲ့ဇာတ်ကောင်တစ်ယောက်ပါဝင်ပါတယ်။ အဲဒီဇာတ်ကောင်နေရာကို စိတ်ဝင် စားပြီး သရုပ်ဆောင်လုပ်ဖို့ လျှောက်ထားတဲ့သူများစွာရှိခဲ့ပါ
တယ်။ ပါဝင် လျှောက်ထားသူတွေထဲမှာ အငြိမ့် မင်းသမီးလေး ဝင်းသပြေထွန်းလည်း ပါဝင်ပြီး ဝင်းသပြေထွန်းကတော့ ဆန်ခါတင်ဆယ်ဦးစာရင်းအထိပါ ပါဝင် လာပါတယ်။ အဲဒီဇာတ်ကားမှာ ပါဝင်ဖို့လျှောက်ထားဖြစ်တာနဲ့ ပတ်သက်ပြီးမေးတော့"သမီးဒီဇာတ် ကားမှာ ပါဝင်ဖို့ လျှောက်လွှာတင်ရင်ကောင်းမလား၊ မကောင်းလား စဉ်းစားတာ။ အချိန်တော်တော်ကြာ ခဲ့တယ်။ ဖောင်ပိတ်တော့ မယ့် ဇွန် ၃ဝရက် ည၁၂နာရီထိုးခါနီးကျမှ လျှောက်ဖြစ်လိုက်တာ။ ဘာဖြစ်လို့ စဉ်းစားလဲဆိုတော့ သမီးတို့ပွဲရာသီကစတော့မှာ ၁ဝလပိုင်းဆိုစပြီ။ ဒီဇာတ်ကားက ခေါင်းတုံးလည်း တုံးရမယ်။ တစ်လကို ၁ဝရက်နှုန်းနဲ့ ၃ လ ရိုက်ရမယ်ပေါ့။ အဲဒါတွေကို စဉ်းစားရတယ်။ ရွေးခံရရင် ဘယ်လိုလုပ်မလဲပေါ့။ သမီးကလည်း သရုပ်ဆောင်လုပ်ချင်တဲ့စိတ်ရှိတော့ မိဘတွေကလည်းသဘောပဲ လုပ်ပေါ့ဆိုတာနဲ့ လျှောက်ဖြစ်သွားတာ။ ဘဝအတွက်ပေါ့။ ဒါအခွင့်အရေးတစ်ခုပဲ။ ဇာတ်ပို့နေရာမှာပါ ဖို့တောင်မလွယ်ဘူးလေ။ ဒါကြောင့် စွန့်လွှတ်စွန့်စားပြီးဝင်လျှောက်ခဲ့တာပါ"လို့ ပြောပါတယ်။ ဝင်းသပြေထွန်းအနေနဲ့ကိုယ့်ပရိသတ်တွေကိုဘာများ အသိပေးပြောချင်လဲကို မေးလို့ကြည့်တော့ "အငြိမ့် မှာတော့ သမီးကို လူသိများပါတယ်။ ဒါပေမဲ့သရုပ်ဆောင်လောကမှာ သမီးကအခုမှစရမှာ။ ရုပ်ရှင်နဲ့ပတ် သက်ပြီးဘာမှမသိသေးတဲ့ ကလေးပါ။သမီးဘာမှမသိလို့သမီးကို ဆရာတွေက သင်ပေးရင်သင်ပေးတဲ့ အတိုင်း လုပ်နိုင်မယ်လို့တော့ ယုံကြည်ပါတယ်။လူသိပြီးသားတွေပါတော့ အသစ်တွေနစ်နာတယ်ပြော ကြပါတယ်။သမီးက အငြိမ့်ဘက်မှာ လူသိများပေမယ့်သရုပ်ဆောင်လောကမှာ လူမသိသေးဘဲ အခုမှစ ရမယ့်အသစ်ပါ။ အဲဒီလိုတွေ ပြောကြတာတော့သမီးစိတ်မကောင်းပါဘူး။သမီးတို့အခုအရွေးခံထားရ တဲ့သူတွေကိုလည်းညီအစ်မတွေလိုပဲ သဘောထားပါတယ်။ ကိုယ်အရွေးခံရမလားဆိုတာကတော့ကံပေါ့။ သမီး ကတော့ ဘယ်သူအရွေး ခံရခံရ မုဒိ တာပွားအားပေးပါတယ်" လို့ပြော ကြားခဲ့ပါတယ်။

Popular Journal
No comments:
Post a Comment