Monday, July 27, 2015

မန္တလေးတိုင်းဒေသကြီးအတွင်း မိုးများပြီး ရေကြီးမှုကြောင့် သေဆုံးသူနှင့် ပျက်စီးဆုံးရှုံးမှု များပြား

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်ရှိ မြို့နယ်များတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးခြင်းနှင့် တောင်ကျရေတိုက် စားမှုများဖြစ်ပေါ်ခဲ့ရာ လူသေဆုံး၊ ပျောက်ဆုံးမှုများ၊ နေအိမ်၊ လမ်းတံတားနှင့် စပါးစိုက် ဧက အများအပြား ပျက်စီးဆုံးရှုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။

ပြင်ဦးလွင်ခရိုင်ရှိ မိုးကုတ်၊ သပိတ်ကျင်းနှင့် စဥ့်ကူးမြို့များတွင် အထိအခိုက်အပျက်အစီးအများဆုံးဖြစ်ပြီး ဇူလိုင် ၂၅ ရက်ထိ ရေဘေးကြောင့် သပိတ်ကျင်းမြို့နယ်တွင် လူခြောက်ဦးသေဆုံးကာ သုံးဦးပျောက်ဆုံးနေ သကဲ့သို့ မိုးကုတ်မြို့နယ်၌ လူသုံးဦးသေဆုံးကာ ကိုရင်ငယ်နှစ်ပါးအပါအဝင် လူခြောက်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အဆိုပါ သုံးမြို့နယ်တွင် နေအိမ် ၇၆ လုံးပြိုကျပျက်စီးခဲ့ပြီး တံတား ရှစ်စင်း၊ ဘုန်းတော်ကြီး ကျောင်း ၂ ကျောင်းနှင့် တံတား ကမ်းကပ်ခုံ ၂ ခု ပြိုကျပျက်စီးခဲ့သည်ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့၏အပျက်အစီး စာရင်းတွင် ဖော်ပြထားသည်။

ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့များက လာရောက်ကူညီပေးမှုများရှိ သော်လည်း ရေဘေးသင့်သူများမှာ စားဝတ်နေရေးနှင့် နေထိုင်ရေးအတွက် အကူအညီများလိုအပ်နေ ကြောင်း တောင်ကျချောင်းရေတိုက်စားခံရမှုကြောင့် လူသေဆုံး၊ နေအိမ်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် သပိတ်ကျင်းမြို့ နယ် တွင်းငယ်ကျေးရွာအုပ်စု တောင်လယ်ကျေးရွာမှ ဒေသခံ များက ပြောသည်။

မိုးကုတ်မြို့နယ်ရှိ ကျေးရွာများတွင် ဒေသခံရွာသူ၊ ရွာသားများသည် တောင်နံရံနှင့် မြေပြိုကျမှု ထပ်မံကြုံတွေ့ရမည်ကို စိုးရိမ်သည့်အတွက် နေအိမ်တွင်မနေဝံ့ဘဲ ဘေးလွတ်ရာဒေသများသို့ ပြောင်းရွှေ့နေထိုင်နေရသည်ဟု ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူများက ပြောသည်။

နေအိမ်ရေတိုက်စားခံရပြီး အိုးမဲ့အိမ်မဲ့ဖြစ်နေသူများနှင့် ရေဘေးသင့်နေသည့် သပိတ်ကျင်းမြို့နယ်ရှိ ဒေသ ခံများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က တစ်အိမ်ထောင်လျှင် ကျပ်ငါးသောင်းစီနှင့်အစားအ သောက်၊  ဆေးဝါးများ ထောက်ပံ့ပေးခဲ့ သည်ဟုဆိုသည်။

ဇူလိုင် ၂၄ ရက်မှ ၂၅ ရက်အထိ စဥ့်ကူးမြို့နယ်တွင် မိုးရေချိန် ၁၀ ဒသမ ၄၈ လက်မအထိ စံချိန်တင် မိုးရွာသွန်းခဲ့ပြီး ကျေးရွာအုပ်စု ခြောက်အုပ်စုနှင့် စိုက်ကွင်းကိုးကွင်းမှ သီးနှံစိုက်ဧက ၄၅၀ ကျော် ရေလွှမ်းမိုး ပျက်စီးခဲ့သည်။

7Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ