Showing posts with label ငြိမ်းချမ်းရေး. Show all posts
Showing posts with label ငြိမ်းချမ်းရေး. Show all posts

Monday, September 28, 2015

NCA မထိုးတဲ့ လက်နက်ကိုင်တစ်စုကို အပြုတ်တိုက်မှ ပြည်တွင်းငြိမ်းချမ်းရေး ရမယ်

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)မှာ ပါဝင်လက်မှတ်ထိုးဖို့ နိုင်ငံတော်သမ္မတက တိုင်းရင်းသားလက်နက်ကိုင် ၁၅ ဖွဲ့ဆီ ဖိတ်ခေါ်ကမ်းလှမ်းထားပြီးသားဖြစ်ပါတယ်။ ငြိမ်းချမ်းရေးရဖို့ အစိုးရ ဘက်က အသင့်ဖြစ်နေသလောက် လက်နက်ကိုင်တွေဘက်က တစ်ယောက်တစ်ပေါက် ဖြစ်နေတာတွေ့ရ ပါတယ်။ NCA ထိုးမယ့်အဖွဲ့နဲ့ မထိုးမယ့်အဖွဲ့ဆိုပြီး နှစ်မျိုးကွဲနေတယ်။ လက်နက်ကိုင်တွေကို သမ္မတက ဖိတ်ခေါ်ကမ်းလှမ်းတာပါ။အမိန့်ပေးထိုးခိုင်းတာ မဟုတ်ပါဘူး။ တစ်နည်းအားဖြင့် ညှိနှိုင်းတာဖြစ်ပါတယ်။ ညှိနှိုင်းတာကို လက်မခံရင်တော့ ငြိမ်းချမ်းရေးမှာ လက်တွဲလို့ မရတော့ဘူးလေ။ ဒီတော့ ငြိမ်းချမ်းရေးမလိုချင်တဲ့ လက်နက်ကိုင်တစ်စုကို အပြုတ်တိုက်လိုက်တာ အကောင်းဆုံးပါပဲ။

ငြိမ်းချမ်းရေးမလိုချင်တဲ့ လက်နက်ကိုင်တစ်စုကို အပြုတ်တိုက်လိုက်မှသာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး အဆုံးသတ်မှာ ဖြစ်ပါတယ်။ ဒီမိုကရေစီလမ်းဟာလည်း အနှောင့်အယှက် အတားအဆီးမရှိ ဖြောင့်ဖြူးမှာ ဖြစ်ပါ တယ်။ ရွေးကောက်ပွဲကျင်းပဖို့ရက်ကလည်း ရက်ပေါင်း ၄၀ သာ လိုတော့တဲ့အတွက် ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်း၊

Wednesday, September 16, 2015

အပစ်ရပ်လက်မှတ်ထိုးမထိုး သုံးသပ်မည့် အစည်းအဝေး ယနေ့စမည်

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်များအဖွဲ့(SD) အစည်း အဝေးကို စက်တင်ဘာလ ၁၇ ရက်တွင် ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ကျင်းပမည်ဖြစ်သည်။


ထိုအစည်းအဝေးတွင် စက်တင်ဘာလ ၉ ရက်က သမ္မတဦးသိန်းစိန်နှင့် တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်း (NCA) လက်မှတ်ရေးထိုးရန် ဆွေးနွေးမှုများကို ပြန်လည်သုံးသပ် ဆွေးနွေးကြမည်ဖြစ်ကြေင်း NCCT ခေါင်းဆောင် နိုင်ဟံသာက ပြေသည်။

“အက်စ်ဒီအစည်းအဝေးပါ။ပြီးခဲ့တဲ့အခြေအနေတွေကို ဆွေးနွေးကြမယ်ထင်တယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

Sunday, September 13, 2015

ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆက်လက်ဆွေးနွေးရန် UPWC နှင့် ‘၀’၊ မိုင်းလားတို့ ကြေညာချက်ထုတ်

တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေး နွေးပွဲများအကောင်အထည်ဖော်ရာတွင် ပူးပေါင်းဆောင်ရွက်သွား နိုင်ရန် ဆက်လက်ညှိနှိုင်းဆွေးနွေး သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC) နှင့်‘၀’၊ မိုင်းလားအဖွဲ့တို့က နှစ်ဖက်သဘောတူညီ ချက်ထုတ်ပြန်ကြေညာသည်။

UPWC ဒုဥက္ကဋ္ဌများဖြစ် သည့် ဦးအောင်မင်း၊ ဦးသိန်းဇော် ဦးဆောင်သည့်ကိုယ်စားလှယ်အ ဖွဲ့နှင့် ‘၀’ ပြည်သွေးစည်းညီညွတ် ရေးပါတီ(UWSP/UWSA)၊ မိုင်း လားအဖွဲ့(NDAA)ထိပ်ပိုင်းခေါင်းဆောင်များ စက်တင်ဘာ ၁၂ရက်က ရှမ်းပြည်နယ်ကျိုင်းတုံ မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့

Wednesday, September 9, 2015

NCA အပစ်ရပ်သဘောတူညီမှုအပေါ် အမြင်တချို့

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် NCA မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင် လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသရွေ့ မြန်မာအစိုးရကို ကချင်တိုင်းရင်းသား ပြည်သူတွေဘက်က သံသယ တွေရှိနေမှာ ဖြစ်တယ်လို့ ကချင်ဘာသာရေး ခေါင်းဆောင်တဦးက ဗွီအိုအေကို ပြောပါတယ်။

မနေ့က နေပြည်တော်မှာ သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ထိပ်သီးခေါင်းဆောင်တွေ ဆွေးနွေးပွဲကနေ NCA စာချုပ် လက်မှတ်ရေးထိုးမယ့်ရက်ကို အောက်တိုဘာလအတွင်း ဖြစ်နိုင်မယ်လို့ အကြမ်းအားဖြင့် သတ်မှတ်ခဲ့ကြပါတယ်။ အသေးစိတ်ကို မအင်ကြင်းနိုင်က တင်ပြထားပါ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရန် ဦးစားပေးဆွေးနွေး

ဦးလှမောင်ရွှေ(မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC)၏အထူး အကြံပေးပုဂ္ဂိုလ်)ကျွန်တော်တို့ဒီနေ့နံနက် ၉ နာရီက စတင်ပြီးတော့ ဆွေးနွေးခဲ့တာဟာ ၁၂ နာရီ ၂၅ မိနစ် မှာ ဆွေးနွေးပွဲပြီးပါတယ်။ ဆွေးနွေးပွဲမှာ တိုင်းရင်းသားခေါင်းဆောင်ကိုးဦးလုံးက လွတ်လွတ်လပ်လပ် သမ္မတကြီးနဲ့ဆွေးနွေးပါ တယ်။

တိုင်းရင်းသားတွေဘက်က ဆွေးနွေးတာအားလုံးကိုလည်း သမ္မတကြီးဘက်ကလည်း အားလုံးကိုရှင်းပြ ပါတယ်။ နံပါတ်တစ်အနေနဲ့အားလုံး လက်မှတ်ထိုးနိုင်ရေးအတွက် ဦးစားပေးဆွေးနွေးပါတယ်။ ကျန်တာကတော့နိုင်ငံရေး၊ စစ်ရေးနှင့်လူမှုရေး အာမခံချက်တွေကို ဆွေးနွေးပါတယ်။

နိုင်ငံတော်ဘက်ကတိုင်းရင်းသားတွေ အားလုံးပါဝင်နိုင်တဲ့ကိစ္စကိုမပစ်ပယ်ပါဘူး။ အဆင့်လိုက်လုပ်တဲ့ကိစ္စ ကိုပြန်ရှင်းပြပါတယ်။ နောက်ဆုံးတော့ နိုင်ငံတော်သမ္မတဘက်ကပဲ အခုလာမယ့် စက်တင်ဘာလ ၂၉ ရက်နေ့မှာ လက်မှတ်ထိုးဖို့ညှိနှိုင်းအဆိုပြုပါတယ်။ တိုင်းရင်းသားတွေဘက်ကတော့ေ

Tuesday, September 8, 2015

သမ္မတပါဝင်မယ့် အပစ်ရပ်စာချုပ်ဆွေးနွေးပွဲ အကြိုညှိနှိုင်း

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးရေးဆွေးနွေးဖို့ လက်နက်ကိုင် အဖွဲ့တွေက ထိပ်သီးခေါင်းဆောင်တွေဟာ ဒီကနေ့ဆိုရင် နေပြည်တော်ကိုရောက်ရှိနေပြီး မနက်ဖြန်မှာတော့ နိုင်ငံတော်သမ္မတအပါအဝင် အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။ ဒီကနေ့ နေပြည်တော်ရောက်ရှိချိန်မှာတော့ အစိုးရအဖွဲ့ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ ပဏာမ အကြိုညှိနှိုင်း ဆွေးနွေးကြရာမှာ အလားအလာကောင်းတွေ ပေါ်ထွက်လာနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က နေပြည်တော်ကနေ သတင်းပေး ပို့ထားပါတယ်။

နှစ်ပေါင်း (၆၀) ကျော်ကြာဖြစ်ပွားနေတဲ့ ကမ္ဘာပေါ်က အရှည်ကြာဆုံးပြည်တွင်းစစ် ရပ်စဲစေရေးအတွက် အဆုံးအဖြတ်ပေးမဲ့ဆွေးနွေးပွဲတရပ်ကို မနက်ဖြန်မှာ နိုင်ငံတော်သမ္မတနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။ လောလောဆယ် နေပြည်တော်ကို ရောက်ရှိနေတဲ့ တိုင်းရင်းသားအဖွဲ့ထိ

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ