Friday, February 7, 2014

ပြည်ခိုင်ဖြိုးပါတီ၏ မူဝါဒများ

၁။ “အမျိုးသားရေးမူဝါဒ”။     ။ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်မှု မပြိုကွဲ ရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးကို ထားဝစဉ် ဦးထိပ်ထားမည်။

၂။ ”နိုင်ငံရေးမူဝါဒ” ။     ။ အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ထား၍ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံး မည်။

၃။ ” စီးပွားရေးမူဝါဒ” ။     ။ ဈေးကွက်စီးပွားရေး စနစ်ကိုကျင့်သုံးမည်။

၎။ ” နိုင်ငံခြားရေးမူဝါဒ” ။      ။ လွတ်လပ်၍ တက် ကြွသော နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးမည်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး (၅)ချက်နှင့် အညီဆောင် ရွက်မည်။

၅။ ”ကာကွယ်ရေးမူဝါဒ” ။      ။ နိုင်ငံတော်အား ပြည်တွင်း ပြည်ပအန္တ္တ္တရာယ်များမှ အပြည့်အ၀ ကာကွယ် နိုင်စွမ်းရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမည်။

၆။ ”လူ့အခွင့်အရေးဆိုင်ရာမူဝါဒ” ။     ။ အခြေခံ ဥပဒေနှင့် အညီ နိုင်ငံသားတိုင်း၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို အာမခံမည်။

၇။ ”တိုင်းရင်းသားရေးဆိုင်ရာမူဝါဒ ”။      ။ တိုင်းရင်းသား စည်းလုံညီညွှတ်ရေးကို အလေးထားမည်။ အခြေခံ ဥပဒေနှင့်အညီ တိုင်းရင်းသားများ၏ အခွင့်အရေးများကို အပြည့်အ၀ ရရှိခံစားနိုင်အောင် ဖော်ဆောင်ပေးမည်။

၈။ ”တောင်သူလယ်သမားရေးဆိုင်ရာမူဝါဒ” ။    ။ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက် အောင် ကြိုးပမ်းဆောင်ရွက်မည်။

၉။ ”အလုပ်သမားရေးဆိုင်ရာမူဝါဒ” ။     ။ အလုပ်သမားများ၏ လူမူစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်း ဆောင်ရွက်မည်။ အခြေခံဥပဒေနှင့်အညီ အလုပ်သမားများ၏ အခွင့်အရေးများကို အပြည့်အ၀ ရရှိခံစားနိုင် အောင် ဖော်ဆောင်ပေးမည်။

၁၀။ ”ဘာသာရေးဆိုင်ရာမူဝါဒ” ။     ။ လွတ်လပ်စွာယုံကြည် ကိုးကွယ်ခွင့်ကို အာမခံမည်။

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ