Friday, May 29, 2015

ဗိုလ်ချုပ်အောင်ဆန်းက ဒီလိုပြောတယ်

ပညာဆိုသည်မှာ စာအုပ်စာတမ်းဖတ်၍ စာသိမူကို ပညာဟု မဆိုပေ။

ပညာသည် ' အတိုင်းအဆ ' မထင်။ အလွန်ကျယ်ပြော နက်နဲလှပေသည်။ ကမ္ဘာရှိ စာအုပ် အားလုံးပင်လျှင် ပညာအားလုံးကို လောကပြင်ကျယ် တည်းဟူသော ကျောင်းကြီး၌ ကျွန်ုတို့သည် ပုခက် တွင်းထဲမှသည် မြေကြီးထဲသို့ ရောက်သည်အ

အမျိုးသမီးကို ဘယ်ဘက်မှာ ထားရခြင်း

အနောက်တိုင်းမှာ မင်္ဂလာဆောင်တဲ့အခါ သတို့သမီးကို ဘယ်ဘက်မှာပဲထားကြ ပါတယ်။ အကြောင်း က တော့ အခြားသော ယောင်္ကျားများက၊ ရန်သူများက မိမိရဲ့ ချစ်သူကို လာရောက် လုယူတဲ့အခါ ဓားထုတ်ပြီး အဆင်သင့် တိုက်ခိုက်နိုင်အောင် ဖြစ်ကြောင်း

၂၀၂၅ နှင့် ရေရှားပါးပြတ်လပ်မှု အန္တရာယ်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တာဝန်ကို ၁၉၉၇ မှ ၂၀၀၇ အထိ ထမ်းဆောင်ခဲ့သော ကိုဖီအာနန် (Kofi Annan)က ‘‘ရေရှားပါးမှုပြဿနာကို လက်တွေ့ကျကျ ကိုင်တွယ်ဖြေရှင်းဖို့ အစိုးရများက အလျင်အမြန် ဆုံးဖြတ်ချက်ချမှတ် လုပ်ဆောင်ခြင်းမရှိခဲ့လျှင် ၂၀၂၅ ခန့်တွင် ကမ္ဘာ့လူဦးရေ၏ သုံးပုံနှစ်ပုံခန့်သည် ရေရှားပါးပြတ်လပ်မှုအန္တရာယ်နှင့် ကြုံတွေ့ရဖွယ်ရှိသည်’’ဟု ဟောကိန်းထုတ်ခဲ့ကြောင်း ၂၀၀၄ ထု

ခရမ်းချဉ်သီးစားသုံးခြင်းရဲ့ အကျိုးကျေးဇူး

ခရမ်းချဉ်သီးကို ဆေးလိပ်သောက်တဲ့သူတွေ အမြဲစားသုံးပေးသင့်ပါတယ်။ ခရမ်းချဉ်သီးဟာ ဆေးလိပ်ကြောင့် ဖြစ်ရတဲ့ ကိုယ်တွင်းဆုံးရှုံးမှုများ၊ ဘေးဘယာများကို နည်းပါးပျောက်ကင်းအောင် စွမ်းဆောင်ပေးပါတယ်။ ခရမ်းချဉ်သီးထဲက ခလိုရိုဂျင်နင် (Chrologenic) နဲ့ ကူမာအစ် (Coumaric) အက်ဆစ်ဟာ အဆုတ်ကို ထိခိုက်ပျက်စီးမယ့်

ဖရဲသီးမှ ရရှိသော အကျိုးကျေးဇူး (၁၀) ချက်

ဖရဲသီးကိုတော့ လူတိုင်း ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။အခြား ရာသီတွေမှာ စားရတာထက် နွေရာသီမှာ စားရတာက ပိုမိုပြီးတော့ ကောင်းပါတယ်။ ဒီအတွက်ကြောင့် ဖရဲသီးမှ ရရှိနိုင်သော အကျိုးကျေးဇူး ၁၀ ချက်ကို ရေးသားပေး လိုက်ရပါတယ်။

Thursday, May 28, 2015

တာဝန်သိတတ်ဖို့တော့ လိုလိမ့်မယ်




Boat people တွေက မြန်မာနိုင်ငံက လာတာမဟုတ်ဘူးဆိုတာ သက်သေတွေ ရှိခဲ့ကြပြီ။ သက်ဆိုင်တဲ့နိုင်ငံ  ကလဲ ငြင်းမရတော့လို့ လက်ခံပြီးပြီ။ ဒီလူတွေဟာ မြန်မာနိုင်ငံကပါဆိုပြီး မြင်လို့မကောင်းလောက်အောင် ကမ္ဘာကို မမှန်သတင်း ဖြန့်ခဲ့ကြတဲ့ Media တွေအနေနဲ့ အခုကိစ္စကို သိက္ခာရှိစွာ English ဘာသာနဲ့ ကမ္ဘာကို အမှန်သတင်း ပြန်ဖြန့်ပေးဖို့ UN အပါအ၀င် ရမ်းသမ်းပြောဆိုခဲ့ကြတဲ့ နိုင်ငံတကာMedia

အိန္ဒိယရဲ့ နယ်နိမိတ်စည်းအတွင်း အသေပစ်သတ်ရေး(Shoot-to-kill-policy) မူဝါဒနှင့် ဘင်္ဂလီကုလားများ

နှစ်အနည်းငယ်အတွင်းခြံစည်းရိုးဖြတ်ကျော်ဘင်္ဂလီမွတ်ဆလင်ကုလား တစ်ထောင်နီးပါးကို အိန္ဒိယနယ်ခြား
စောင့်တပ်ကပစ်သတ်ခဲ့တဲ့အတွက်ကမ္ဘာ့ လူ့ အခွင့်အရေးသမားတွေပွက်ပွက်ညံစောဒကတက်ခဲ့ကြတယ်။ အိန္ဒိယအစိုးရကတစ်လုံးပဲပြန်ပြောခဲ့တယ် - "သူတို့ ပစ်သတ်ခဲ့တဲ့ ခိုးဝင်ဘင်္ဂလီအရေအတွက်ဟာ အမေရိကန်နဲ့ မဆီကန်နယ်စပ်မှာ အမေရိကန်ကပစ်သတ်ခဲ့တာလောက်မများဘူး" ဆိုတာပဲ။လူ့အခွင့် အရေးသမားတွေအားလုံးပါးစပ်ပိတ်သွားခဲ့တယ်။



အခုအချိန်အထိ အိန္ဒိယက ခိုးဝင်ဘင်္ဂလီ ခလေးခွေး မိန်းမမကျန် အားလုံးကိုပစ်သတ်နေတာဘယ်လူ့ အခွင့်အရေးသမားမှ အသံကောင်းမလွှင့်နိုင်တော့။အိန္ဒိယရဲ့ BSF (Border Security Force)ကို ၁၉၆၅ ခုနှစ်မှာ စတင်ဖွဲ့ စည်းခဲ့ပြီး အခုအချိန်မှာ တပ်ရင်းပေါင်း (၁၈၆) ရင်းနဲ့  အင်အားနှစ်သိန်းလေးသောင်း ကျော်ရှိ ပြီး အမျိုးသ္မီးတွေပါ BSF မှာ ပါဝင်အမူထမ်းနေကြပြီဖြစ်ပါတယ်။ပါကစ္စတန်နဲ့နျူကရီယာ အဆင့်အထိထပ်တိုက်ရင်ဆိုင်မူတွေဖြစ်နေခဲ့ပြီးသည့်နောက် အိန္ဒိယရဲ့အမြဲ

အသွေးအသားနဲ့ ဆောက်တည် ငါတို့ရဲ့မြန်မာပြည်

"ဒီလို နိုင်ငံတကာက မြန်မာနိုင်ငံကို ဖိအားပေးချိန်၊ အကြပ်အတည်းလုပ်ချိန်၊ အနိုင်ကျင့်ချိန်မှာ၊ မြန်မာ ပြည်တွင်းသာမက ပြည်ပမှာရှိနေတဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေထဲကလည်း မြန်မာနိုင်ငံကို ဘယ်လောက် အစစ်အမှန် ချစ်ကြသလဲဆိုတာ ထင်ထင်ရှားရှားပေါ်လာမယ်။ မြန်မာနိုင်ငံကို လက်ရှိ အုပ်ချုပ်နေသူ၊ အနာဂါတ်မှာအုပ်ချုပ်ချင်ကြသူ တွေထဲကလည်း မြန်မာနိုင်ငံကို ဘယ်လောက်ချစ်ကြသလဲ၊ မြန်မာပြည်သူပြည်သားတွေလုံခြုံရေးကို ဘယ်လောက်အလေးထား ဆောင်ရွက်ကြသလဲ၊ ကိုယ့်မြန်မာနိုင်ငံ နှင့် အမိမြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးကို ဘယ်အတိုင်းအတာအထိ ဦးဏှောက်ရှိရှိ ကာကွယ်နိုင်မလဲ... ဆိုတာ ကိုယ်စွမ်း၊ ဥာဏ်စွမ်း ပြိုင်တဲ့ ပွဲလိုပါပဲ။။

ကျပ်တစ်သောင်းတန်ငွေစက္ကူအသစ် ထုတ်ဝေမည်

လုံခြုံရေးအဆင့်မြှင့် ထားသော ကျပ်တစ်သောင်းတန် ငွေစက္ကူအသစ်ကို ၂၀၁၅ ဇူလိုင် ၁ ရက်တွင် စတင် ထုတ်ဝေမည် ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ် ပြန်ကြေညာသည်။
ကျပ်တစ်သောင်းတန်ငွေစက္ကူ အသစ်ကို လုံခြုံမှုအဆင့်အတန်း မြင့်မားရန်၊ သက်တမ်းပိုမိုရှည် ကြာစေရန်နှင့် အတုအပပြုလုပ် ခြင်းမှ ကာကွယ်ရန် ထုတ်ဝေခြင်း ဖြစ်ကြောင်း ဗဟိုဘဏ်၏ မေလ ၂၈ ရက် ထုတ်ပြန်ချက်တွင်ပါ ရှိသည်။

ကျပ်တစ်သောင်းတန်ငွေ စက္ကူအသစ်ထပ်မံထုတ်ဝေမည် ဖြစ်သော်လည်း လက်ရှိတရားဝင် သုံးစွဲနေသော ကျပ်တစ်သောင်း တန်ငွေစက္ကူများမှာလည်း တရား ၀င်ငွေအဖြစ် ဆက်လက်တည်ရှိ မည်ဖြစ်သည်။

Wednesday, May 27, 2015

သမ္မတကိုဝေဖန်သည့်စာသားပါအင်္ကျီ ၀တ်ဆင်၍ တစ်ကိုယ်တော်ဆန္ဒပြသူကို ပုဒ်မ ၅၀၅(ခ)ဖြင့် ဖမ်းဆီး



ပြည်မြို့တွင် သမ္မတကို ဝေဖန်ရေးသားသည့်စာသားပါ အင်္ကျီကိုဝတ်ဆင်၍ တစ်ကိုယ် တော်ဆန္ဒဖော်ထုတ်သူတစ်ဦးကို သာယာဝတီရဲတပ်ဖွဲ့က မေလ ၂၅ ရက် ညတွင် နေအိမ်သို့လာ ရောက်ဖမ်းဆီးသွားကြောင်း သ တင်းရရှိသည်။

‘‘သာယာဝတီမြို့နယ်တရား ရုံးရဲ့ ဖမ်းဝရမ်းပါတယ်။ နိုင်ငံ တော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ လာရောက်ဖမ်းဆီး သွားတာဖြစ်တယ်’’ဟု ပြည်မြို့ နယ်ရဲတပ်ဖွဲ့က အရာရှိတစ်ဦးက ပြောကြားသည်။

ကလေးစစ်သား အသုံးပြုနေတဲ့ ‘၀’ အဖွဲ့ကို ဘယ်လို အရေးယူမလဲ ?

ကလေးစစ်သားအသုံးပြုမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာသာမက နိုင်ငံတကာကပါ အလေးထား ဆောင်ရွက်နေတဲ့ ကိစ္စဖြစ်ပါတယ်။ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို စစ်သားအဖြစ် အသုံးချတာဟာ လူ့အခွင့် အရေးချိုး ဖောက်တာဖြစ်သလို ကလေးတွေရဲ့ အနာဂတ်အတွက်လည်း ဆိုးကျိုးတွေ သက်ရောက်နေတဲ့ အတွက် လက်မခံနိုင်တာ ဖြစ်ပါတယ်။ အဲဒီကလေးစစ်သား အသုံးပြုမှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့ (Unicef ) က ဖြေရှင်း ဆောင်ရွက်ပေးမှုတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာတော့ ကလေးစစ်သားအသုံးပြုမှု ပပျောက်ရေးကို စံနမူနာပြအဖြစ် အစိုးရတပ်က အသက်မပြည့်တဲ့ စစ်မှုထမ်းတွေကို မိဘအုပ်ထိန်းသူထံ ပြန်လည်အပ်နှံမှု၊ တားဆီးမှုတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ဟာလည်း ကလေးစစ်သား အသုံးပြုနေတယ် ဆိုပြီး Unicef က ဖော်ပြထားပါတယ်။

Tuesday, May 26, 2015

ကြေးနီစီမံကိန်း ကုမ္ပဏီနှင့် မပြေလည်မှုများ ဆွေးနွေးရန် တောင်သူများ ဝင်ပေါက်ပိတ် စောင့်ဆိုင်း

ကြေးစင်တောင်၊ စံပယ်တောင် ကြေးနီစီမံကိန်းဆောင်ရွက်နေသည့် မြန်မာယမ်စီကုမ္ပဏီနှင့် တွေ့ဆုံဆွေးနွေးခွင့်ရရန်အတွက် မေ ၂၅ ရက် နံနက်မှ ယခုချိန်ထိ ဒေသခံတောင်သူများက အဓိကဝင်ပေါက်ကို ပိတ်၍ စောင့်ဆိုင်းနေကြောင်း သတင်းရရှိသည်။

"ကုမ္ပဏီဘက်ကို မေလ၂၅ ရက်(မနက် ၁၀) နာရီတွေ့ဆုံဖို့ဒေသခံတွေအနေနဲ့ တောင်းဆိုခဲ့တာ။တွေ့ဆုံဆွေးနွေးရေးအတွက် မနေ့ကစပြီး ဒီနေ့( မေ ၂၆)အထိ ကြေးနီလုပ်ငန်းခွင် အဓိက ၀င်ပေါက်ကိုပိတ်ပြီး စောင့်ဆိုင်းနေတာပါ။ ဒေသခံကုမ္ပဏီ ၀န်ထမ်းတွေကိုလည်း ဒီဝင်ပေါက်ကနေ လုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင်ခြင်းမပြုကြဖို့ မေတ္တာရပ်ခံထားပါတယ်"ဟု ဆားလင်းကြီးမြို့နယ် ကံကုန်းကျေးရွာဒေသခံ ကိုတင်အောင်စိုးကပြောသည်။


ပြီးခဲ့သည့်နှစ် စက်တင်ဘာလကစ၍ ကြေးနီစီမံကိန်းတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ (၈) ကြိမ်တိုင်တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ဒေသခံ များ၏ တောင်းဆိုချက်များနှင့်ပတ်သက်၍ ဖြေရှင်း

ကလေးအထူးကု ဆရာဝန်များ တိုးချဲ့ခေါ်ယူမည်

NLD ပါတီဝင်တစ်ဦး နှုတ်ထွက်သည့်စာတွင် ဘာတွေရေးထားသလဲ

၂၀၁၅ ရွေးကောက်ပွဲ နီးလာချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ မှ ပါတီဝင်များ ထွက်ခွာခြင်း ၊ နှုတ်ထွက်ခြင်းများ ဖြစ်လာကြောင်း သတင်းရရှိသည်။၎င်းတို့၏ နှုတ်ထွက်စာတိုင်းလိုလိုတွင် ..အောက်ဖော်ပြပါ အချက်များမှာ တူညီနေကြကြောင်း သိရသည်။

သို့ / 

ဒေါ်အောင်ဆန်းစုကြည်

● NLD ပါတီမှ နှုတ်ထွက်ရသည့် အကြောင်းအရင်း (၁)
သမာသမတ်မဲ့စွာ ၊ အထက်ဖားအောက်ဖိ ၊ အမျှော်အမြင်နည်းပါးစွာဖြင့် လူကောင်းများအားမထေမဲ့ မြင် ပြုမူခဲ့ခြင်း

● NLD ပါတီမှ နှုတ်ထွက်ရသည့် အကြောင်းအရင်း (၂)

 မြို့နယ်ပါတီဥက္ကဌတစ်ဦးသည် ရပ်ရွာ၊ လူကြီး ၊လူငယ်အားလုံး ဆုတ်ယုတ်ပျက်စီးစေသည့် သေရည်၊ သေရက်ရောင်းချသူတစ်ဦး ဖြစ်ရခြင်း

●NLD ပါတီမှ နှုတ်ထွက်ရသည့် အကြောင်းအရင်း (၃)

ဒေါ်အောင်ဆန်းစုကြည်သည် တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဌဖြစ်ပါလျက် ပါတီ၏ မြို့နယ်ဒုဥက္ကဌကို  လောင်းကစားဒိုင်ဖြစ်သူအား ခန့်အပ်ခဲ့ခြင်း

●NLD ပါတီမှ နှုတ်ထွက်ရသည့် အကြောင်းအရင်း (၄)

ပါတီအတွင်း အုပ်စုဂိုဏ်းဖွဲ့ အနိုင်ထက်ပြုအရှက်ရစရာပြုမူကြခြင်း ၊ အပြန်အလှန်လေးစားခြင်းမဲ့ပြီး လူ့ ပတ်ဝန်းကျင်တွင် လူ့ဂုဏ်သိက္ခာ ကိုစော်ကားခြင်း

●NLD ပါတီမှ နှုတ်ထွက်ရသည့် အကြောင်းအရင်း (၅)

Monday, May 25, 2015

မလေးရှားရောက်မြန်မာများ အသွားအလာဆင်ခြင်ရန် မြန်မာသံရုံးသတိပေး

လှေစီးဒုက္ခသည်များနှင့်ပတ်သက်၍ မလေးရှားနိုင်ငံ၏ လက်ရှိအခြေအနေများကြောင့် မလေးရှားနိုင်ငံ ရောက် မြန်မာနိုင်ငံသားများ သတိထားသွားလာ နေထိုင်ကြရန် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက  ယနေ့ မေလ ၂၆ ရက် ညနေပိုင်း၌ သတိပေးချက်ထုတ်ပြန်လိုက်သည်။

ယခုကာအတွင်း ဖြစ်ပေါ်နေသော မလေးရှားနိုင်ငံ၏ အခြေအနေနှင့် နိုင်ငံတကာ၌ လှုံ့ဆော်ချဲ့ကား ပြောကြားချက်များကြောင့် မလိုလားအပ်သော ကိစ္စများမဖြစ်ပေါ်ရန်အတွက် နေထိုင်သွားလာမှု ဆင်ခြင်ကြရန်နှင့် တစ်ဦးထဲမသွားလာဘဲ အုပ်စုဖွဲ့နေထိုင်သွားလာကြရန် တိုက်တွန်းထားသည်ဟု ဖော်ပြထား သည်။

‘‘ဟိုနေ့ကလဲ မလေးရှားအစ္စလာမ်မစ်ပါတီခေါင်းဆောင်က မြန်မာသံရုံးရှေ့ကို ဆန္ဒပြပြီး မြန်မာတွေ ထွက်သွားဖို့ ပြောဆိုခဲ့တယ်။ နောက်ပြီး လှေစီးဒုက္ခသည်တွေကိုလည်း မြန်မာနိုင်ငံက

အကြွေးမဆပ်ပါက ယူကရိန်းကို တင်းတင်းမာမာ ကိုင်တွယ်မည်ဟု ရုရှားဝန်ကြီးချုပ် ပြောကြား

ရုရှားနိုင်ငံသို့ ပေးဆပ်ရန်ရှိသည့် အကြွေးများကိုမပေးရန် ယူကရိန်းအစိုးရက ဆုံးဖြတ်ပါက ယူကရိန်းကို တင်းတင်းမာမာ ကိုင်တွယ်သွားမည်ဟု ရုရှားဝန်ကြီးချုပ် ဒီမီထရီမတ်ဗီဒက်က ပြောကြားသွားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ နိုင်ငံခြားကြွေးမြီများကို ဆိုင်းငံ့ပိုင်ခွင့် ရှိကြောင်း ဖော်ပြထားသည့် ဥပဒေသစ်တစ်ရပ်ကို ယူကရိန်းနိုင်ငံက အတည်ပြုလိုက်သဖြင့် ကီးယက်ထံမှ ဒေါ်လာသုံးဘီလီယံ ရစရာရှိ
သည့် ရုရှားနိုင်ငံက ခြိမ်းခြောက်လိုက်ခြင်း ဖြစ်သည်။
“သူတို့က ပုဂ္ဂလိကချေးငွေကို ပြောနေတာပါ။ ဒါပေမဲ့လည်း ယာနျူကိုဗစ် (ယခင် ယူကရိန်းသမ္မတဟောင်း) လက်ထက်တုန်းက ယူထားတဲ့ ငွေတွေ ပြန်မပေးနိုင်ဘူးလို့လည်း စောင်းပါးရိပ်ခြည် ပြောနေပါတယ်” ဟု ရုရှားဝန်ကြီးချုပ် မတ်ဗီဒက်က ပြောကြားသွားသည်။

ယင်းကဲ့သို့သော ဖြစ်ရပ် လက်တွေ့ပေါ်ပေါက်လာပါက ရုရှား အကျိုးစီးပွား များကို ကာကွယ်နိုင်ရန် ယူကရိန်းကို တင်းတင်းမာမာ တုံ့ပြန်သွား မည်ဟု ရုရှားနိုင်ငံပိုင်သတင်းနှင့် အင်တာဗျူးတွင် ဝန်ကြီးချုပ်က ခြိမ်းခြောက် လိုက်သည်။
ထို့အပြင် ရုရှားဘဏ်များထံမှ သာမကဘဲ ရုရှားနိုင်ငံသားများထံမှ ယူကရိန်းချေးယူထားသည့် ငွေကြေးများ
ကိုလည်း တစ်သားတည်းအဖြစ် သတ်မှတ်မည်ဖြစ်ပြီး ခွဲခြားမည် မဟုတ်ကြောင်း၊ ငွေပြန်ဆပ်ရန် ပျက်ကွက်ပါက ယူကရိန်းအပေါ်ထားသည့် အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်းများ၏ ယုံကြည်မှု ပျက်ယွင်းသွားနိုင်ကြောင်း ၎င်းက မှတ်ချက်ပြုလိုက်သည်။
ရုရှားလိုလားသော ယူကရိန်းသမ္မတ ယာနျူကိုဗစ်ကို လူထုတော်လှန်ရေးဖြင့် ရာထူးမှဖယ်ရှားလိုက်ပြီး နောက်

လှေစီးဒုက္ခသည်များအား စိစစ်လက်ခံရန် ဘင်္ဂလားဒေ့ရှ် သဘောတူဟု ရခိုင်ဝန်ကြီးချုပ်ဆို

လှေစီးဘင်္ဂါလီ ဒုက္ခသည်များကို စိစစ်လက်ခံရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် သဘောတူညီမှု ရရှိထားသည်ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက မေ ၂၄ရက်တွင် မဇ္ဈိမကို တယ်လီးဖုန်းမှ တစ်ဆင့် ပြော သည်။
"သူတို့နိုင်ငံသား ဟုတ်မဟုတ်စိစစ်ပြီးတာနဲ့ တစ်ခါတည်း စွဲသိမ်းမယ့် သဘောပေါ့ အမြန်ဆုံး လွှဲပြောင်းပေး နိုင်အောင် လုပ်နေတယ်။ ဟိုဖက်ကလည်း လက်ခံမယ့် အနေအထားရှိတယ်။ စစ်ပြီးမှ လက်ခံမယ့် အနေ အထားလို့ ပြောပါတယ်။" ဟု ၎င်းကဆိုသည်။ 

မေလ ၂၃ရက်တွင် နိုင်ငံခြားရေး ဒုဝန်ကြီး ဦးတင်ဦးလွင်က ရန်ကုန်ရှိ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို ဖိတ်ခေါ်ကာ မြန်မာနိုင်ငံမှ ယာယီစခန်းဖြင့် ထားရှိထားသည့် စက်လှေ ၂စီးပါ လူဦးရေ ၂၀၈ဦးတို့ နေရပ် ပြန်လည်ပို့ဆောင်ပေးနိုင်ရေးအတွက် ဆွေးနွေးခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက မေလ ၂၃ရက်တွင် ထုတ်ပြန်သည်။ 

ယခုနှစ် တက္ကသိုလ်ဝင်ခွင့်စနစ် ပြောင်းမည်မဟုတ်ဟု ပညာရေးအတွင်းဝန်ဆို


အဆင့်မြင့်ပညာတက္ကသိုလ်များကို ဝင်ခွင့်စာမေးပွဲ ဖြေဆိုပြီးမှ တက်ရောက်ခွင့်ပြုရန် ပညာရေး ဝန်ကြီးဌာနက စီစဉ်နေသော်လည်း ယခု ၂၀၁၅-၂၀၁၆ တက္ကသိုလ်ပညာသင်နှစ်တွင်မူ အပြောင်းအလဲရှိဦးမည် မဟုတ်ကြောင်း ပညာရေး ဝန်ကြီးဌာန အတွင်းဝန် ဒေါက်တာစိုးဝင်းက ပြောကြားသည်။
မေလ ၂၃ ရက် ညနေ ၃ နာရီခန့်က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ပြုလုပ်သော တက္ကသိုလ်ဝင်ခွင့်စနစ်သစ် ပြောင်းလဲရေး နှီးနှောဆွေးနွေးပွဲတွင် ၎င်းက ပြောကြားခြင်း ဖြစ်သည်။
“ပြင်ဆင်စရာတွေက အများကြီးပါ။ စနစ်သစ် ကျင့်သုံးမယ်ဆိုလည်း အခြေခံပညာကျောင်းတွေကို အသိပေးသွားမှာပါ” ဟု အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်လည်း ဖြစ်သူ အတွင်းဝန် ဒေါက်တာစိုးဝင်းက ပြောဆိုသည်။

တက္ကသိုလ်ဝင်ခွင့်စနစ် အပြောင်းအလဲအတွက် သက်ဆိုင်ရာ တက္ကသိုလ်အလိုက် ဝင်ခွင့်စာမေးပွဲ ကျင်းပရန် အစီအစဉ်အပြင် ခေတ်စနစ်နှင့် လိုက်လျောညီထွေသော တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်မှုဖြစ်ရန် လိုအပ်ကြောင်း အဆင့်မြင့်ပညာ အသိုင်းအဝိုင်းက အကြံပြုကြသည်။
“ဝင်ခွင့်စာမေးပွဲအတွက် ကျောင်းသား၊ မိဘတွေကို လုံလောက်တဲ့ အသိပေးမှု၊ ပြင်ဆင်ချိန်၊ ကုန်ကျစရိတ်တွေကိုလည်း စဉ်းစားရပါတယ်” ဟု မန္တလေးတက္ကသိုလ် အငြိမ်းစားပါမောက္ခချုပ် ဒေါက်တာမောင်သင်းက ပြောကြားသည်။
တက္ကသိုလ်ဝင်ခွင့်စနစ်ကို ၂၀၁၅-၂၀၁၆ တက္ကသိုလ်ပညာသင်နှစ်တွင် မစတင်ရန် တက္ကသိုလ် ၁၃၄ ခုမှ ပါမောက္ခချုပ်များနှင့် ပါမောက္ခများက မေလ ၂၃ ရက် အစည်းအဝေးတွင် သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း ယင်းပါမောက္ခချုပ်များက ဆိုသည်။
အဆိုပါ ဝင်ခွင့်စနစ်သစ်ကို အမျိုးသားပညာရေး ဥပဒေ၊ အဆင့်မြင့်ပညာရေး ဥပဒေနှင့် တက္ကသိုလ်ပဋိညာဉ်တို့ ရေးဆွဲအတည်ပြုပြီးမှသာ တရားဝင်ကျင့်သုံးနိုင်ဖွယ် ရှိကြောင်း အဆင့်မြင့်ပညာ အသိုင်းအဝိုင်းက သုံးသပ်ကြသည်။
လက်ရှိ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် အပြောင်းအလဲစနစ်သစ်ကို လာမည့် ဇွန်လနှင့် ဇူလိုင်လတို့တွင်လည်း ထပ်မံဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းတို့က ဆက်လက်ပြောကြားသည်။
ပညာရေး ဝန်ကြီးဌာန၏ အဆင့်မြင့်ပညာကဏ္ဍ မြှင့်တင်ရေး ဆွေးနွေးပွဲကို မေလ ၂၂ ရက်မှ ၂၅ ရက်အထိ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ကျင်းပလျက်ရှိသည်။

Sunday, May 24, 2015

ရာဇဝင်ထဲက လှေစီးကုလာများ

ယနေ့ လှေစီးဒုက္ခသည်ဆိုတဲ့ကုလားတွေက ခုခေတ်မှာတော့ ဒုက္ခသည်မျက်နှာဖုံးစွပ်ထားပေမဲ့ မကြာခင်မှာတော့မျက်နှာဖုံးကွာကျ မှာပါ၊ ဒီအကြောင်းတွေသိချင်ရင်ရာဇ၀င်ထဲကိုတခေါက်လောက်
အလည်လိုက်ကြည့်စမ်းပါဗျာ ။

ယခုပဲခူးအခေါ် ဟံသာဝတီ နေရာက မွန်တို့ရဲ့ပိုင်နက်နေရာဖြစ်တယ် သထုံဘုရင်ရဲ့သားတော်များဖြစ်တဲ့ သမလနှင့် ၀ိမလ လက်ထက်မှာ လှေစီးကုလားတွေက သူတို့ပိုင်ပါတယ်ဆိုပြီး နယ်နိမိတ်သံတိုင်လာစိုက်ပါတယ်။ ၀ိမလညီနောင်ကမြို့သစ်တည်ဖို့ နေရာ ရှာတော့မှ လှေစီးကုလားတွေ သံတိုင်စိုက်ထားတာကို တွေ့တော့
ဒေါသထွက်ကြပေမည့် ၊ဥပါယ်တမြည်နဲ့ သံကောက်တွေကို မြှူတ်ထားလိုက်ကြတယ်။

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ