ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကြံ့ခိုင်မှုစိုးရိမ်နေရသည့် ဟင်္သာတနှင့်ဇလွန်မြို့ကြားရှိ ရေထိန်းရေ ကာတာတစ်ခု ကျိုး ပေါက်မှုမရှိစေရန် အချိန်ပြည့် စောင့်ကြပ်နေကြောင်း သတင်း ရရှိသည်။
ဧရာဝတီတိုင်းဒေသကြီးရှိ ဆည်မြောင်းဝန်ကြီးဌာန တာဝန်ရှိသူများဦးဆောင်ကာ မီးသတ်၊ ရဲနှင့်စစ်သား အရပ်သားစုစုပေါင်း အင်အားနှစ်ရာကျော်က ကြံ့ခိုင်မှုစိုးရိမ်နေရသော ရေကာတာကျိုးပေါက်မှုမှ ကာကွယ်ရန် ဘက်ဟိုးမြေတူးယာဉ်လေးစီးဖြင့် မြေဖို့နေသည်မှာ ရှစ်ရက်ခန့်ကြာမြင့်နေပြီဖြစ်ကြောင်း ဟင်္သာတခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်မှူးဦးစန်းဌေးကပြောသည်။
‘‘ဒီမှာ ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံးက ဆည်မြောင်းဝန်ကြီးဌာန တာဝန်ရှိသူတွေလာကြီးကြပ်နေ တယ်။ မီးသတ်တွေရော၊ အရပ်သားတွေရော အားလုံးအသင့်စောင့်ပေးနေတယ်။ ရေက ထပ်တက်လာ မယ်လို့ ခန့်မှန်းထားတော့ လိုအပ်တာမှန်သမျှ လုပ်သွားမှာပါ’’ဟု ဦးစန်းဌေးက ပြောသည်။
ဇူလိုင် ၁၃ ရက်က စတင်ရေ တိုက်စားခံရသော ရေကာတာကို လက်ရှိတွင် ဘက်ဟိုးလေးစီးက အတွင်းဘက်သို့ မြေဖို့ခြင်းလုပ် ငန်းများ လုပ်ဆောင်နေပြီး တိုက် စားခံရသည့် ဘက်တွင်လည်း ကျောက်စရစ်အိတ်များ ထောင်ချီ ၍ချထားကာ ကမ်းပြိုမှုသက်သာ အောင် စီစဉ်ထားသည်ဟု ဟင်္သာ တခရိုင် ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
လက်ရှိရေကာတာ၏ အတွင်းဘက် ပေ ၅၀၀ ခန့်အကွာ တွင် ရေကာတာအသစ်တစ်ခုရှိ နေပြီး ရေကာတာအနီးသို့ ရောက် သည်အထိ တဖြည်းဖြည်းမြေဖို့ သွားမည့်ပုံစံမျိုးဖြင့် ရေဘေးအန္တ ရာယ်လွတ်အောင် စီစဉ်ထား သည်ဟု ၎င်းကဆက်လက်ပြော ကြားသည်။
ရေကာတာ၏ အတွင်းဘက် တွင်ရှိသည့် ၀ါသလရွာမှ အိမ်ခြေ ၁၆၆ အိမ်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားပြီး ထိုရေကာတာ သည် ဟင်္သာတ-ဇလွန်ကားလမ်းနှင့်ပြိုင်၍ ၃ မိုင်ခန့်အကွာ၌ တည်ရှိကာ အတွင်းဘက်ပိုင်းတွင် အိမ်ခြေထောင်ချီနှင့် စပါးခင်း ဧက ပေါင်းများစွာလည်း ရှိနေသည်။
ဧရာဝတီတိုင်းဒေသကြီး ၀န် ကြီးချုပ်ကလည်း ရေကာတာကျိုး ပေါက်မှုမဖြစ်စေရေး နည်းမျိုးစုံ ဖြင့်ကာကွယ်ထားရန်လာရောက် ညွှန်ကြားထားသည်ဟု သတင်းရ ရှိသည်။ ‘‘အိမ်ကတော့ ကိုယ့်အ စီအစဉ်နဲ့ကိုယ် ရွှေ့ထားရတယ်။ လိုအပ်တာတွေကို အစိုးရက ကူ ညီမယ်ဆိုရင်တော့ ပိုကောင်း မယ်။ အိမ်အကုန်ပြောင်းရမှာ။ တချို့တွေက နှမြောလို့ မပြောင်း ဘဲ ကတ်သတ်နေကြတုန်း’’ဟု ၀ါ သလရွာ ဒေသခံတစ်ဦးက ပြော သည်။
လက်ရှိတွင် ဧရာဝတီတိုင်း ဒေသကြီး၌ နေ့စဉ်မိုးရွာနေပြီး ဧရာဝတီမြစ်ရေမှာလည်း ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် လာမည့် တစ်ပတ်အတွင်း လက်ရှိရေမှတ်များထက် ၃ ပေ မှ ၅ ပေခန့်အထိ မြင့်တက်နိုင်သည်ဟု မိုး/ဇလဌာနက သတင်းထုတ်ပြန်ထားသည်။
7Day Daily
No comments:
Post a Comment