Wednesday, July 29, 2015

မုန်တိုင်း စစ်တကောင်းကိုဆုတ်ပြီ ... ဒါပေမယ့်


Komen လို့နာမည်ပေးထားတဲ့ ဆိုင်ကလုန်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းကို ဖြတ်ကျော်ဝင် ရောက်သွားဖို့ရှိတယ်လို့ ခန့်မှန်းရပြီး ပင်လယ်ပြင်ကနေ ကုန်းမြေပြင်ကို ဖြတ်ကျော်ဝင်ရောက်ရာမှာ စစ်တွေနဲ့မောင်တောကို တစ်နာရီမိုင် ၅ဝနဲ့မိုင်၆ဝ လေတိုက်နှုန်းရှိမယ်လို့ မိုးဇလဌာနက ဆိုပါတယ်။

အားကောင်းတဲ့ မုန်တိုင်းငယ်ကြောင့် မောင်တောမှာ ပင်လယ်ရေ ၁ဝပေအထိ၊ စစ်တွေမှာ ပင်လယ်ရေ ၈ပေအထိ မြင့်တက်လာနိုင်ပြီး ရခိုင်နဲ့ချင်းပြည်နယ်တို့နဲ့ ထိစပ်နေတဲ့ စစ်ကိုင်းအောက်ပိုင်း၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတို့မှာ မိုးကြီးပြီး လေပြင်းတိုက်ခတ်ခြင်း၊ ရေကြီးပြီး မြေပြိုတာတွေဖြစ်မယ်လို့ သတိပေးထားပါတယ်။

အထက်မြန်မာပြည် မိုးသည်းထန်မှု၊ ကိုမန်မုန်တိုင်းနဲ့ထိစပ်နေမှုတွေကြောင့် မိုးသည်းထန်မှုတွေဖြစ်ပြီး ချင်းတွင်း၊ ဧရာဝတီ၊ စစ်တောင်း စတဲ့မြစ်တွေ မြစ်ရေတွေ ရုတ်တရက်မြင့်တက်လာပြီး မြန်မာပြည် အလယ်ပိုင်းကနေ မြစ်ဝကျွန်းပေါ်ကို ရေတွေဆင်းတဲ့အခါ အရေးပေါ်အန္တရာယ်တွေ ကြုံရနိုင်မှာမို့ အရေးပေါ်အခြေအနေကြေညာပြီး ကြိုတင်ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ကြဖို့ ဒေါက်တာထွန်းလွင်က သတိပေးထားပါတယ်။

Kamayut Media

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ