နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်ခဲ့သော အကျဉ်းသားအကျဉ်းသူ ၆၉၆၆ ဦးတွင် ၂၀၀၄ ခုနှစ်ကတည်းက ထိန်းသိမ်းခံထားရသည့် တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့မှ ဗိုလ်မှူးချုပ်သန်းထွန်းနှင့် အကြီးတန်းအရာရှိကြီး ၉ ဦးလုံး ပြန်လည်လွတ်မြောက်လာပြီး ဖြစ်ကြောင်း The Voice သတင်းရင်းမြစ်များ က ပြောကြားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ ပုဒ်မခွဲ (က) နှင့်အညီ အကျဉ်းထောင်အသီးသီးတွင် ထိုက်သင့်သော ပြစ်ဒဏ်များကျခံပြီး ဖြစ်သည့်အပြင် အကျဉ်းထောင်ကျခံစဉ်ကာလအတွင်း စည်းကမ်းကောင်းမွန်သည့် အကျဉ်းသား/အကျဉ်းသူ ၆၉၆၆ ဦးတို့အား နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှုဖော်ဆောင် ရေးအတွက်လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးအတွက်လည်းကောင်း နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေးအတွက်လည်းကောင်း၊ လူသားချင်းစာနာ ထောက်ထားမှုကို အလေးပေးသောအားဖြင့် နိုင်ငံတော်သမ္မတက ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက် ယနေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များ ပေးခဲ့ပါသည်။
The Voice
No comments:
Post a Comment