Tuesday, September 30, 2014

တယ်လီနောဖြင့် ငါးနိုင်ငံသို့သာ ဖုန်းခေါ်ဆိုနိုင်သေး

 
တယ်လီနောဆင်းမ် ကတ်အသုံးပြုသူများ ပြည်ပသို့ ဖုန်းခေါ်ဆိုသည့် ၀န်ဆောင်မှု(Roaming Service) ကို အသုံးပြုလိုပါက ကနဦးအနေဖြင့် ငါးနိုင်ငံကိုသာ အပြန်အလှန်ခေါ်ဆိုမှုပြုလုပ်နိုင်ဦးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘တယ်လီနောဆင်းမ်ကတ် တွေမှာ Roaming ၀န်ဆောင်မှု က တစ်ခါတည်း ပါပြီးသားပါ။ လက်ရှိမှာတော့ ငါးနိုင်ငံကို အ ပြန်အလှန်ခေါ်ဆိုမှုတွေ ပြုလုပ် နိုင်မှာဖြစ်ပြီး နောက်ထပ်နိုင်ငံ တွေကိုလည်း ထပ်ပြီးတိုးချဲ့သွားဖို့လုပ်နေပါတယ်’’ဟု တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် Petter Furberg က ပြော သည်။
 တယ်လီနော အနေဖြင့် ဆင်းမ်ကတ်များကို စက်တင်ဘာ၂၇ ရက်တွင် စတင်ရောင်းချပေးခဲ့ပြီး ပြည်တွင်းဖုန်းခေါ်ဆိုခများကို တစ်မိနစ်လျှင် ၂၅ ကျပ်၊ SMSပေးပို့ခ အနေဖြင့် တစ်စောင်လျှင် ၁၅ ကျပ်နှုန်းဖြင့် ကောက်ယူလျက် ရှိ သော်လည်း ပြည်ပသို့ ဖုန်းခေါ် ဆိုသည့် Roaming ၀န်ဆောင်မှု နှင့် ပတ်သက်သည့်ဖုန်းခေါ်ဆိုခ နှင့် SMS ပို့ခနှုန်းထားများကို အတိအကျထုတ်ပြန်ခြင်းမရှိသေး ဘဲ ၎င်းတို့၏၀က်ဘ်ဆိုက်တွင် တင် ပေးသွားမည်ဟုသာ ပြောကြား ထားသည်။
တယ်လီနောမှ ပြည်ပသို့ အပြန်အလှန်ခေါ်ဆိုနိုင်မည့် နိုင်ငံ များမှာ မလေးရှား၊ ထိုင်း၊ အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံ တို့ဖြစ်ကြောင်းသတင်းရရှိသည်။
လက်ရှိတွင် အစိုးရအော်ပ ရေတာဖြစ်သည့် မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းသည် GSM နှင့် WCDMA ဖုန်းများကို နိုင်ငံ ပေါင်း ၃၁ နိုင်ငံသို့ သယ်ယူအသုံး ပြုနိုင် သည့် Outbound Roaming ၀န် ဆောင်မှုနှင့် နိုင်ငံပေါင်း ၄၆ နိုင်ငံမှ မိုဘိုင်းဖုန်းများကို ပြည် တွင်းသို့ သယ်ယူအသုံးပြုနိုင် သည့် Inbound Roaming ၀န် ဆောင်မှုများပေးလျက်ရှိသည်။
7Day

ပျောက်ဆုံးနေသော ရဟတ်ယာဉ်ကို သုံးရက်ကြာသည့်တိုင် ရှာမတွေ့သေး

ရန်ကုန် - တောင်တက်သမားနှစ် ဦးကို ရှာဖွေကယ်ဆယ်ရေးလုပ် နေစဉ် ပျောက်ဆုံးသွားသော B4 ရဟတ်ယာဉ်သည် သုံးရက်ကျော် ကြာသည့်တိုင် ရှာဖွေမတွေ့သေး ကြောင်း ထူးဖောင်ဒေးရှင်းက သ တင်းထုတ်ပြန်သည်။
စက်တင်ဘာ ၂၉ ရက်တွင် ဒေသခံတစ်ဦးက နောင်မွန်းမြို့ နယ်အကျော်၊ ဂါထုရွာအနီးတွင် လေယာဉ်တစ်စီးထိုးကျသွားသည် ဟု သတင်းပေးပို့ခဲ့သည့်အတွက် သွားရောက်ရှာဖွေသော်လည်း မ တွေ့ရှိခဲ့ကြောင်း ထူးဖောင်ဒေး ရှင်းပြန်ကြားရေးတာဝန်ခံ ကိုဖြိုး ကိုကိုက ပြောသည်။
‘‘အခုထက်ထိတော့ အခြေ အနေက မထူးခြားသေးဘူး။ မနေ့ က ဒေသခံတွေက သတင်းပို့လို့ သွားရှာဖွေခဲ့ပေမယ့် မတွေ့ရှိ သေးပါဘူး။ ရဟတ်ယာဉ်ရော တောင်တက်သမား နှစ်ဦးကိုပါ အင်အားသုံးပြီးတော့ ဆက်ရှာနေ ပါတယ်’’ဟု ကိုဖြိုးကိုကိုက ပြော သည်။
ခါကာဘိုရာဇီရေခဲတောင် တွင် ပျောက်ဆုံးနေသည့် တောင် တက်သမားနှစ်ဦးကို ရှာဖွေကယ် ဆယ်ရေးပြုလုပ်နေသည့် ထိုင်း နိုင်ငံ Advance Aviation မှ B4 ရဟတ်ယာဉ်သည် တဟွန်ဒမ်းရွာ သို့ ရိက္ခာပို့ရန် စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် ပူတာအိုမှထွက်ခွာခဲ့ပြီး မိနစ် ၂၀ အကြာတွင် အဆက်အသွယ်ပြတ် တောက်သွားခဲ့ရာ စက်တင်ဘာ ၃၀ ရက်အထိ ပျောက်ဆုံးနေဆဲ ဖြစ်သည်။
ကယ်ဆယ်ရေးရဟတ်ယာဉ် တစ်စီးမှာ အီတလီရဟတ်ယာဉ် မှူးတစ်ဦး၊ အီတလီကယ်ဆယ် ရေးအဖွဲ့ဝင် နှစ်ဦးလိုက်ပါပြီး နောင်မွန်းဧရိယာနှင့် ကယ်ဆယ် ရေးအစီအစဉ်ရေးဆွဲထားသည့် လမ်းကြောင်းအတိုင်း ရှာဖွေကယ် ဆယ်ရေးများဆောင်ရွက်လျက်ရှိ ကြောင်း စက်တင်ဘာ ၃၀ ရက်တွင်ထူးဖောင်ဒေးရှင်းက သတင်းထုတ်ပြန်သည်။
B4 ရဟတ်ယာဉ်ပေါ်တွင် ထိုင်းနိုင်ငံမှ ရဟတ်ယာဉ်မှူး Mr. Chat Chawal ၊ မြန်မာလူမျိုးရ ဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုး နှင့် ထူးဖောင်ဒေးရှင်းနာယက ဦး တေဇ၏ ကိုယ်ရေးလက်ထောက် ဖြစ်ပြီး ကျွမ်းကျင်တောင်တက် သမား ဦးနမားဂျွန်ဆင်၏ တူဖြစ် သူ ဦးရွှေရင်တော်ကြီးတို့ ပါဝင် လိုက်ပါသွားခဲ့သည်။
ထို့အတူ ခါကာဘိုရာဇီ တောင်တက်ခဲ့သော တောင်တက် သမားနှစ်ဦးပျောက်ဆုံးနေသည် မှာ ရက် ၃၀ ကြာမြင့်လာပြီဖြစ် သော်လည်း လက်ရှိအချိန်ထိမ တွေ့ရှိသေးဘဲ အမြင့်ပေ ၁၆၂၀၀ တွင် ပျောက်ဆုံးတောင်တက်သ မားတို့ ချန်ရစ်ခဲ့သည့် အိတ်အနီ တစ်လုံးနှင့် အမြင့်ပေ ၁၇၃၀၀ ၌ ကျောပိုးအိတ်အပြာတစ်လုံး တို့ကို တွေ့ရှိခဲ့သည်။ ထိုအိတ်နှစ် လုံးကို ထူးဖောင်ဒေးရှင်းက ပူတာ အိုမြို့တွင် ဒေသအာဏာပိုင်များ ရှေ့၌ ဖွင့်လှစ်ကြည့်ရှုစစ်ဆေး ပြီး ဒေသအာဏာပိုင်များ လက် ၀ယ်သို့ အပ်နှံခဲ့သည်ဟု ဆိုသည်။
တက္ကသိုလ် ခြေလျင်နှင့် တောင်တက်အသင်း (သဘောဝ ခေါ်သံဖောင်ဒေးရှင်း)မှ တောင် တက်အဖွဲ့ဝင်နှစ်ဦးဖြစ်သည့် ကို အောင်မြင့်မြတ်နှင့် ကိုဝေယံမင်း သူတို့သည် သြဂုတ်လ ၃၁ ရက် ညနေ ၅ နာရီက ခါကာဘိုရာဇီ တောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပြီးနောက် အ ဆက်အသွယ်ပြတ်တောက်သွား ခဲ့ခြင်းဖြစ်သည်။
တောင်တက်သမားနှစ်ဦးကို နမားဂျွန်ဆင်ဦးဆောင်သော မြေ ပြင်ရှာဖွေရေးအဖွဲ့၊ ထူးဖောင်ဒေး ရှင်းမှ ဧ၀ရတ်တောင်တက်ရောက် ရန် လေ့ကျင့်ထားသည့် တောင် တက်သမားများအပြင် တရုတ် နိုင်ငံ၊ ထိုင်း၊ နီပေါ၊ အမေရိကန် နှင့် အီတလီနိုင်ငံတို့မှလည်း ရှာဖွေရေးလုပ်ဆောင်နေပြီး တပ်မ တော်သားများ၊ နယ်မြေခံရဲတပ် ရင်းမှ တပ်ဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူများကလည်း ရှာဖွေရေး လုပ်ဆောင်လျက်ရှိကြောင်း ထူး ဖောင်ဒေးရှင်းက သတင်းထုတ်ပြန်သည်။
ပျောက်ဆုံးတောင်တက်သ မားနှစ်ဦးကို ရှာဖွေရန် ခါကာဘို ရာဇီရေခဲတောင်တက်ရောက် မည့် ဂျပန်နိုင်ငံတောင်တက်အဖွဲ့ ကို ပျောက်ဆုံးတောင်တက်သ မားများ တက်ရောက်သည့် လမ်း အတိုင်း တက်ရောက်၍ ရှာဖွေရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် နှင့် ထပ်မံတက်ရောက်မည့် အမေ ရိကန်တောင်တက်အဖွဲ့များကို လည်း ရှာဖွေရေးလုပ်ငန်းတွင် ပူး ပေါင်းလုပ်ဆောင်နိုင်ရန် စီစဉ် လျက်ရှိသည်ဟု ဆိုသည်။
7day

ပီအာရ်တင်သွင်းသူ ဒေါ်ခင်ဝိုင်းကြည်ကိုဆန္ဒပြမည်..



အမျိုးသားလွှတ်တော် တွင် အချိုးကျကိုယ်စားပြု ရွေး ကောက်ပွဲစနစ် (ပီအာရ်)တင်သွင်းခဲ့သူ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)မှ အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်ကို
ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေး ကွန်ရက်မှ ဦးဆောင်ကာ ဆန္ဒထုတ်ဖော်သွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

အောက်တိုဘာလအတွင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်ကို ဆန္ဒထုတ်ဖော်ရန် စီစဉ်ထားပြီး ၎င်းမဲဆန္ဒနယ်အတွင်းတွင်လည်း ပီအာရ်စနစ်ကို မကြိုက်နှစ်သက် သော မဲဆန္ဒရှင်ပြည်သူများရှိနေ ကြောင်း ပြည်သူ့လှုပ်ရှားမှုမြှင့် တင်ရေးကွန်ရက်မှ သိရသည်။

‘‘ပီအာရ်ကို လွှတ်တော်ကို တင်တာ ပြည်သူတွေရဲ့ သဘော တူညီချက်ကို တောင်းတာမပါ ဘူး။ ပီအာရ်ကို မကြိုက်တဲ့ ပြည် သူတွေအများကြီးရှိနေတယ်’’ဟု ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေး ကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူ ကိုမြတ်ကျော်က ဆိုသည်။

စက်တင်ဘာလ ၂၈ ရက်တွင်လည်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်ကို ပြည်သူ့လွှတ်တော်သို့ ပီအာရ်စနစ် အဆိုတင်သွင်းသည့်အတွက် ပုဇွန်တောင်မြို့နယ် မဲဆန္ဒရှင်များက ဆန္ဒထုတ်ဖော်ရာတွင် ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ရက်က ပါဝင်ခဲ့သည်။

‘‘အန်တီ့ကို ဆန္ဒပြမယ်ဆိုရင်လည်း ပြလို့ရပါတယ်။ အဲဒါသူတို့ရဲ့ အခွင့်အရေးပဲလေ။ ဒါပေမဲ့လုပ်ရပ်တစ်ခုက တိုင်းပြည်နဲ့ လူမျိုးအတွက် အကျိုးဖြစ်ဖို့တော့ လိုပါတယ်’’ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြောသည်။

အမျိုးသားဒီမိုကရေစီအင် အားစုပါတီ (NDF) မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်သည် ပြီးခဲ့သည့် ဇွန်လအတွင်း ကျင်းပခဲ့သည့် အမျိုးသားလွှတ်တော်အစည်းအ ဝေးသို့ လာမည့်ရွေး ကောက်ပွဲများတွင် ပီအာရ်စနစ် ပြောင်းလဲကျင့်သုံးရန် တိုက်တွန်းကြောင်းအဆိုကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့လှုပ်ရှားမှုမြှင့်တင် ရေးကွန်ရက်ကို ယခုနှစ်မေလအ တွင်း စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပီအာရ်စနစ်ကန့် ကွက်သည့် ဆန္ဒထုတ်ဖော်မှုများ တွင် ပါဝင်ခဲ့သည်။

7Day Daily

နှင်းဆီကုန်းဘိုးဘွားများကို ဆန္ဒပြပွဲတွင် အသုံးချခဲ့





လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်ကို ဆန္ဒပြရန် အတွက် နှင်းဆီကုန်းဘိုးဘွား ရိပ်သာမှ ဘိုးဘွားများ
ကို ဆန္ဒပြပွဲတွင် အသုံးချခဲ့သည်ဟု သတင်းများထွက်ပေါ်လျှက်ရှိသည်။ 

ဖြစ်စဉ်မှာ နှင်းဆီကုန်း ဘိုးဘွားရိပ်သာသို့ ပင်နီတိုက်ပုံဝတ် လူငယ် ၇ ယောက်ခန့်ဝင်လာပြီး ဘွားဘွားတို့ကိုဒါန ကုသိုလ်ပြုရန်အတွက်ဟုဆိုတာ ကားဖြင့်လာရောက်ခေါ်ဆောင်ခဲ့သည်ဟု သိရသည်။
ထို့နောက် အသင်စောင့်နေသော ကလေးမများ ၊ ဆိုင်းပုတ်များ ၊ ဗီနိုင်း ပိုစတာများဖြင့် မိမိတို့အား ကူညီပေးရန်
ပြောဆိုခဲ့ကြကြောင်းသိရသည်။ထိုအကြောင်းအား နှင်းဆီကုန်း ဘိုးဘွားရိပ်သာသို့ ဆက်သွယ်မေးမြန်းရာ 

“အဖွားတို့က ဒါနကုသိုလ်ပြုချင်လို့ပါဆိုပြီး လာခေါ်တော့ လိုက်သွားတာ ။ဟိုရောက်တော့မှ ဆိုင်းပုတ်တွေ ၊ဗီနိုင်းပိုစတာတွေနဲ့(သူ့အဆိုစာရေးထားတဲ့စာရွက်) ကလေးမလေးတွေကရော ၊ လာခေါ်တဲ့ လူငယ်လေးတွေကရော သူတို့က အဖွားတို့ကို ကူညီပါဆိုပြီး ပြောကြတယ်။ အဖွားတို့လည်း ဘာမှ မသိပေမယ့်
ဒါလေးကိုင်ပြီး လမ်းလျှောက်ရုံပဲဆိုတော့ ကျန်းမာရေးတောင် ကောင်းသေးဆိုပြီး လျှောက်ခဲ့ကြတာ၊ သူတို့ရေးထားတဲ့ ဦးအောင်ဇင်ဆိုတာ မြင်တောင်မမြင်ဖူးပါဘူး” ဟု အဖွား ဒေါ်နှင်းမေ က ဆိုသည်။ 

        ထို့အပြင်ဆက်၍ “နေကတော့ အတော်ပူတယ် ၊ လမ်းလျှောက်ပြီးတော့ အဖွားတို့ကို ဒံပေါက်
တစ်ယောက်တစ်ပွဲ ဒါန ကုသိုလ်ပြုပြီးတော့ တစ်ယောက်ကို အလှူငွေ ၄၅၀၀ ကျပ် ကိုလည်းလှူလိုက်တယ်”ဟု ၎င်းက ဆိုသည်။ဦးအောင်ဇင်ကိုရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ်(PR) ကျင့်သုံးရန် ပြည်သူ့လွှတ်တော်သို့ အဆိုတင်သွင်းခဲ့သည့်အတွက် PR မလိုလားသည့် ပါတီမှ ဦးဆောင် ဆန္ဒပြခြင်းဖြစ်ပြီး ဒေါ်ခင်ဝိုင်းကြည်အားလည်း ဆက်လက်ဆန္ဒပြရန် လူများလိုက်လံ ငှားရန်းနေသည်ဟု ကြားသိရသည်။ 


ဖိုးထောင်(ပုဇွန်တောင်)
Credit- ဧရာဝတီ

ဒိုင်ကိုထိုးကြိတ်သော နည်းပြနှင့် ကစားသမားများကို ရာသက်ပန် ပွဲပယ်


မန္တလေးတိုင်းအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဖလား အသက် ၂၀ အောက် ဘောလုံးပြိုင်ပွဲ အကြို ဗိုလ်လုပွဲတွင် ကွင်းလည်ဒိုင်လူကြီးအား ၀ိုင်းဝန်းထိုးကြိတ်ခဲ့သော စစ်ကိုင်းတိုင်းဘောလုံးအသင်းမှ နည်းပြနှစ်ဦးနှင့် ကစားသမားရှစ်ဦးကို ရာသက်ပန်ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၂၉ ရက်က မန္တလေးတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အသက် ၂၀ အောက် ဘောလုံးပြိုင်ပွဲအကြိုဗိုလ်လုပွဲ တွင် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကွင်းလယ်ဒိုင်လူကြီးကို စစ်ကိုင်းတိုင်းဘောလုံးအသင်းသားများက ၀ိုင်းဝန်းထိုးကြိတ်ကြသဖြင့် ပွဲကိုရပ်နား၍ ဒိုင်လူကြီးအား ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရသည်။
ထိုသို့ထိုးကြိမ်မှုများပြုလုပ်ခြင်းကြောင့် စစ်ကိုင်းတိုင်း ဘောလုံးအသင်းအား အရေးယူဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ဘောလုံးပွဲကျင်းပရာ မန္တလေးမြို့၊ မန္တလာသီရိ အားကစားကွင်းသို့ ရောက်ရှိလာပြီး အစည်းအဝေးပြုလုပ်၍ စစ်ကိုင်းတိုင်း ဘောလုံးအသင်းအား အထက်ပါအတိုင်း ပြစ်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။
ကွင်းလယ်ဒိုင်လူကြီးအား ထိုးကြိတ်ခဲ့သော စစ်ကိုင်းတိုင်း ဘောလုံးအသင်းမှ နည်းပြချုပ် ဦးထွေးမောင်မောင်နှင့် အရံနည်းပြတစ်ဦး၊ ကွင်းအတွင်း ကစားသမားငါးဦးနှင့် အရံကစားသမား သုံးဦး စသည်တို့ကို ရာသက်ပန် ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။
‘‘ဒိုင်လူကြီးကို ထိုးတဲ့ စစ်ကိုင်းဘောလုံးအသင်းက နည်းပြ နှစ်ဦးနဲ့ ကစားသမားရှစ်ဦးကို ရာသက်ပန်ပွဲပယ်ပြစ်ဒဏ်ချမှတ် လိုက်တာပါ’’ဟု ပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ မန္တလေးတိုင်း ကျန်းမာရေးဝန်ကြီး ဒေါက်တာဝင်းလှိုင်က ပြောသည်။
မန္တလေးမြို့၊ မန္တလာသီရိ အားကစားကွင်းတွင် မန္တလေး တိုင်းဝန်းကြီးချုပ်ဖလားဘောလုံး ပြိုင်ပွဲယှဉ်ပြိုင်ကစားကြရာ မိနစ် ၆၀ ကျော်၌ တစ်ဖက်တစ်ဂိုးစီ သရေကျနေချိန်တွင် မကွေးတိုင်း အသင်းက ပင်နယ်တီရသွားခဲ့သည်။ ပင်နယ်တီပေးရသည်ကို မကျေနပ်၍ စစ်ကိုင်းတိုင်းဘောလုံးနည်းပြက ၎င်း၏ ကစားသမားများအား ကွင်းပြင်သို့ ထွက်ခိုင်း၍ ၁၅ မိနစ်ခန့် ပွဲရပ်နားထားရသည်။
ပြိုင်ပွဲတာဝန်ရှိသူများက ပွဲ ဆက်လက်ကစားခိုင်းရာ မိနစ် ၈၀ ၀န်းကျင်အချိန်တွင် စစ်ကိုင်းတိုင်းအသင်းဘက်သို့ မကွေးတိုင်းအသင်း ပြစ်ဒဏ်ဘောရရှိရာမှ စစ်ကိုင်းတိုင်းနည်းပြက ကွင်းလယ်ဒိုင်လူကြီးအား စတင်ထိုးကြိတ်၍ အသင်း၏ အရန်ကစားသမားများအားလုံးကပါ ၀ိုင်းဝန်း ထိုးကြိတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
7Day

မြန်မာနိုင်ငံတွင်းဝင်ရောက်နေသည့် တရားမဝင် ဆေးငါးမျိုးအား မသုံးစွဲရန် ကြေညာချက်ထုတ်ပြန်

ရန်ကုန်၊ စက်တင်ဘာ ၂၈။
မြန် မာနိုင်ငံတွင်းသို့ တရားမဝင်လမ်း ကြောင်းမှတစ်ဆင့် ဝင်ရောက်ကာ ဈေးကွက်တွင်းတွေ့ရှိနေရသည့် တ ရားမဝင် ဆေးငါးမျိုးအား သုံးစွဲခြင်း မပြုရန် အစားအစာနှင့် ဆေးဝါး ကွပ်ကဲရေးဌာနမှ ကြေညာချက်ထုတ် ပြန်ထားကြောင်း သိရသည်။
ဈေးကွက်တွင်း ရောက်ရှိနေ သည့် သုံးစွဲခြင်းမပြုရန် ထုတ်ပြန် ထားသည့် ဆေး ငါးမျိုးမှာ
ထိုင်းနိုင် ငံ Acdhol, Co.,Ltd မှ ထုတ် လုပ်သော Chloroquine Tablet (Chloroquine Phosphate 250mg) ငှက်ဖျားဆေး၊
ထိုင်းနိုင်ငံ Asia Union laboratories Co.,Ltd မှ ထုတ်လုပ်သည့် Dexamethasone 0.5 mg Tablet အရောင်ကျဆေး၊
Lin Fen Bao Zhu Pharmaceutical Co., Ltd (ထုတ်လုပ်သည့် နိုင်ငံ ဖော်ပြထားခြင်းမရှိ) မှ ထုတ်လုပ် သည့် Nifedipine 10 mg Tablet (သွေးတိုးကျဆေး)၊
အိန္ဒိယနိုင်ငံ၊ Maxtar Bio Genic မှ ထုတ်လုပ် သည့် Chloramphenicol Ip 250 mg Capsule နှင့်
အိန္ဒိယနိုင်ငံ Aventis Pharma,Ltd မှ ထုတ် လုပ်သည့် Lasix Tablet(Frusemide Ip 40 mg) ဆီးဆေးတို့ဖြစ်သည်။
အဆိုပါဆေးများကို အစားအ စာနှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ ဈေးကွက်အတွင်း ဆေးဝါးများအား လိုက်လံစိစစ်ရာမှ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်း မရှိသည့် တရား မဝင်ဆေးဝါးများဖြစ်ကြောင်း စိစစ် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
''စိစစ်တွေ့ရှိချက်တွေအရ တ ရားမဝင်ဆေးတွေဖြစ်လို့ ပြည်သူ တွေနဲ့အနေနဲ့ သုံးစွဲခြင်းမပြုကြဖို့ နဲ့ မှတ်ပုံတင်ထားတဲ့ ဆေးဝါးတွေ ကိုလဲ ဆရာဝန်ညွှန်ကြားချက်မပါ ဘဲ ဝယ်ယူသုံးစွဲခြင်းမပြုကြဖို့ ကျန်း မာရေးဝန်ကြီးဌာနက လိုအပ်လို့ ကြေညာခြင်းဖြစ်ပါတယ်။ ပြည်သူ့ ကျန်းမာရေးအတွက် စောင့်ရှောက် မှုလုပ်ဆောင်ပေးသူတွေအနေနဲ့လဲ သုံးစွဲနေတဲ့ ဆေးဝါးမှ သံသယဖြစ် ဖွယ်တွေ့ရှိရင် သတင်းပေးအကြောင်း ကြားဖို့ကိုပါ ကြေညာထားတာပါ။ မလိုအပ်တဲ့ ဆေးဝါးသုံးစွဲမှုတွေနဲ့ ပြည်သူတွေထိခိုက်နစ်နာမှုမရှိ အောင် ကြေညာခြင်းဖြစ်ပါတယ်'' ဟု ဆရာဝန်တစ်ဦးကပြောသည်။
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

တစ်ဖက်နိုင်ငံ RSO အဖွဲ့တွင် သင်တန်းတက်ရောက်ပြီး ပြန်လာသူဘင်္ဂါလီတစ်ဦးအား ဖမ်းဆီးရမိ၊ ကွင်းဆက်များအား သက်ဆိုင်ရာကဆက်လက်ဖော်ထုတ်နေ



မောင်တော၊ စက်တင်ဘာ ၂၉။
တစ်ဖက်နိုင်ငံ RSO အဖွဲ့တွင်သင် တန်းတက်ရောက်ပြီး ပြန်လာသူ ဘင်္ဂါလီတစ်ဦးကို မောင်တောနယ် စပ် ကျီးကန်းပြင် နယ်ခြားစောင့်ရဲ စစ်ဆေးရေးဂိတ်မှ စက်တင်ဘာ ၂၅ရက်က ဖမ်းဆီးရမိခဲ့ပြီး ကွင်း ဆက်များအား ဆက်လက်ဖော်ထုတ် နေကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ မှ သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂၄ ရက် နံနက် ၁ဝနာရီက မောင်တော မြို့နယ်မြောက်ပိုင်း ခမောင်းဆိပ်မှ မောင်တောမြို့ပေါ်သို့ ပြေးဆွဲနေ သည့် ခရီးသည်တင်ယာဉ်တစ်စီးမှ မသင်္ကာသူများကို အမှတ်(၁)နယ် ခြားစောင့်ရဲ ကျီးကန်းပြင်စစ်ဆေး ရေးစခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ က စစ်ဆေးခဲ့ရာ ယာဆိမ်းအဲဖာရာ (ဘ)ဆွေယော့ဟူဆောင်း အသက် ၂၆နှစ် သစ်တုံးနားကျေးရွာအုပ်စု ဒေါင့်ကျေးရွာတွင်နေထိုင်သူကို ဖမ်း ဆီးရမိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဘင်္ဂါလီမှာ နယ်စပ် လုံခြုံရေးအား နစကမှ တာဝန်ယူစဉ် အချိန်က လက်ယာချောင်းတံတား ကင်းစခန်းတွင် နစကအဖွဲ့နှင့်အတူ နေထိုင်ခဲ့သူဖြစ်ပြီး နစကအားဖျက် သိမ်းပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ခွာသွားကာ RSO အဖွဲ့သို့ဝင်ရောက်၍ သုံးလကြာ သင်တန်းတက်ရောက်ကာ သတင်း တပ်သားအဖြစ် မြန်မာနိုင်ငံသို့ ပြန် လည်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ၄င်းအား စစ်ဆေးချက်အရ သိရ သည်။
ဖမ်းဆီးရမိသည့် ဘင်္ဂါလီမှာ ၂ဝ၁၃ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင် နတ်ချောင်ချရီမြို့ နယ် RSO ကူလာဘီကင်းစခန်း၌ နှစ်လကြာ ကိုယ်ခံပညာသင်ကြားခဲ့ ခြင်း၊ ဂုဒူနိရာအပိုင် RSO ဘော်ဝါ ဌာနချုပ်တွင် လက်နက်ငယ်ပစ်ခတ် ခြင်းသင်တန်းကို တစ်လအကြာ တက်ရောက်ခဲ့သူဖြစ်ကြောင်းနှင့် လ စာအဖြစ် တစ်လလျှင် တာကာငွေ ၂ဝဝဝ ရရှိကြောင်း၊ ၂ဝ၁၃ခုနှစ် နိုဝင် ဘာလတွင် မြန်မာနိုင်ငံအတွင်းသို့ သတင်းစုဆောင်းရေး တာဝန်ဖြင့် ဝင် ရောက်လာပြီး မြန်မာနိုင်ငံမှ သတင်း များအား RSO အဖွဲ့သို့ ပေးပို့နေသူ ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာ ဆိမ်းအဲဖာရာအား မတရားအသင်း အဖွဲ့များနှင့် ဆက်သွယ်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ-၁၇(၁)(၂)အရ အရေး ယူထားပြီး ကွင်းဆက်များကို ဆက် လက်ဖော်ထုတ်နေကြောင်း သိရ သည်။
NT
YMG

Monday, September 29, 2014

ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာမှာ IS အတွက်လူစုသူဖမ်းမိ

ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးက IS အဖွဲ့နဲ့ ဆက်စပ်သူ တစ်ယောက်ကို ဖမ်းဆီး
ဘင်္ဂ္လားဒေ့ရှ်နိုင်ငံမှာ IS Islamic State အစ္စလာမ်မစ် နိုင်ငံ အဖွဲ့အတွက် အဖွဲ့ဝင် စုဆောင်းဖို့ ကြိုးပမ်းတယ်လို့ သံသယရှိသူ ဘင်္ဂါလီ လူမျိုး ဗြိတိန် နိုင်ငံသားကို ဖမ်းဆီး ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

ဆာမီယွန် ရာမန် Samiun Rahman ဆိုတဲ့ အဲဒီလူဟာ ဆီးရီးယားမှာ အချိန်အတော်ကြာ နေခဲ့ပြီး IS စစ်သွေးကြွ အဖွဲ့နဲ့ ဆီးရီးယားက အယ်ကိုင်းဒါး အဖွဲ့ခွဲ the Al-Nusra Front မှာ ပါဝင်မယ့် လူတွေ ကို စုဆောင်းဖို့ ကြိုးပမ်း နေတယ်လို့ထိပ်တန်း ရဲအရာရှိ တစ်ယောက်ဖြစ်တဲ့ ဘင်္ဂ္လားဒေ့ရှ် ထောက်လှမ်းရေး အဖွဲ့က အရာရှိကြီး မာဆာဒူ ရာမန် Masadur Rahman က ဘီဘီစီကို ပြောပါတယ်။

အခု ဖမ်းဆီးမိသူ ဆာမီယွန် ရာမန်ဟာ မြန်မာ နိုင်ငံ အတွင်းမှာလည်း အလားတူ လူစုဆောင်းဖို့ အစီအစဉ်တွေ လုပ်နေတယ်၊ အသေးစိတ် သိရဖို့ ဆက်လက် စုံစမ်း ဖော်ထုတ်နိုင်အောင် လုပ် နေတယ်လို့ သူက ပြောပါတယ်။

မြန်မာ နိုင်ငံမှာတော့ အာအက်စ်အို လို့ခေါ်တဲ့ ရိုဟင်ဂျာ အစည်း အရုံးအဖွဲ့ဝင်သုံးယောက်ကို ရခိုင်ပြည်နယ် မောင်းတောမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖမ်းဆီး ရမိခဲ့ တယ်လို့ မြန်မာနိုင်ငံ လုံခြုံရေး ဆိုင်ရာ တာဝန် ရှိသူတွေက ဘီဘီစီကို အတည်ပြု ပါတယ်။

လက်ရှိ အခြေအနေ အရ အီရတ်နဲ့ ဆီးရီးယားမှာ ဖြစ်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ကိုင်တွယ် မဖြေရှင်းနိုင်ဘူး ဆိုရင် တစ်ကမ္ဘာလုံးရဲ့ လုံခြုံရေးကို ထိခိုက် နိုင်တယ်လို့ အာဆီယံက ကုလသမဂ္ဂ အစည်း အဝေး တက်ရင်း ပထမဆုံး အကြိမ် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အရှေ့ အလယ်ပိုင်းက ပြဿနာက အရှေ့တောင်အာရှနဲ့ ဒေသတွင်း နိုင်ငံတွေ အထိ ရိုက်ခတ်မှုနဲ့ ပတ်သက်လို့ ဒေသတွင်း နိုင်ငံတွေက အခြေအနေကို စောင့်ကြည့်နေကြပြီး နိုင်ငံတကာနဲ့လည်း အချက်အလက်တွေ ဖလှယ်ဆောင်ရွက် နေတယ်လို့ ဘန်ကောက်အခြေစိုက် ကျူလာ လောင်ကောင်း တက္ကသိုလ် နိုင်ငံရေးနဲ့လုံခြုံရေးဆိုင်ရာ ပါမောက္ခ ပဏိထန်း ဝပ်ထနားယားကောန် က ပြော ပါတယ်။

အိုင်အက်စ် အဖွဲ့ဟာ အစ္စလာမ် ဘာသာဝင် ဆွန်နီ လူမျိုးစု တွေကို အခြေခံတာကြောင့် အရှေ့တောင် အာရှနဲ့ ဒေသတွင်း နိုင်ငံတွေမှာ ထိုးဖေါက်ဝင်ရောက်ဖို့ အားကောင်းတဲ့ သဘောရှိနေတယ်လို့ သူက ပြောပါတယ်။
မြန်မာ နိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေ အတွက် ကျွမ်းကျင်တဲ့ နိုင်ငံကြီးတွေက ကူညီဆောင်ရွက် ပေးဖို့ လိုပြီး လက်ရှိမှာတော့ နိုင်ငံတွေ အချင်းချင်း လုံခြုံရေးဆိုင်ရာ အချက်အလက်တွေ ပိုမို ဖလှယ်ကြလို့ ဖမ်းဆီးရမိ မှုတွေ တွေ့လာရတယ်လို့ ပါမောက္ခ ပဏိထန်း ဝပ်ထနားယားကောန် က ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

စက်တင်ဘာ ၂၇ ရက်၌ ရောင်းချသည့် Telenor ဆင်းမ်ကတ်များ နိုင်ငံ ၅ နိုင်ငံသို့ အပြန်အလှန် ခေါ်ဆိုနိုင်မည်

 
မန္တလေးမြို့၌ စက်တင်ဘာလ ၂၇ ရက်တွင် စတင်ရောင်းချသည့် Telenor ဆင်းမ်ကတ်များသည် နိုင်ငံ ၅ နိုင်ငံသို့ အပြန်အလှန်ခေါ်ဆိုမှု ပြုလုပ်နိုင်မည်ဟု Telenor Myanmar ၏ CEO ဖြစ်သူ Mr. Petter Furberg ကပြောသည်။
Roaming အနေဖြင့် ပြည်ပဖုန်းခေါ်ဆိုမှု ပြုလုပ်နိုင်သည့် နိုင်ငံ ၅ နိုင်ငံနှင့် ပြည်ပခေါ်ဆိုမှုအတွက် ကျသင့်ငွေကို စတင်ရောင်းချသည့် နေ့၌ကြေညာပေးမည်ဟု Petter ကပြောဆိုခဲ့ပြီး ဆင်းမ်ကတ်များကိုမူ ၁၅၀၀ ကျပ်ဖြင့်သာ ရောင်းချမည်ဟု သိရသည်။
ဆင်းမ်ကတ်များကို မန္တလေးမြို့၌ ရောင်းချပြီး တစ်ပတ်ကြာ မြင့်သည့်အခါ နေပြည်တော်တွင် ရောင်းချမည်ဟု သိရသည်။ ရန်ကုန်မြို့ ၌ အောက်တိုဘာ လဆန်းပိုင်းတွင် စတင်ရောင်းချမည်ဖြစ်ပြီး ဒီဇင်ဘာလအတွင်း ဧရာဝတီ၊ ပဲခူးအရှေ့ပိုင်း၊ ပဲခူးအနောက်ပိုင်း၊ ကရင်၊ မကွေး၊ မွန်၊ စစ်ကိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများရှိ မြို့နယ်တချို့၌ ရောင်းချပေးနိုင်မည်ဟု သိရသည်။
Telenor ၏အဓိက ပြိုင်ဘက်ဖြစ်သည့် Ooredoo သည် မိုဘိုင်းဖုန်းပြောဆိုခကို  အခြားသော အော်ပရေတာများ၏ မိုဘိုင်းနံပါတ်များကို ခေါ်ဆိုပါက တစ်မိနစ်လျှင် ၃၅ ကျပ် ကောက်ခံသော်လည်း Telenor သည် မည်သည့်အော်ပရေတာကို ခေါ်ဆိုသည်ဖြစ်စေ တစ်မိနစ်လျှင် ၂၅ ကျပ်သာ ကောက်ခံမည်ဟုသတင်း ထုတ်ပြန်ခဲ့သည်။
ငွေဖြည့်ကတ်များကို ၁ ထောင်တန်၊ ၃ ထောင်တန်၊ ၅ ထောင် တန်၊ ၁ သောင်းကျပ်ဟူ၍ Telenor က ထုတ်လုပ်ထားပြီး အီလက်ထရွန်နစ်စနစ်ဖြင့် ငွေဖြည့်သွင်းနိုင်ရန်လည်း စီစဉ်ထားသည်ဟုသိရသည်။ ထို့အပြင် မိုဘိုင်းဖုန်းစာတို ပို့စနစ်အတွက် အခြားသော အော်ပရေတာများက စာတစ်စောင်လျှင် ၂၅ ကျပ်နှုန်း ကောက်ခံသော်လည်း Telenor သည် စာတစ်စောင်အတွက် ကျသင့်ငွေကို  ၁၅ ကျပ်နှုန်း သတ်မှတ်ထားသည်ဟု သိရသည်။
Telenor ၏ မိုဘိုင်းဆင်းမ် ကတ်များကို မန္တလေးမြို့၌စတင် ရောင်းချရသည်မှာ ကွန်ရက်တည်ဆောက်ရာတွင် လျင်မြန်စွာပြီးစီးသည့် အတွက်ဖြစ်ပြီး  လက်ရှိအချိန်၌ မန္တလေးမြို့တွင် တာဝါတိုင်ပေါင်း ၇၀ ခန့်ကို တည်ဆောက်ပြီးစီး ခဲ့သည်ဟု Petter ကပြောသည်။
ထို့အပြင် ဆင်းမ်ကတ်ရောင်းချရာ၌ ID ကတ်တစ်ခုလျှင် ဆင်းမ်ကတ် ၃ ကတ်ရောင်းချရန် ညွှန်ကြားထားသည်ဟုလည်း ၎င်းကပြောသည်။ Telenor မှပြည်ပသို့ အပြန်အလှန် ခေါ်ဆိုနိုင်မည့် ၅ နိုင်ငံမှာ မလေးရှား၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန် နိုင်ငံတို့ဖြစ်သည်။
-မြင့်ကျော်လှိုင်

အစိုးရတပ်နှင့် ဒီကေဘီအေ သုံးရက်ဆက်တိုက်ပွဲဖြစ်


အစိုးရတပ်နှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) တို့ကြား သုံးရက်ဆက်တိုက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
စက်တင်ဘာ  ၂၆ ရက်က ကျိုက်မရောမြို့နယ် ကလိုင်ကနိုင် ကျေးရွာတွင်   အစိုးရတပ်နှင့်DKBA တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စက်တင်ဘာ၂၇ရက်တွင် မြ၀တီမြို့ အမှတ်(၄)ရပ်ကွက် အာရှလမ်းမကြီးဘေး၌ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်။ ထို့နောက် စက်တင်ဘာ၂၈ရက်တွင် ကျိုက်မရောမြို့နယ် ငါးပြေမကျေးရွာအနီး၌ အစိုးရတပ်နှင့် DKBA တို့ ဆက်လက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲအတွင်း ဒီကေဘီအေဘက်မှ နှစ်ဦးကျသည်ဟု မြ၀တီရှေ့တန်းရုံးမှ တပ်မတော်အရာရှိတစ်ဦးကပြောသည်။  ထို့အပြင် မြ၀တီမြို့ ရှေ့တန်းရုံးသို့ ဒီကေဘီအေဘက်မှ တပ်ဖွဲ့ဝင်ခြောက်ဦး   လာရောက်   လက်နက်ချခဲ့သည်ဟု ၎င်းကဆိုသည်။
ထို့ကြောင့် ဗိုလ်မှူးတိုက်ဂါးမှာ တော ခိုသွားသည်ဟု ယူဆထား ကြောင်း  အထက်ပါဗိုလ်မှူးက ပြောသည်။
တိုက်ပွဲ ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ DKBA သို့ ဆက်သွယ်မေးမြန်းခဲ့ရာ ‘‘မနက် ၉ နာရီကျော် လောက်ကစဖြစ်တာ။ ကျွန်တော်တို့လည်း အလုပ်အရမ်းရှုပ်နေလို့ ပါ’’ဟု ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောကြားခဲ့ပြီး အသေးစိတ်ကို ပြောကြားခဲ့ခြင်း မရှိပေ။
‘‘DKBA က သူ့အဖွဲ့သူမနိုင်ပါဘူး။ အခုဖြစ်စဉ်က အပေါ်က လူတွေသိချင်မှ သိပါမယ်။ အောက်ခြေ အဆင့်တွေကနေ ငြိမ်းချမ်းရေးဗန်းပြ သေနတ်ကိုင် လုပ်စားနေကြတာပါ။ သူတို့မှာ အပေါ်နဲ့ အောက် မညီတဲ့အတွက် ဘယ်လိုမှ ကွပ်ကဲလို့ မရနိုင်ဘူး ဖြစ်နေတာပါ။ တကယ်ခေါင်းဆောင်တွေကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ထိခိုက်အောင် မလုပ်လောက်ပါဘူး’’ဟု တပ်မတော်အရာရှိတစ်ဦးက ဆိုသည်။
ကော့ကရိတ်မြို့ အနီးတစ်ဝိုက်တွင် နှစ်ဖက်တပ်များမှာ အခြေအနေတင်းမာနေကြောင်း ဒေသခံများက ပြောသည်။
‘‘မြို့လယ်ကောင်၊ တောင် ပေါ်ကျောင်း ပရိယတ္တိစာသင် တိုက်မှာ စက်တင်ဘာ ၂၇ ရက်တုံးက ဘာသာပေါင်းစုံ ချစ်ကြည်ရေးပွဲလုပ်နေတုန်း တပ်ရင်း ၅၄၅ က စစ်ကား ခုနစ်စီးရောက် လာပြီးတော့ အားလုံးကို သိမ်းခိုင်းပြီးတော့ တပ်က နေရာယူ ထားလိုက်တယ်။ ကော့ကရိတ်နဲ့ တစ်မိုင်လောက်ဝေးတဲ့ တမိုင် ကုန်းရွာကနေ ဒီကေဘီအေက ပိတ်ထားပြီး ဒီဘက်ကို အ၀င်မခံ ဘူး။ အကူးအသန်းကို တားထား တာပေါ့။ ဟိုဘက်၊ ဒီဘက်လက် နက်ကြီးတွေနဲ့ ချိန်ထားတဲ့ပုံစံပါ။ သူတို့ပစ်မှတ်တွေက ရှိပြီးသားပဲဟာ။ အခုလိုဖြစ်နေတော့ ဆေးကုမယ့်လူတွေလည်း မလာဘူး။ နယ် လှည့်ပြီး ဈေးရောင်းနေသူတွေလည်း မလာဘူး။ ဒီကေဘီအေ ကလည်း မြို့ထဲသွားမယ့်လူတွေကို အ၀င်မခံဘူး’’ဟု ကော့ကရိတ် မြို့အနီး အစိုးရနှင့် ဒီကေဘီအေ အခြေအနေတင်းမာနေမှုနှင့် ပတ်သက်၍ ဒေသခံတစ်ဦးကပြောသည်။
ထို့အပြင်  မြ၀တီမြို့ မြေနီကုန်းရပ်ကွက်တွင် စက်တင်ဘာ ၂၈ ရက် ညနေက  မြ၀တီရှေ့တန်းရုံးတပ်ရင်းမှူး ဦးစီးပြီး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော အင်အား ၆၀ ခန့်သည် အပစ်ရပ်အဖွဲ့အစည်းများနှင့် ပတ်သက်သော နေအိမ်များကို ၀င်ရောက်ရှာဖွေခဲ့သည်။ ထို့နောက် လက်နက်ခဲယမ်းနှင့် ပတ်သက်သော ပစ္စည်း၊ ယူနီဖောင်း ၀တ်စုံများကိုပါ သိမ်းဆည်းသွားကြောင်း အဆိုပါရပ်ကွက်တွင် နေထိုင်သူတစ်ဦးကပြောပြီး တစ်ဖက်ကလည်း အတည်ပြုပေးသည်။
အစိုးရတပ်နှင့် ပူးပေါင်းလုံခြုံရေးဆောင်ရွက်နေသော နယ်ခြားစောင့်တပ် (BGF) မှ အရာရှိ တစ်ဦးကလည်း စက်တင်ဘာ ၂၇ ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သော မြ၀တီမြို့တွင် လုံခြုံရေးတိုးမြှင့်ထားပြီး အခြေအနေငြိမ်သက်နေကြောင်း ပြောသည်။
‘‘ပုံမှန်ထက် လုံခြုံရေးတိုးထားတယ်။ အခြေအနေကတော့ ကြောက်ဖို့ကောင်းလောက်အောင် ငြိမ်သက်နေတယ်’’ဟု BGF မှ ဗိုလ်မှူး သိန်းဇော်မင်းက ပြောသည်။
‘‘မနေ့က မြ၀တီမြို့ မင်းပဒုမ္မာဝင်းထဲမှာရှိတဲ့ ဂိမ်းဆိုင်ကို စစ်တပ်က ၀င်ရောက်ရှင်းလင်းတာ DKBA အဖွဲ့နဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး DKBA အဖွဲ့ ဆုတ်ခွာသွားတဲ့အချိန်မှာ အဲဒီဂိမ်းဆိုင်ထဲကို ၀င်ရှာတော့ စိတ်ကြွဆေးပြားတွေမိတယ်။ နင်းမိုင်းထောင်ထားတာတွေလည်း ရှင်းခဲ့တယ်။ လက်ရှိတော့ အခြေအနေတည်ငြိမ်နေပါတယ်’’ဟု တပ်မ (၂၄) မှ တပ် မတော်အရာရှိတစ်ဦးက မြ၀တီမြို့တွင် စက်တင်ဘာ ၂၇ ရက်တွင်ဖြစ်ပွားခဲ့သော အခြေအနေနှင့်ပတ်သက်၍ ပြောသည်။
အဆိုပါ ဂိမ်းဆိုင်အတွင်းမှ ကာလတန်ဖိုး ကျပ်သိန်း ၄၀ နီးပါးရှိ စိတ်ကြွဆေးပြားများ သိမ်းဆည်းနိုင်ခဲ့သည်ဟု ဆိုသည်။
၂၀၁၁ ခုနှစ် နိုဝင်ဘာက အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးထားသော DKBA နှင့် အစိုးရတို့ကြား ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အခြေအနေပြန်လည်တင်း မာလာခဲ့ခြင်း ဖြစ်သည်။ စက်တင်ဘာ ၁၈ ရက်က မြ၀တီမြို့ပေါ်တွင် စည်းကမ်းမဲ့မောင်းနှင်လာသော DKBA  တပ်ဖွဲ့ဝင်များ မောင်းနှင်လာသည့်ကားကို အစိုးရပူးပေါင်းလုံခြုံရေးတပ်ဖွဲ့မှ ဟန့်တားရာ လက်မခံဘဲ သေနတ်ဆွဲထုတ်သဖြင့် ပစ်ခတ်ရာမှ DKBA အရာရှိတစ်ဦးနှင့် ရဲဘော်တစ်ဦးဒဏ်ရာရခဲ့သည်။ ယင်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် အစိုးရနှင့် DKBA တို့ကြား အခြေအနေ ပြန်လည်တင်းမာလာခဲ့ခြင်း ဖြစ်သည်။
လတ်တလော အခြေအနေများနှင့်ပတ်သက်၍ မြန်မာ့တပ်မတော်မှ စစ်ဆင်ရေးအထူးအဖွဲ့မှူး(ကစထမှူး) ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက DKBA အနေဖြင့် လက်အောက်ခံတပ်များကို ထိန်းသိမ်းရန် သတိပေးစာပေးပို့ထားသည်။
တင်းမာမှုများဖြစ်ပွားခဲ့ခြင်း နှင့် ပတ်သက်၍ စက်တင်ဘာ ၂၂ ရက်မှ စတင်ပြုလုပ်ခဲ့သော တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲအတွင်း ဆွေးနွေးရန် တင်ပြခဲ့သော်လည်း အစိုးရဘက်မှ ထည့်သွင်းဆွေးနွေးခဲ့ခြင်းမရှိကြောင်း ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောသည်။
7Day

ဂျာမနီအခွန်စနစ်နှင့် ဘတ်ဂျက်လုပ်ငန်းစဉ်ဆိုင်ရာ အလုပ်ရုံးဆွေးနွေးပွဲ ပြည်ထောင်စုလွှတ်တော်နာယကနှင့် ကော်မတီဥက္ကဋ္ဌများတက်ရောက်အားပေး




ဂျာမနီနိုင်ငံ University of Wuerzburg မှ Prof.Dr.Hans Fehr ၏ အခွန်စနစ်နှင့်ဘတ်ဂျက်လုပ်ငန်းစဉ်ဆိုင်ရာ အလုပ်ရုံးဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိလွှတ်တော်ရုံး ရုံးအမှတ် (၂၀) ၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတက်ရောက် ချီးမြှင့်သည်။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်ထောင်စုလွှတ်တော် ပူးပေါင်းကော်မတီနှင့် ပြည်သူ့လွှတ်တော် ကော်မတီတို့မှဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ဥပဒေရေးရာ နှင့်ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် များ၊ အမျိုးသားလွှတ်တော်နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာကော်မရှင်အဖွဲ့ဝင်များ၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သောင်းနှင့် Friedrich – Ebert –Stiftungမှ မြန်မာနိုင်ငံဌာနနေကိုယ်စားလှယ် Mr. Konstantin Barwaldt တို့က အမှာစကားပြောကြားကြသည်။ ထို့နောက် ဂျာမနီနိုင်ငံ WUERZBURG တက္ကသိုလ်မှ ပြည်သူ့ဘဏ္ဍာ စီမံရေးတာဝန်ခံ Prof. Dr. Hans Fehr က ဂျာမနီနိုင်ငံ၏ အခွန်ကောက်ခံမှုစနစ်နှင့် ဘဏ္ဍာရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ပြည်ထောင်စုလွှတ်တော်နာယကနှင့်တက်ရောက်လာကြသည့် ဧည့်သည်တော်များစုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကိုခေတ္တရပ်နားပြီး ဆက်လက်ကျင်းပရာ တက်ရောက်လာကြသူများက ဂျာမနီနိုင်ငံ၏အခွန်ကောက်ခံမှုစနစ်နှင့်ဘဏ္ဍာရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးကြရာ Prof. Dr.Hans Fehr နှင့် Friedrich-Ebert-Stiftung မှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲကို ညနေပိုင်းတွင် ရပ်နားလိုက်ပြီးဆွေးနွေးပွဲ ဒုတိယနေ့ကို ယခုလ ၂၈ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
MRTV

Sunday, September 28, 2014

၂၀၁၅မှာ NLD ပါတီ လုံးဝအပြတ်အသတ်နိုင်မယ်မထင်ဘူး



အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီး ဦးလှဆွေသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် ၁၂ မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပြီး လက်ရှိ အခြေအနေများအပေါ် သူ၏ ဝေဖန်တုံ့ပြန်ချက်များကြောင့် လူသိများလာသူ ဖြစ်သည်။ လူမှုကွန်ရက် ဖေ့စ်ဘုတ်ပေါ်တွင်လည်း သူ၏ ပြောဆို ရေးသားချက်များကြောင့် အများ၏ စောင့်ကြည့်ခြင်းကို ခံရသူတဦးဖြစ်သည်။ လွှတ်တော် အမတ် ဦးလှဆွေ၏ လတ်တလော လှုပ်ရှားမှုများ၊ လွှတ်တော်အမတ်တယောက် အနေဖြင့် ခံယူချက်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘောထား စသည်တို့ကို ဧရာဝတီ အကြီးတန်းသတင်းထောက် ထက်နိုင်ဇော်က ဆက်သွယ် မေးမြန်းထားပါသည်။မေး ။ ။ ဦးလှဆွေ အခုတလော ဘာတွေ လုပ်နေလဲ။

ဖြေ ။ ။ အခု လွှတ်တော်မှာ ခွင့် ၂ ရက် ယူပြီး စနေ၊ တနင်္ဂနွေနဲ့ ပေါင်း ၄ ရက်ကို ကျနော့်ဒေသ ဆောမှာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် ပြည်သူတွေနဲ့ တွေ့ဆုံပွဲတွေ လုပ်နေတယ်။ အခု ဆောနယ်မှာ သိန်း ၆၀၀၀ တန် စလင်းချောင်းကူး တံတားကြီး ပြီးစီးတဲ့အခြေအနေကို သွားကြည့်နေတာ။ ပြီးရင် ဒီဘက်က ဆောနဲ့ ဇီးကုန်းနဲ့ လောင်းရှည်ကြားက၊ လောင်းရှည်ဆိုတာ သီပေါမင်းရဲ့ မယ်တော်ကြီးနေခဲ့တဲ့ ရွာပေါ့ဗျာ။ ရာဇ၀င်ထဲကမြို့ပေါ့။ အဲဒီမှာ တံတား ၇ စင်း ထိုးနေတာကို ကျနော်သွားကြည့်တာ။ ကျနော် လုပ်ငန်းအခြေအနေတွေ ကွင်းဆင်း စစ်ဆေးတယ်။ အခုလည်း ဒေသခံတွေနဲ့ တွေ့ပြီး စကားပြောတော့မှာ။

င်္ဘဂါလီနိုင်ငံသားဖြစ်ခွင့်လုပ်ငန်းစဉ် ဘန်ကီမွန်းအလေးထားပြော



မြန်မာနိုင်ငံသည် စီးပွား ရေး၊ လူမှုရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေး ကဏ္ဍတို့တွင် အောင်မြင်မှုများ ရရှိထားသော် လည်း ရခိုင်ပြည်နယ်အတွင်းရှိ လူမှုအသိုင်းအဝိုင်းနှစ်ခုကြား တင်းမာမှုများနှင့် နိုင်ငံပြုပြင် ပြောင်းလဲရေးကို ထိခိုက်စေနိုင်ပြီး ဘင်္ဂါလီများအား နိုင်ငံသားဖြစ်ခွင့် လုပ်ငန်းစဉ်များ ပြည့်စုံကောင်း မွန်အောင် ဆောင်ရွက်ရန်အထူး အလေးထားတိုက်တွန်းကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ပြောကြားသည်။


(၆၉)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အလွတ်သဘော အစည်းအဝေးအဖြစ် စက်တင်ဘာ ၂၆ ရက်ကပြုလုပ်ခဲ့သော မြန်မာ့မိတ်ဖက်များဝန်ကြီးအဆင့်အစည်းအဝေးဖွင့်ပွဲတွင် မစ္စတာဘန်ကီမွန်းက မြန် မာ့အရေးနှင့်ပတ်သက်၍ သုံးသပ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖုန်းဆင်းကဒ်ဈေးပိုရောင်းရင် အရေးယူမည်



ငွေကျပ် ၁၅၀၀ တန် ဖုန်းဆင်းမ်ကတ်တွေကို သတ်မှတ်နှုန်းထက်ပိုရောင်းတဲ့ အရောင်းဆိုင်တွေနဲ့ ကုမ္ပဏီ တွေ ကို ပိတ်သိမ်းတဲ့အထိ အရေးယူသွားမှာဖြစ်ကြောင်း ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာ ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်းက ပြည်သူ့လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

မနေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိမြင့်သန်းက နိုင်ငံခြားကုမ္ပဏီ တွေက ဆက်သွယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်ရာမှာ ပြသာနာတွေပေါ်ပေါက်လာရင် ဖြေရှင်းပေးဖို့ အတွက် ကော်မတီ၊ ကော်မရှင်တွေဖွဲ့စည်းထားဖို့ မေးမြန်းချက် ကို ဒုတိယဝန်ကြီး ဦးဝင်းသန်းက အခုလို ဖြေကြားခဲ့ပါတယ်။


"ဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့သက်ဆိုင်ရာတာဝန်ပေးထားတဲ့ ဖြန့်ချီရေးတွေ တိုက်ရိုက်ရောင်းချဖို့ တာဝန်ပေးထားတဲ့ ပုဂ္ဂိုလ်တွေကို ကျနော်တို့ တိတိကျကျနဲ့သက်မှတ်ထားတဲ့ နှုန်းထားနဲ့ပဲရောင်းပြီးတော့ တခြားသော မိမိကိုယ်ကျိုးအတွက် ငွေဖြည့်ကတ်တွေနဲ့ တွဲရောင်းတာ တန်ဖိုးမြှင့်ပြီးရောင်းတာ တယ်လီဖုန်းအခွံတွေနဲ့ တွဲပြီးရောင်းတာမျိုးမဖြစ်ဖို့အတွက် သတိပေးကြေညာထားပြီးဖြစ်ပါတယ်၊ တကယ်လို့ ဆက်လက်ပေါ်ပေါက်မယ်ဆိုလို့ရှိရင် ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးအရေးယူဆောင်ရွက်မှာဖြစ်သလို တဖက်ကလည်း ဒီဆိုင်တွေ ဒီကုမ္ပဏီတွေကို ရောင်းချခွင့်ပိတ်သိမ်းသွားမှာဖြစ်ပါတယ်"

ဒါ့အပြင် ဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ အမျိုးသားဆက်သွယ်ရေးအကြံပေး ကော်မတီနဲ့ မြန်မာနိုင်ငံ ဆက်သွယ်ရေး ကော်မရှင်တို့ကိုဖွဲ့စည်းဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

ငွေကျပ် ၁၅၀၀ တန် ဆင်းကတ်တွေကို ဖုန်းဟန်းဆက်တွေ၊ ငွေဖြည့်ကဒ်တွေဝယ်မှ ရောင်းချတဲ့ ဆိုင်တွေ ရှိသလို ငွေကျပ်တစ်သောင်းနီးပါးနဲ့ ရောင်းချနေတဲ့ ဆိုင်တွေလည်း ရှိပါတယ်။

(RFA)

Saturday, September 27, 2014

တင်းတိပ်ကို သဘာဝနည်းနဲ့ ကုမယ်


အကြောင်းအမျိုးမျိုးကြောင့် မျက်နှာပေါ်မှာ တင်းတိပ်ဖြစ်၍ စိတ်ညစ်နေလျှင် အောက်ပါ သဘာဝဆေးနည်းများဖြင့် ကိုယ်တိုင်ကုသနိုင်ကြပါတယ်။
(၁) ဒန္တသုခဆေးပင် အရွက်စိမ်းကို ကြိတ်၍ သနပ်ခါးနှင့်ရောစပ်ကာ ညအိမ်ယာဝင်ခါနီးတိုင်း တင်းတိပ်ပေါ်ကို လိမ်းပေးပါ။ စိတ်ရှည်စွာဖြင့် တစ်လခန့် လိမ်ပေးပါက တင်းတိပ်လုံးဝ ပျောက်ပါမည်။
(၂) ကွမ်းရွက်ကို ၃ ရွက်ခန့်ကို ပါးပါးလှီး၍ ရေ ၃ ခွက် ၁ ခွက်ဖြစ်အောင်ပြုတ်ကာ ၄င်းကွမ်းပြုတ်ရည်ကို သဘာဝပျားရည်စစ်စစ် ၂ ဇွန်းခန့်ရောစပ်၍ အဖုံးလုံးသော ပုလင်းထဲထည့်ကာ နှပ်ထားပါ။ လိမ်းခါနီး မျက်နှာကို သန့်စင်၍ မနက်နှင့်ည တစ်ရက်ကို နှစ်ကြိမ် လိမ်ပေးပါ။
(၃) ကြက်သွန်နီကို ထောင်း၍၄င်း၊ ကြိတ်၍၄င်း အရည်ညစ်ယူ၍ ရှာလကာရည်အနည်းငယ်နှင့် ရောစပ်ကာ တင်းတိပ်ပေါ်ကို လိမ်းပေးပါ။ (၄) သိန္ဓောဆားကို ဆန်စေ့ နှစ်စေ့ခန့်ယူ၍ တစ်ခါလိမ်းစာ သနပ်ခါးနှင့် ရောစပ်ကာ ညစဉ်လိမ်း၍ အိပ်ယာဝင်ပါ။
(၅) နွင်းတစ်တက်ကို ရေစင်အောင်ဆေးကျောကာ နွားနို့အနည်းငယ်နှင့် သွေးပြီး တင်တိပ်ပေါ်ကို တစ်နေ့ ၃ ကြိမ် လိမ်းပေးပါ။
(၆) နံနံစေ့ကို ပြုတ်၍ ၄င်းဆေးရည်ဖြင့် မျက်နှာပေါ်ကို ညစဉ် လိမ်းပေးပါက တင်းတိပ်၊ ၀က်ခြံ၊ မှဲ့ခြောက်၊ ဆားဝက်ခြံများကို ပျောက်ကင်းစေပါသည်။
(၇) ထောပတ်သီး၏ အစေ့ကို နေရိပ်တွင် အခြောက်ခံ၍ ရေအေးနှင့်သွေးကာ သနပ်ခါးလိမ်းသကဲ့ ညစဉ်လိမ်းအိပ်နိုင်ပါသည်။
(၈) အုန်းမှုတ်ခွက်အခွံကို သံပုရာရည်နှင့်သွေးကာ တင်းတိပ်ပေါ်ကို လိမ်းပေးပါ။ အနည်းငယ် စပ်သော်လည်း သည်းခံ၍ တစ်လခန့် ညစဉ်လိမ်းပေးလျှင် တင်းတိပ်လုံးဝအရှင်း ပျောက်ကင်းပါမည်။
(၉) ဖရဲသီးအောက်ခံအဖြူသားကို ပါးပါးလှီး၍ မျက်နှာစင်ကြယ်အောင် ဆေးကျောပြီးလျှင် နာရီဝက်ခန့် မျက်နှာပေါ်မှာ တင်ထားပေးပါ။ ဖရီးသီးမှ သဘာဝဓါတ်က တင်းတိပ်ရောဂါကို စုပ်ထုတ်ပေးနိုင်စွမ်းရှိပါသည်။
(၁၀) ကျောက်ချဉ်ကို မုန်ညှင်းစေ့တစ်စေ့ခန့် သနပ်ခါးနှင့်သွေးကာ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လိမ်းပေးပါ။ တင်းတိပ်ပျောက်၍ မျက်နှာအရေပြားချောမွတ်ကာ ၀င်းပလာပါလိမ့်မည်။ မြင်သူ တကာ ငေးယူလောက်တဲ့ မျက်နှာအလှပိုင်ရှင်လေး များ ဖြစ်နိုင်ကြပါစေ။
ဆောင်းပါးရှင် - စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား ။ ။ ရိုးရာတိုင်းရင်းဆေး၊ ကျော်တင့်ဆွေ

မေးခွန်းနှင့်အဆို မတင်သွင်းသည့် လွှတ်တော်ကိုယ်စားလှယ် ၃ဝ ကျော် လွှတ်တော်နှစ်ရပ်၌ ရှိနေ

ရန်ကုန်၊ စက်တင်ဘာ ၂၆။
ပထမ အကြိမ် လွှတ်တော်ပုံမှန်အစည်း အဝေးမှ နဝမပုံမှန်အစည်းဝေးအထိ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်၌ မေးခွန်းမေးမြန်းမှုနှင့် အဆိုတင်သွင်းမှု မပြုလုပ်သည့် လွှတ် တော်ကိုယ်စားလှယ်ပေါင်း၃ဝဦးခန့် ရှိနေသည်ဟု လွှတ်တော်လေ့လာစောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် ပွင့် လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ (OMI) မှ သုတေသနဒါရိုက်တာကိုဧခိုင်က ပြောသည်။
''အခုက (၁၁) ကြိမ်မြောက် အစည်းအဝေးလုပ်နေပြီပေါ့နော်။ ပထမအကြိမ် လွှတ်တော်ပုံမှန်အစည်း အဝေးကနေ နဝမပုံမှန်အစည်းအဝေး အထိ လွှတ်တော်ထဲမှာ မေးခွန်းတို့၊ အဆိုတို့ မေးမြန်းမှုမရှိသေးတဲ့ လွှတ် တော်ကိုယ်စားလှယ်အကြမ်းဖျင်းအား ဖြင့် သုံးဆယ်ဝန်းကျင်ခန့်ရှိနေတယ်။ ဒါကို လွှတ်တော်ထဲရောက်ဖူးတဲ့သူ ကို အခြေခံပြီး တွက်ချက်ထားတာ ပါ'' ဟု ၄င်းကပြောသည်။
ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ (OMI) ၏ လွှတ်တော်လေ့လာစောင့် ကြည့်ရေး အစီရင်ခံစာအမှတ်(၃)၌လေ့လာတွေ့ရှိချက်များကို ဖော် ပြထားရာတွင် ပြည်သူ့လွှတ်တော် နှင့်အမျိုးသားလွှတ်တော်တို့တွင်
 ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)မှ မေးခွန်းမေးမြန်းမှုနှင့် အဆိုတင်သွင်းမှုအများဆုံးပါတီဖြစ် နေပြီး ဒုတိယမေးခွန်းအများဆုံးမေး မြန်းသည့်ပါတီမှာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်(NLD)ဖြစ်သည်ဟု ဖော်ပြထားသည်။
အစီရင်ခံစာအမှတ်(၃)ကိုအမျိုး သားနှင့် ပြည်သူ့လွှတ်တော်တို့သတ္တမ အကြိမ်ပုံမှန် အစည်းအဝေးမှ နဝမ အကြိမ် ပုံမှန်အစည်းအဝေးတို့ကို ကောက်ယူထားခြင်း ဖြစ်သည်။
''ကျွန်တော်တို့ အမျိုးသားလွှတ် တော်မှာ ယနေ့အချိန်အထိ မေးခွန်း တွေ၊ အဆိုတွေမမေးတဲ့ ကိုယ်စား လှယ်တွေရှိတယ်။ ဒါပေမဲ့ မေးခွန်း တွေ၊ အဆိုတွေမတင်လို့ လွှတ်တော် ကိုယ်စားလှယ်မဖြစ်ရဘူးလို့ပြောလို့ မရဘူး။ လွှတ်တော်ကိုယ်စားလှယ် ဆိုတာ ပြည်သူတွေ အကျိုးရှိမယ့် ဥပဒေတွေကို ပြဋ္ဌာန်းရတာဖြစ်တဲ့ အတွက်ကြောင့်ပါ။ မေးခွန်းမမေးရ ဘူး၊ အဆိုမတင်ရဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကိုယ့်ဒေသမှာ လိုအပ် တဲ့ကိစ္စတွေကိုတော့ လွှတ်တော်မှာ မေးကိုမေးရပါမယ်။ အရင်က ရပ် ကွက်မှာဖြစ်တဲ့ ကိစ္စလေးတောင် လွှတ်တော်တင်တော့ ကော်မတီဖွဲ့ ပြီးပြန်စစ်ရတာတောင်ရှိတယ်။ အခု တော့ ၂ဝ၁၅ကိုမျှော်ပြီး အခုနောက် ပိုင်း မေးခွန်းတွေ မေးလာတာတွေ့ လာရတယ်''ဟု အမျိုးသားလွှတ် တော်ကိုယ်စားလှယ်ဒေါက် တာအေး မောင်က ပြောသည်။
BM (MMK)
YMG

လေကြောင်းတိုက်ခိုက်မှုအတွင်း IS အဖွဲ့၏ အရေးပါသည့် ခေါင်းဆောင်တစ်ဦး သေဆုံး


အမေရိကန် ဦးဆောင်သည့် လေကြောင်း စစ်ဆင်ရေးများအတွင်း အစ္စလာမ်မစ် နိုင်ငံတော် စစ်သွေးကြွ အဖွဲ့၏ အရေးပါသော ခေါင်းဆောင်ပိုင်းတစ်ဦး သေဆုံးခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ကြေညာခဲ့သည်။

စက်တင်ဘာ (၂၆)ရက်က ဆီးရီးယား အရှေ့ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှု စစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခဲ့ရာ IS အဖွဲ့၏ ခေါင်းဆောင်ပိုင်းတစ်ဦး သေဆုံးခဲ့ခြင်းဟု ဆိုသည်။ “ဒီယာအက်ဇောမြို့ အနောက်ဘက်က IS အခြေစိုက် အဆောက်အအုံ တစ်ခုထဲက ဆိုင်ကယ်တစ်စီး ထွက်လာပါတယ်။ လူနှစ်ဦး လိုက်ပါလာတဲ့ ဆိုင်ကယ်ကို ပူးပေါင်းတပ်ဖွဲ့ လေယာဉ်တစ်စီးက ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ ဖြစ်ပါတယ်”ဟု ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ဆိုသည်။

အဆိုပါ ဆိုင်ကယ်ပေါ် ပါလာသူ နှစ်ဦးစလုံး သေဆုံးပြီး ယင်းတို့အနက် တစ်ဦးမှာ IS ၏ အရေးပါသူ ခေါင်းဆောင်ပိုင်း တစ်ဦး၏ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့မှ တာဝန်ရှိသူ ရာမီအက်ဘ်ဒဲလ် ရာမန်းက ပြောကြားခဲ့သည်။ “အဲဒီလူက အာရပ်နွယ်ဖွား တစ်ဦးပါ။ လေကြောင်းတိုက်ခိုက်မှုမှာ သူရော၊ ဆိုင်ကယ်ပေါ်က တခြားသူပါ သေဆုံးသွားပါတယ်”ဟု ၎င်းက ဆိုသည်။ အဆိုပါ IS ခေါင်းဆောင်၏ အမည်နှင့် ရာထူးတို့ကိုမူ ၎င်းက အတိအကျ ထုတ်ဖော် ပြောဆိုခြင်း မရှိခဲ့ချေ။

 IS တပ်ဖွဲ့များသည် အီရတ်နှင့် နယ်ခြားဒေသရှိ ဒီယာအက်ဇောမြို့နှင့် ခရိုင်တစ်ခုလုံးကို ထိန်းချုပ်ထားသည်။ ရာမန်းက စက်တင်ဘာ (၂၆)ရက် တိုက်ခိုက်မှုသည် IS၏ လှုပ်ရှားမှုများကို အမေရိကန်နှင့် မဟာမိတ်တပ်ဖွဲ့ လေယာဉ်များက စနစ်တကျ အနီးကပ် စောင့်ကြည့်နေကြောင်း ပေါ်လွင်စေသည်ဟုလည်း မှတ်ချက်ပြုခဲ့သည်။

အမေရိကန်သည် ဩဂုတ်(၈)ရက်မှ စတင်ကာ အီရတ်နယ်မြေများတွင် IS တပ်ဖွဲ့၏ ပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်ထိ အမေရိကန် စစ်ဘက်လေယာဉ်များ၏ ဗုံးကြဲပစ်ခတ်မှုသည် အကြိမ်(၂၀၀) ကျော်လွန်သွားပြီ ဖြစ်သည်။ ယခုအခါ အမေရိကန်အပြင် ဥရောပနှင့် အာရပ် မဟာမိတ် တိုက်လေယာဉ်များပါ ပူးပေါင်းကာ ဆီးရီးယား ပိုင်နက်ဘက်တွင်ပါ IS တပ်ဖွဲ့များကို လေကြောင်းမှ အရှိန်မြှင့် တိုက်ခိုက်လျက် ရှိသည်။

_Ref: Channelnewsasia

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ