နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့သည် စစ်ကိုင်းတိုင်းဒေသကြီးရှိ ရေကြီးနစ်မြုပ် သည့်ဒေသများသို့ သွားရောက်ခဲ့ ပြီး ဇူလိုင် ၂၀ ရက်တွင် မင်းမြင်ဆည်နှင့် သဖန်းဆိပ်ဆည်များ၏ ကြံ့ခိုင်မှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
သမ္မတနှင့်ကာကွယ်ရေးဦး စီးချုပ်တို့ဦးဆောင်သောအဖွဲ့သည် စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသအချို့တွင် ရေကြီးနစ်မြုပ်မှုများဖြစ်ပွားသည့် လေးရက်မြောက်နေ့၌ အဆိုပါဒေသသို့ သွားရောက်ခဲ့ပြီး ဒေသခံများအား ကူညီအားပေးခဲ့ခြင်းဖြစ်သည်။
‘‘မနက်ပိုင်းက ကန့်ဘလူမှာ နာရီဝက်လောက်နားပြီး မင်းမြင်ဆည်သွားတယ်။ အဲဒီကနေမှ သဖန်းဆိပ် ဆည်ဆက်သွားတယ်။ ဒီ ညတော့ ကန့်ဘလူမှာပဲညအိပ်တယ်။ မနက်ဖြန် ၈ နာရီလောက် ဒေသခံတွေနဲ့ တွေ့မယ်လို့သိထားရတယ်’’ဟု ကန့်ဘလူမြို့မိမြို့ဖ ဦးဌေးက ဇူလိုင် ၂၀ ရက် ည ၈ နာရီခွဲခန့်တွင် ပြောသည်။
သမ္မတ၏ အဆိုပါခရီးစဉ်တွင် မင်းမြင်ဆည်၌ လုပ်အားပေးနေသည့် တပ်မတော်သားများထံသို့ သွားရောက်တွေ့ဆုံ၍ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပြီး မင်းမြင်ဆည်နှင့် သဖန်းဆိပ်ဆည်များ၏ ကြံ့ခိုင်မှုအနေအထားကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာတွင်ဖော်ပြသည်။
သမ္မတနှင့်ကာချုပ်တို့ရောက်ရှိသည့်နေ့တွင် ရေကျသွားခဲ့သော်လည်း ကန့်ဘလူမြို့နယ်ရှိ ရေ ဘေးသင့်ပြည်သူငါးထောင်ကျော်တို့ အစာရေစာအခက်အခဲများနှင့် တွေ့ကြုံရဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ဇူလိုင် ၂၀ ရက်တွင် ကောလင်းမြို့၌ ရေကြီးမြင့်မှုဆက်လက် ဖြစ်ပွားခဲ့ပြီး ရေဘေးသင့်ဒုက္ခ သည်နှစ်ထောင့်ခုနစ်ရာကျော်ရှိ နေကြောင်း ဒေသခံများကပြောသည်။ ကောလင်းမြို့နယ်အတွင်း ရေကြီးမှုကြောင့် ကျေးရွာ ၁၇ ရွာ သည် နေထိုင်၍မရအောင် အခက်တွေ့နေပြီး အရေးပေါ်ကယ်ဆယ် ရေးများပြုလုပ်ရန် ကျေးရွာငါးရွာ ကတောင်းခံထားကြောင်း ဒေသခံများကဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီးအ တွင်းရှိ ကသာ၊ ထီးချိုင့်၊ ကောလင်း၊အင်းတော်၊ ၀န်းသို၊ ပင်လည်ဘူး၊မင်းကင်း၊ ဒီပဲယင်း၊ ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်၊ ရေဦး၊ ဘုတလင် စသည့်မြို့နယ် ၁၃ ခု၏ ကျေးရွာအုပ်စု ၁၄၂ ခု တွင် ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့သည်။ လူပေါင်း ၁၃,၀၀၀ ကျော်ရေဘေးသင့်ခဲ့ရကာ နွေစပါးစိုက် ဧက ၂,၄၀၀ ကျော်၊ မိုးစပါးဧက ၃၆,၀၀၀ ကျော်၊ မိုးစပါးပျိုးခင်း ဧက ၃,၁၀၀ ကျော်ပျက်စီးဆုံးရှုံးခဲ့ ကြောင်း အစိုးရကသတင်း ထုတ်ပြန်သည်။ အဆိုပါဖြစ်စဉ်များ ကြောင့် လေးရက်တာကာလအတွင်း သေဆုံးသူအရေအတွက် ကိုးဦးရှိခဲ့ကြောင်း သတင်းရရှိ သည်။
7Day Daily
No comments:
Post a Comment