Monday, July 13, 2015

မန်ယူ ရှနိုင်ဒါလင်းကို ပေါင် ၂၅ သန်းဖြင့် ခေါ်ယူ

လန်ဒန်- မန်ယူအသင်းသည် ဆောက်သမ်တန်မှ ပြင်သစ်ကွင်းလယ်လူ ရှနိုင်ဒါလင်းကို ပေါင် ၂၅ သန်းဖြင့် ခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင်အတည်ပြုသည်။

မန်ယူသည် ဂျာမန်အသင်းခေါင်းဆောင် ရှဝိုင်းစတိုင်ဂါအသင်းသို့ ဆေးစစ်ခံရန်ရောက်လာကာ တရားဝင်စာချုပ်လက်မှတ်ရေးထိုးလိုက်ပြီး ၁၅ မိနစ်အတွင်း ရှနိုင်ဒါလင်းကိုလည်းခေါ်ယူကြောင်း အတည်ပြုထုတ်ပြန်ခြင်းဖြစ်သည်။ ၎င်းကို လေးနှစ်စာချုပ်ဖြင့်ချုပ်ဆိုခဲ့ပြီး နောက်ထပ်တစ်နှစ် ဆက်လက်ချုပ်ဆိုခွင့်လည်း စာချုပ်တွင်ထည့်သွင်းထားသည်။ ရှနိုင်ဒါလင်းသည် အသင်းသို့ရောက်ပြီး သည်နှင့် မန်ယူနှင့်အတူ အမေရိကန်တွင်ကစားမည့် နိုင်ငံတကာကလပ်ချန်ပီယံရှစ်ပွဲသို့ သွားရောက် မည်ဖြစ်ကာ ၎င်းသည်လုခ်ရှောပြီးနောက် မန်ယူသို့ ထပ်ရောက်လာသော ဒုတိယမြောက် ဆောက်သမ်တန်ကစားသမားလည်း ဖြစ်လာသည်။ ‘‘မန်ယူကစားသမားဖြစ်ရလို့ ကျေနပ်မိပါတယ်။ မန်ယူဟာကျွန်တော့်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုကတည်းက ဒီကိုပြောင်းရွှေ့ဖို့ ဆုံးဖြတ်ရတာ အလွန်လွယ်ကူခဲ့ပါတယ်။ အမေရိကန်ခရီးစဉ်စတင်ရမှာကြောင့် စိတ်လှုပ်ရှားမိပါတယ်’’ဟုပြော သည်။ဆောက်သမ်တန်သည် ရှနိုင်ဒါလင်းကို ရောင်းချခဲ့ပြီးနောက် ဖီယင်နုမှ ကွင်းလယ်လူ ဂျော်ဒီကလာစီ အား အစားထိုးခေါ်ယူနိုင်ရန် မျှော်လင့်နေသည်။ မန်ယူသည် ဒီပေး ၊ ဒါမီယန်၊ရှဝိုင်းစတိုင်ဂါနှင့် ရှနိုင်ဒါလင်း တို့ကိုဝယ်ယူပြီးနောက် အသုံးစရိတ်ပေါင်သန်း ၈၀ ခန့်ရှိသည်။ 

7 Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ