သမ္မတဦးသိန်းစိန်နှင့် မြန်မာအမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူး ကိုယ်စားလှယ် နိပွန်ဖောင်ဒေးရှင်းနှင့် ဆာဆာကာဝါ ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာရိုဟဲအိဆာဆာကာဝါတို့ ယမန်နေ့က တွေ့ဆုံကာ ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ သီလ၀ါနှင့် ထားဝယ် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်နေမှုတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း အစိုးရသတင်းတွင် ဖော်ပြထားသည်၊ မြန်မာပြည်ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို နိပွန်ဖောင်ဒေးရှင်းက ကူညီနေခြင်းဖြစ်သော်လည်း လက်ရှိအခြေအနေတွင် ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။
ဧရာဝတီ
No comments:
Post a Comment