Tuesday, July 7, 2015

တူရကီအသင်းခေါင်းဆောင် အာဒါတူရန်ကို ဘာစီလိုနာ ယူရို ၃၄ သန်းဖြင့် ခေါ်ယူ

ဘာစီလိုနာအသင်းသည် စပိန်လာလီဂါ ပြိုင်ဘက်အက်သလက်တီကို ကွင်းလယ်လူ အာဒါတူရန်ကို ပြောင်းရွှေ့ကြေး ယူရို ၃၄ သန်း (ပေါင် ၂၄ ဒသမ ၁ သန်း) ဖြင့် ခေါ်ယူလိုက်ကြောင်း တရားဝင် ထုတ်ပြန် သည်။

တူရကီ လက်ရွေးစင်အသင်းခေါင်းဆောင်ဖြစ်သည့် တူရန်ကို ချယ်လ်ဆီးနှင့် မန်ယူတို့က စိတ်ဝင်စားခဲ့ပြီး ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာကလည်း ယခင်အပတ်အတွင်း ၎င်းနှင့်ချယ်လ်ဆီး ပြန်လည် တွဲကစားလိုသည်ဟု ထုတ်ဖော်ပြောထားသည်။သို့သော် တူရကီကွင်းလယ်လူသည် ဘာကာအတွက် လာ မည့် ၂၀၁၆ ဇန်နဝါရီအထိ ပွဲထွက် ကစားနိုင်မည်မဟုတ်ဘဲ ထိုနောက်ပိုင်း ဖီဖာ၏ ဘာကာအပေါ် ပိတ်ပင်မှုသက်တမ်းကုန်ဆုံးမှသာ ကစားနိုင်မည်ဖြစ်သည်။ဘာစီလိုနာသည် စာချုပ်တွင် ထိုကစားသမားကို ဇူလိုင် ၂၀ ရက် မတိုင်မီ အက်သလက်တီကိုသို့ ပြန်ရောင်းခွင့်ကိုလည်း ထည့်သွင်း ချုပ်ဆိုထားသည်။

တူရန် ရောက်ရှိလာမှုသည် မကြာမီက ဘာစီလိုနာမှ ထွက်ခွာခဲ့သည့် အသင်းခေါင်းဆောင် ဟောင်းရှာဗီ နေရာ ကွက်လပ်ဖြည့်နိုင်ဖွယ်ရှိသည်။

တူရန်သည် အက်သလက်တီကိုသို့ ၂၀၁၁ တွင် ဂါလာတာ စာရေးမှရောက်လာခဲ့ပြီး ၁၂၇ ပွဲ ကစားကာ ယူရိုပါလိဂ်၊ လာလီ ဂါချန်ပီယံဆု (၂၀၁၃-၁၄ ရာသီ) နှင့် ထိုရာသီက ချန်ပီယံလိဂ် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။
7Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ