Monday, July 6, 2015

ကျောင်းသားနှင့် အလုပ်သမား အခွင့်အရေးတောင်းဆို တိုက်ပွဲဝင်ပုံများအပေါ် လေ့လာနှိုင်းယှဉ်ချက်

အလုပ်သမားတွေ...အဆင်မပြေဘူး။ကျောင်းသားတွေ ...အဆင်မပြေဘူး။အထက်ပါ ၂ခုကို နှိုင်းယှဉ်ရင် နှစ်ခုလုံး အဆင်မပြေဘူးဆိုရင်လက်ခံပါတယ်။ဒါပေမယ့် လတ်တလော Adhocကိုဖြေရှင်းပေးသင့်တာက ဘဝရပ်တည်မှု။အလုပ်သမား အထူးသဖြင့် ဆင်းရဲတဲ့သူတွေရဲ့ ဘဝရပ်တည်မှု။ကျောင်းသား လှုပ်ရှားမှု က တိုးတက်ခြင်တာ။တိုးမြှင့်ချင်တာ။ လတ်တလောAdhoc လိုအပ်ချက်လို့ ပြောချင်ပြောနေပါစေ။ အလုပ် သမား အရေးနဲ့ယှဉ်ရင်တော့ အရေးပေါ်လိုအပ်ချက်မဟုတ်တော့ဘူး။

ဒါဆိုရင် အလုပ်သမားတွေရဲ့  အနိမ့်ဆုံးတစ်နေ့လုပ်အားခ ၃၆၀၀ကျပ်ရရှိရေးဟာ သူတို့အတွက် သေရေးရှင်ရေး အကျိုးစီးပွား Vital Interest ဖြစ်ပါတယ်။ဒါပေမယ့် အလုပ်သမားတွေ ဘာလို့အရူးတစ်ပိုင်း အော်ဟစ်သောင်းကျန်းမှုတွေ မပေါ်ပေါက်တာလဲ။ဒါဟာစဉ်းစားစရာပါ။ အလုပ်သမားတွေက ဆူပူ သောင်းကျန်းမလုပ်ချင်တာလား။ဒါမှမဟုတ် ထိန်းသိမ်းလုပ်ဆောင်တက်တဲ့ Labour Culture တစ်ရပ် ဖြစ်ပေါ်နေလို့ လား။ တကယ်တမ်းကျွန်တော်တို့ သေချာလေ့လာကြည့်တော့တစ်ချိန်က မိုးသီးဇွန်တို့ လို အကြမ်းပဒန်းနည်းနာတွေကျင့်သုံးခဲ့တဲ့အလုပ်သမားသပိတ်ခေါင်းဆောင်ကြီး ပြည်သစ်ညွန့် ဝေ(ခ)ဦးမောင်မောင်သည်ပင်လျှင် အလုပ်သမား အရေးကိစ္စများကို Rule ofLaw အတိုင်းအကောင်အထည် ဖော်နေသည်ကိုတွေ့ရှိရပါသည်။ထို့ပြင်အလုပ်ရှင်နှင့်အလုပ်သမားအကြား ညှိနှိုင်းတွေ့ဆုံ တောင်းဆို၍ အပြန်အလှန်အလျှော့အတင်းပြုလုပ်မှုပညာရပ်တွေဖြန့်ဝေပြီး သင်တန်းပေးတာတွေလုပ်လာခဲ့သည်။ယနေ့ အထိဆွေးနွေးညှိနှိုင်းမှုတွေတစ်ဖက်နှင့်တစ်ဖက်ကြိုးစားလုပ်ကိုင်နေကြသည်မှာ Ruleof Law ကိုတန်ဖိုးထားသလို ပြဿနာကိုပဋိပက္ခကို Conflict Resolution ဖြင့်ချဉ်းကပ်အဖြေရှာနေကြသည် မှာ အံ့သြချီးကျူးရလောက်ပါသည်။

ဒါဆို ကျောင်းသားသမဂ္ဂတွေက သေရေးရှင်ရေးAdhocလိုအပ်ချက်မဟုတ်ဘဲ သွေးဆူပေါက်ကွဲ တော်လှန်
ဆဲဟု အော်ဟစ်၍လမ်းပေါ်တက်ထင်ရာဆိုင်းနေခြင်းမှာအလုပ်သမားနှင့် နေရာချင်းများလွဲနေရော့သလား ပညာတက်များရယ်လို့ ပြောရတော့မည်။

ယုတ်မာသောစကားများ။ဆဲဆိုသောLogoများ။ရိုင်းစိုင်းသောအပြုအမူများ တိုးကြိတ်လှုပ်ရှားမှုများသည် ၁၉၈၈ခုနှစ် အတွေးအခေါ်ဆီသို့ ခေတ်နောက်ပြန်ဆွဲနေ သလားထင်မှတ်ရပေသည်။

အလုပ်သမားများတွင် ယုတ်ရင်းကြမ်းတမ်းသောအပြုအမူတစ်ချို့ ပါကောင်းပါလာလျှင် ကျွန်ုပ်တို့နားလည် ဖြည့်တွေးပေးနိုင်ပါသည်။

သို့သော်လည်း ခေတ်ပညာတတ်ကျောင်းသားများ ၂၁ရာစု နည်းပညာနှင့်အညီ ရိုင်းစိုင်းလှုပ်ရှား ပြမည်။ခွင့်ပြုချက်တင်တာRule of Law နှင့်ညီ မညီ မသိချင်ဘူးဟူသောအပြောမျိုးသည် ဆင်းရဲဒုက္ခ ရောက်နေသည့် အလုပ်သမားများ၏အပြုအမူနှင့် Comparisonလုပ်၍နှိုင်းယှဉ်ကြည့်သောအခါ ကျောင်းသားတန်ဖိုးနှင့်သိက္ခာမဲ့မှုအား ထင်ထင်ရှားရှားတွေ့ မြင်ရပေသည်။ထို့ အတူ ဖြစ်ပေါ်လာမည့် လူငယ် အနာဂတ် ကိုပါတစ်စေ့တစ်စောင်းတွေ့ လိုက်ရပါသည်။

Oppositeye myanmar 

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ