Monday, July 6, 2015

မပြီးသေးသော ပန်းချီကား (သို့မဟုတ်) တအုံ့နွေးနွေး ဘင်္ဂလီအရေး


မကြာသေးခင်ကဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပပြုလုပ်လျက်ရှိသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး
ကောင်စီ၏ (၂၉) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) မှ တင်သွင်းသည့် မြန်မာနိုင်ငံနှင့်ပတ်သက်သော အဆိုမူကြမ်း တစ်ရပ် ကို (၃-၇-၂၀၁၅) ရက်နေ့တွင် ချမှတ်ခဲ့သည်။ထိုမူကြမ်းအား ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်က တစ်ပိုဒ်ချင်းစီကန့်ကွက်ခဲ့သည်။ထိုမူကြမ်းတွင်မြန်မာနိုင်ငံ၏ လွတ်လပ်သော အချုပ်အခြာအာဏာပိုင်မှုကို ထိပါးရာရောက်ခြင်း၊ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများနှင့်စပ်လျဉ်းပြီး မဟုတ်မမှန် စွပ်စွဲချက်များ ပါဝင်ခြင်း၊ ပြည်တွင်းစီရင်ပိုင်ခွင့်အတွင်း ကျရောက်သည့် ကိစ္စများအားဝင်ရောက် စွက်ဖက်ခြင်း၊ မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှုရှိနေခြင်းအား အထင်အမြင် လွဲမှားစေမည့် ဖော်ပြချက်များ ပါဝင်ခြင်းတို့ကြောင့် ဓမ္မဓိဋ္ဌာန်မကျသော ဆောင်ရွက်ချက် တစ်ရပ်သာ ဖြစ်ပြီး ဘာသာရေးကိစ္စအတွက် ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီကို အသုံးချ၊ အမြတ်ထုတ်မှု တစ်ရပ် သာဖြစ်တယ်။သည်လို ရရင်ရသလို ငွေအား ၊ ၀ိတ်အား ၊ နိုင်ငံကြီးအင်အားတွေကိုသုံးပြီး မြန်မာနိုင်ငံကို ဖိအားပေးနေတာ ဒါဟာ ပထမအကြိမ်မဟုတ်တော့ပါ။ယခင်ကလည်း ကုလသမဂ္ဂညီလာခံမှာ EU ဥရောပ သမဂ္ဂနိုင်ငံတွေက“လူနည်းစုများကို နိုင်ငံသားဖြစ်ခွင့်ပေးရန်၊ ရိုဟင်ဂျာအမည်ကိုသုံးစွဲခွင့်ပြုရန်”ဆိုသည့် စာတမ်းတစ်စောင်တင်သွင်းခဲ့ပါသေးသည်။ထိုသည်သာမက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်း၊ ကုလ လူအခွင့်အရေးကိုယ်စားလှယ်များဖြစ်သော မစ္စတာ ရာဇာလီ အစ္စမေးလ် ၊ မစ္စတာ သောမတ်အိုဂျေ ကွင်းတားနား ၊ မစ္စယန်ဟီလီတို့သည်လည်း မှန်ကန်မျှတမှုမရှိသော လူ့အခွင့်အရေး အစီရင်ခံစာတွေ တောက်လျှောက်ရေးသားတင်သွင်းခဲ့ကြတာအားလုံးအသိပင်ဖြစ်သည်။

ဘင်္ဂလီများသည် ရိုဟင်ဂျာဆိုသည့်အမည်ဖြင့် တိုင်းရင်းသားဖြစ်ရေး အစွမ်းကုန်အဖက်ဖက်မှ ကြိုးစားနေ ကြသည်မှာ သတိထားစောင့်ကြည့်ရမည့်အခြေအနေဖြစ်နေသည်။အကြမ်းဖက်သည့် နည်းဖြင့်ဖြစ်စေ ၊ နိုင်ငံရေးနည်းဖြင့် ဖြစ်စေ ၊ သံတမန်ရေးနည်းဖြင့် ဖြစ်စေ သက်ဆိုင်ရာအထောက်အပံ့များဖြင့် အဖက်ဖက် မှ ကြိုးပမ်းနေကြခြင်းဖြစ်သည်။အကယ်၍ တစ်ခုခု လွဲချော်ခဲ့လျှင် နောက်တစ်ခုကနေ ထပ်မံကြိုးစားဖို့ အတွက် သူတို့တွင် Plan ပေါင်းများစွာ ရှိနေသည်မှာ သေချာသည်။နောက်ဆုံး ညင်ညင်သာသာ နည်းလမ်းများဖြင့် မရနိုင်ပါက အကြမ်းဖက်နည်း Jihad ဖြင့် အသုံးပြုရန် အစီအစဉ်များ ဆွဲထားသည်မှာ သေချာသလောက်ပင်။မကြာသေးခင်က မန္တလေးလက်နက်များ ဖမ်းမိရာမှ ကွင်းဆက်အတိုင်းဖော်ထုတ် သည်မှာ ၃၂ လက် နှင့် ခဲယမ်း ကျည်ဆန်အမြောက်အများ ဖမ်းဆီးဖော်ထုတ်ရမိခဲ့သည်မှာ အားလုံး အသိပင်။ထို ၃၂ လက်မျှသော လက်နက်များမှာ အမဲလိုက်ရန်နှင့် လေသေနတ်များဖြစ်ကြောင်း မြန်မာပြည်ဖွား မြန်မာမီဒီယာများက ကာဗာပေးကြသည်။ ထိုသည်မှာ ၀မ်းစာနှင့် အမျိုးသားရေး ယှဉ်တွဲ လာမှုတွင်မီဒီယာရပ်တည်ခဲ့သည့် လုပ်ရပ်မှာ ထင်ရှားသည်။အမျိုးသားရေး နောက်မှ ပိုက်ဆံရဖို့က အဓိက ဖြစ်လာနေသည်။
မကြာသေးခင်ကဖြစ်ခဲ့သည့် Boat People အရေးတွင်လည်း လှေစီးဒုက္ခသည်များဟာ မြန်မာနိုင်ငံကပဲ ဖြစ်သယောင် BBC VOA RFA DVB စတဲ့ သတင်းမီဒီယာတွေကနေ အမျိုးသားရေးမျက်ကွယ်ပြုပြီး တောက်လျောက်ဖော်ပြခဲ့သည်မှာ အားလုံးအသိ။သတင်းမီဒီယာများအနေဖြင့် မြန်မာနိုင်ငံအတွင်း မတရားကျူးကျော် ၀င်ရောက်လာသော၊ နိုင်ငံ့အချုပ်အခြာအာဏာကို ထိပါးလာသူများဘက်မှ ရပ်တည်၍ ဘက်လိုက်ရေးသားနေမှုများမှာ တနည်းဆိုရသော် အမျိုးသားရေး သစ္စာဖောက်များပင်ဖြစ်သည်။

တစ်ဖက်တွင် ၂၀၁၅ ခုနှစ်လူဦးရေစာရင်းအရ ရခိုင်ပြည်နယ်အားပြန်၍ကြည့်သော် စစ်တွေတွင် ၉၆၀၅၆ ဦး၊ ရသေ့တောင်တွင် ၃၅၀ ၁၃၈ ဦး၊ ပုဏ္ဏားကျွန်းတွင် ၁၇၁၂ဦး ၊ ပေါက်တောတွင် ၃၂၅၆၈ ဦး၊ မြောက်ဦးတွင် ၂၂၇၈၄ ဦး၊ မင်းပြားတွင် ၃၆၁၅၃ ဦး ၊ ကျောက်တော်တွင် ၄၂၇၄၉ ဦး မြေပုံတွင် ၂၉၁၆ ဦး၊ မောင်တောတွင်၄၉၁၅၁၃ဦး ၊ ဘူးသီးတောင်တွင် ၂၅၇၃၂၅ဦး ၊ရမ်းဗြဲတွင် ၅၄၀၃ ဦး ၊ကျောက်ဖြူတွင် ၅၇၆၃ ဦးသံတွဲတွင် ၉၅၅၀ဦးအသီးသီးနေထိုင်ကြသည်ကိုတွေ့ရသည်။ ရခိုင်ပြည်နယ်အတွင်း ဘင်္ဂလီလူဦးရေ စုစုပေါင်း ၁၀၂၈၅၃၀ ဦးရှိနေပြီဖြစ်သည်။ရခိုင်ပြည်နယ်အတွင်းရှိ ၁၇ မြို့နယ်မှာ ဘင်္ဂလီ မရှိသည့်မြို့ဆိုလို့ မာန်အောင်၊ အမ်း၊ တောင်ကုတ် ၊ ဂွ မြို့နယ် စုစုပေါင်း၎ မြို့နယ်သာ ရှိပါတော့တယ်။ဘင်္ဂလီရှိသည့် မြို့နယ် ၁၃ မြို့ကို ပြန်၍ကြည့်လျှင် ဘူးသီးတောင်-မောင်တောဒေသတွေမှာလူဦးရေတိုးပွားမှုနှုန်းများပြားနေသည်ကိုတွေ့ရမည်။လက်ရှိအတိုင်း ဆက်လက် တိုးတက်နေမည်ဆိုလျှင် နောင် ၁၀ အတွင်း ဘင်္ဂလီဦးရေ ၁.၄ သန်းအထိဖြစ်လာမယ်လို့ ပညာရှင်တွေက သုံးသပ်ကြတယ်။ထို့ကြောင့် ထိုဒေသများကို လူဦးရေ ထိန်းချုပ်ဖို့အထူးလိုအပ်သည်။အစိုးရအနေဖြင့်လည်း ဒီအချက်အလက်တွေကိုသိတာကြောင့် ဘင်္ဂလီတစ်အိမ်ထောင်ကို ကလေးနှစ်ဦးထက် ပိုမယူရဟူသည် စီမံကိန်းမျိုးဖြင့် တားဆီးရန်ကြိုးစားသည်။သို့သော် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့တကွ ၎င်းပါတီဝင်များက အပြင်းအထန်ကန့်ကွက်ကြပြန်သည်။အံ့သြဖို့ကောင်းလေစွ။

ရခိုင်ပြည်နယ်ရဲ့လူဦးရေ တိုးတက်မှုနှုန်းမှာ အလွန်အမင်းမြင့်မားနေရခြင်းမှာ တစ်ဖက်နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နဲ့ ကုန်းရေနယ်နိမိတ် ထိစပ်နေသည့်အပြင် မြန်မာနိုင်ငံရဲ့သုံးပုံပုံ တစ်ပုံသာရှိသည့် နယ်မြေ တွင် သန်း၁၄၀ ကျော်များပြားနေခြင်းရဲ့ ဒဏ်ကိုခံနေရခြင်းဖြစ်သည်။ထို့အတူပဲ ဂျီဟတ်မဟာဗျူဟာအရ အစ္စလာမ်ဘာသာနှင့်လူမျိုးရေးကို အခြေခံ၍ဆာဗီးယာနိုင်ငံ ပြိုကွဲခဲ့သည်အထိ ဖြစ်ပွားခဲ့သော သာဓက များကို မေ့ထား၍ မရပါ။ကိုဆိုဗိုတွင် အစ္စလာမ်ဘာသာဝင် ၉၀ ရာခိုင်နှုန်းရှိနေသောကြောင့် လူမျိုးရေးနှင့် ဘာသာရေးကို အခြေခံပြီး ဆာဗီးယားနိုင်ငံမှ ခွဲထွက်ဆောင်ရွက်ခဲ့ခြင်းနည်းတူစွာ ဘူးသီးတောင်-မောင်တောဒေသတွင်လည်း အစ္စလာမ်ဘာသာဝင် ၉၆ ရာခိုင်နှုန်းရှိနေသဖြင့် ခွဲထွက်ရေးလှုပ်ရှားမှုများ အချိန်မရွေးဖန်တီးလာနိုင်သည်ကို အထူးသတိပြုကြရမည်ဖြစ်သည်။



ကမ္ဘာပေါ်တွင်ရှိသော မူစလင်ခွဲထွက်ရေးတောင်းဆိုမှုများကို ကြည့်ပါက မူစလင်တိုင်းပြည်များ နှင့်ထိစပ် လျက်ရှိသော နေရာဒေသများတွင် အများဆုံးတွေ့ရမည်ဖြစ်သည်။အိန္ဒိယ -ပါကစ္စတန် လူမျိုးစု ပြဿနာ ၊ရုရှားနိုင်ငံချေချင်းညာပြဿနာ ၊ ယူဂိုဇလားဗီးယားပြည်ထောင်စုမှ ခွဲထွက်သော ကိုဆိုဗိုပြဿနာများမှာ မူစလင်ဘာသာဝင်လူနည်းစုဆိုသူများအင်အားကြီးထွားလာရာမှ တစ်ဆင့်ဖြစ်ပွားသော ပြဿနာချည်း သာဖြစ်သည်။ယခုအခါတွင်ထိုင်နိုင်ငံတောင်ပိုင်းပြဿနာ ၊ ဖိလစ်ပိုင်နိုင်ငံမှ ပြဿနာ စသည့် ပြဿနာများ သည်လည်း မွတ်စလင်တို့ခွဲထွက်လိုသည့် ပြဿနာများပင်ဖြစ်သည်။ကျွန်တော်တို့နိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်လာသည့်အတွက် ထိန်းချုပ်ထားရသည့် မွတ်စလင် ဘင်္ဂလီအရေအတွက်မှာ ယင်းပြဿနာ ဖြစ်ပွားနေတဲ့ အချို့ဒေသတွေထက်ပင် များနေသည်ကိုတွေ့ရတာကြောင့် ရေရှည်ထိန်းချုပ်ထားနိုင်မယ့် မဟာဗျူဟာ ၊ နည်းဗျူဟာ ၊ အဂ္ဂမဟာဗျူဟာများ ချမှတ်ထိန်းချုပ်သွားဖို့ရန် ကြိုးစားကြဖို့လိုသည်။ထို့အပြင် အမျိုးသား အကျိုးစီးပွား ၊ နိုင်ငံတော် လုံခြုံရေး ပြဿနာ ဖြစ်သည်ကြောင့် နယ်စပ်ဒေသများအထူးလုံခြုံမှု ရှိစေရန် ဖြစ်နိုင်သည့်နည်းလမ်းပေါင်းစုံသုံး၍ ကြပ်မတ်ဆောင်ရွက်ကြဖို့လိုသည်။အခြားနိုင်ငံခွဲထွက်မှု ပြဿနာတွေ မဖြစ်လာစေရေး သတိကြီးကြီးနဲ့ ဆောင်ရွက်ဖို့လိုနေပြီ ဖြစ်ပါကြောင်း။

Oppositeye myanmar

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ