ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတိုင်းဟာ မိမိတို့ ကိုးကွယ်ယုံကြည်ရာ ဘာသာတရားအပေါ်မှာ အလေး အမြတ်ထား ဆည်းကပ်ပူဇော်ကြလေ့ရှိသလို နေ့စဉ်တိုင်း အချိန်အားလပ်မှုရသလောက်မှာ ဘုရားဂုဏ် တော်၊ ဓမ္မဂုဏ်တော်တို့ကို စိတ်မှတ်ရွတ်ပွားလေ့ရှိကြပါတယ်။ ဘုရားရိပ်၊ တရားရိပ်က လူသားတို့ ရဲ့စိတ်ကို အေးမြငြိမ်းချမ်းစေပြီး လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ အကုသိုလ်စိတ်တွေလည်း ငြှိမ်းသတ် ကင်းဝေးစေပါတယ်။ ဒါကြောင့်မို့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီခိုင်သင်းကြည်ရဲ့ ဗုဒ္ဓဘာသာတရားအပေါ် ကိုးကွယ်ယုံကြည် အလေးအမြတ်ထားပုံ၊ လူမှုဘဝနေထိုင်ရှင်သန်မှုအတွက် အနုပညာအလုပ်တွေလုပ်ရင်း အချိန်အားလပ်မှုရရှိသလောက် ပဋ္ဌာန်းရွတ်ပွားကာ ဘုရားအသိ၊ တရားအသိရှိခဲ့ပုံနဲ့ ဘာသာတရားရဲ့ အကျိုးကျေးဇူးရှိပုံအကြောင်းတွေကို ပရိသတ်များ တစ်ဆင့်ကုသိုလ်ပြုစေတနာ သဒ္ဓါတရား ကြည်ညိုပွားများနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။
အားလပ်တဲ့အချိန်မှာ ပဋ္ဌာန်းရွတ်တယ်
ဘာသာရေးနဲ့ပတ်သက်ပြီးတော့ အများကြီးတော့ မလုပ်ဖြစ်ပါဘူး။ မနက်ပိုင်း ဘုရားဆွမ်းတော် ကပ်တယ်၊ သောက်တော်ရေကပ်တယ်၊ ငါးပါး သီလယူတယ်။ ဘုရားပန်းကပ်တယ်။ မျက်နှာသစ်တော်ရေကပ်တယ်။ ဒါက တော့ ပုံမှန်လေးလုပ် ဖြစ်တယ်။ နေ့တိုင်း ဇာတ်ကားရိုက်သွားရင်ပဲဖြစ်ဖြစ်၊ အားလပ် တဲ့အချိန် ရှုတင်မှာ နားတဲ့အချိန်မှာဖြစ်ဖြစ် ပဋ္ဌာန်းတစ်ခေါက်တော့ ရွတ်ဖြစ်ပါတယ်။ ဒါကလည်း အမှန်အတိုင်း ပြောရင် သိပ်မလုပ်ဖြစ်ဘူးလို့ ပြောရင်ရပါတယ်။အမှန်တကယ်ဆိုရင် တရားစခန်းတွေဝင်ပြီး ဘုရား ကျောင်း ကန်တွေသွားရမယ့်အချိန်ပါပဲ။
တနင်္လာနေ့တိုင်း ရွှေတိဂုံဘုရားသွား
တနင်္လာနေ့တိုင်း ရွှေတိဂုံဘုရား ကုန်းတော်ရင်ပြင်ပေါ်တက်ပါတယ်။ ရွှေတိဂုံဘုရားမှာ ပဋ္ဌာန်းရွတ်တယ်။ ရေသပ္ပာယ်တယ်၊ ပန်း ကပ်တယ်။ တနင်္လာနေ့တိုင်း မခိုင်လေး ရန်ကုန်မှာရှိနေတဲ့အချိန်ဆို နေပူပူ၊ မိုးရွာရွာ မဖြစ်ဖြစ်တဲ့နည်းနဲ့သွားတယ်။ နယ် မှာေ ရာက်နေ ရင်တော့ မသွား ဖြစ်ဘူးပေါ့။ တစ်ခါတလေ Night Scene တွေက တအားနောက်ကျလို့ ရွှေတိဂုံဘုရားပိတ်သွားရင်လည်း ဘယ်လိုမှ သွားလို့ မရဘူးပေါ့။ များသောအားဖြင့်တော့ မရောက်ရောက်အောင်သွားပါတယ်။ အဓိဋ္ဌာန်ထားတာ တော့မဟုတ်ပါဘူး။ မခိုင်လေး တနင်္လာနေ့တိုင်း ဘုရားသွားတယ်ဆိုတော့ လူတွေအားလုံးက အဓိဋ္ဌာန်ထား တယ် ထင်ကြတယ်။ဘာလိုချင်တယ်၊ ညာလိုချင်တယ်၊ ဘာဖြစ်ရမယ်၊ ညာဖြစ်ရမယ်ဆိုပြီး အဓိဋ္ဌာန်ထား တာ မရှိပါဘူး။ ဆုလည်းမတောင်းထားဘူး။ ဘုရားကိုလာပါမယ်ဆိုပြီးလည်း ကတိမပေးထားဘူး။ မခိုင်လေးရဲ့စိတ်ထဲမှာ သွားကိုသွားမယ်ဆိုတဲ့စိတ်လုပ်ထားတယ်။ ဘာဖြစ်လို့လဲဆိုရင် အရင်တုန်းက ဆို ရွှေတိဂုံဘုရားကို မွေးနေ့လောက်ကလွဲပြီး မရောက်ဖြစ်ဘူး။ မခိုင်လေးအသိဆိုရင် ရွှေတိဂုံဘုရားနားမှာနေ တာ။ ရွှေတိဂုံ ဘုရားကိုမြင်ပြီး အပေါ်တက်မဖူးဖြစ်တာ နှစ်နှစ်လောက်ရှိပြီတဲ့။ ဒီလို ဘုရားနေရာကို သွားကိုသွားမှ ဖြစ်မယ်ဆိုတဲ့စိတ်မျိုးရှိမှ သွားဖြစ်တာ။ နို့မို့ဆိုရင် မသွားဖြစ်တော့ဘူးလေ။ ကိုယ်က မြန်မာပြည်လို ဗုဒ္ဓဘာသာတိုင်း ပြည်မှာလူဖြစ်ခွင့်ရတယ်။ ရွှေတိဂုံဘုရားရှိတဲ့ ရန်ကုန်မြို့မှာမှ နေခွင့် ရတယ်။ လက်တစ်ကမ်းအကွာလေးမှာ။ ဘယ် လောက်မှလည်း မဝေးဘူးလေ။ ဒါကြောင့် ဂရုတစိုက်လေးနဲ့ သွားဖြစ်လိုက်တယ်။ တချို့ ဆို ယိုးဒယားက လူတွေက ရွှေတိဂုံဘုရားဖူးချင်လိုက်တာ၊ နယ်ကလူတွေ ဆိုလည်း ဖူးချင်ပေမယ့် ဖူးခွင့်မရဘူးလေ။ ကိုယ်က တစ်မြို့ ထဲမှာ ဖူးကိုဖူးသင့်တယ်ဆိုပြီး ကိုယ့် ရဲ့မွေးနေ့ ဖြစ်တဲ့ တနင်္လာနေ့တိုင်းကို ရွှေတိဂုံဘုရားကုန်းတော် ရင်ပြင်ပေါ် တက်ဖြစ်တာပါ။ အမျိုးသားကလည်း ရှုတင်က Night Scene ရှိလို့ ၉ နာရီခွဲမှဆိုရင်လည်း မီသေးတယ်ဆိုပြီး အမြန်မောင်းပို့ပေးတယ်။ ဒီလို လိုက်ပို့ပေးမယ့် သူကလည်းရှိတယ်။ နောက်ပြီး အဲဒီတစ်ရက်ကိုတော့ ငါးပါးသီလလုံအောင် ထိန်းမယ်ဆိုပြီး သတ်မှတ်လိုက်တယ်။ အမှန်အတိုင်းပြောရရင် ဘုရားတရားလုပ်တာတို့၊ တရားထိုင်တာတို့ မလုပ်နိုင်ရင်တောင်မှ လူဆိုတာငါးပါးသီလလေးလုံအောင် ထိန်းရင်တော့ အပါယ်မကျနိုင်ဘူးလို့ တော့ ထင်ပါတယ်။ ဒီဘဝအတွက်ပဲ လုပ်နေလို့မရဘူး။ နောက်ဘဝကူးကောင်းဖို့လည်း လိုသေးတယ်လေ။
ဘုရားတရား အကျိုးကျေးဇူး
ဘာသာတရားလုပ်တယ်ဆိုတာက များသောအားဖြင့် တရားထိုင်တဲ့လူဆိုလည်း တအားကောင်းတာပေါ့။ ထိုင်တဲ့အချိန်မှာ သူများကို မကောင်းတာမပြောမိတော့ဘူး။ မကောင်းတာ စိတ်မရောက်တော့ဘူး။ အကုသိုလ်ကင်းတာပေါ့။ပဋ္ဌာန်းရွတ်တာ ဘုရားရှိခိုးနေတဲ့ အချိန်ဆိုလည်းကျန်တဲ့ဒေါသတွေ၊ လောဘ တွေ၊ မောဟတွေမရှိတော့ဘူးပေါ့။ အချိန်ပိုင်းလေးပဲ ဖြစ်ဖြစ်အဲဒီလိုမျိုး စိတ်တွေ ထိန်းနိုင်တော့ ကိုယ့်အတွက် ကောင်းကျိုးဖြစ်စေပါတယ်။
Popular Journal
No comments:
Post a Comment