ကိုပါအမေရိကဖလား ဗိုလ်လုပွဲတွင် မိနစ် ၁၂၀ အထိ ဂိုးမရှိ သရေကျခဲ့ပြီးနောက် ပင်နယ်တီ အဆုံးအဖြတ် ခံယူရာ အိမ်ရှင်ချီလီအသင်းက အာဂျင်တီးနားကို ၄-၁ ဂိုးဖြင့် နိုင်ပြီး ပထမဆုံးကိုပါ အမေရိကဖလား
ပထမပိုင်းမပြီးမီ အဂူရိုပို့ ပေးသောဘောလုံးကို လာဗက်ဇီရပြီး ကြီးမားသည့်အခွင့်အရေးတစ်ရပ်ရရှိခဲ့သော် လည်း ၎င်း၏ ကန်သွင်းချက်မှာ ချီလီဂိုးသမား ဘရာဗိုကို တည့်တည့်ကန်မိခဲ့သည်။
မက်ဆီ၏ အလွတ်တည်ကန်ဘောကို အဂူရို၏ ခေါင်းတိုက် ဂိုးသွင်းချက်ကိုလည်း ဘရာဗိုကပင် ကာကွယ် သွားသည်။
နာကျင်အချိန်ပိုတွင် ဟီဂူ ယင်အကောင်းဆုံးအခွင့်အရေး ရ ခဲ့သော်လည်း ဂိုးပေါက် လွဲချော်ခဲ့ သည်။
ချီလီနည်းပြ ပြောထားသကဲ့သို့ အိမ်ရှင်က ပွဲချိန်ပြည့်နီးပါး အာဂျင်တီးနားကို ရှိန်မနေဘဲ တိုက်စစ်ဖွင့် ကစားခဲ့ပြီး ဘောလုံး ပိုင်ဆိုင်မှု အသာစီးရခဲ့သည်။
ဗားဂတ်စ်နှင့် ဆန်းချက်ဇ်တို့ တစ်ကြိမ်စီ အခွင့်အရေး ရခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပေ။
ကိုပါအမေရိကဖလားပြိုင်ပွဲတွင် လေးကြိမ်တိုင် ဒုတိယသာရရှိထားသော ချီလီအသင်းမှ အာဆင်နယ် တိုက်စစ်မှူး ဆန်းချက်ဇ် က ဂိုးသမားကို လှည့်စား၍ ပင်နယ်တီ ကန်သွင်းခဲ့သည်။
ပြီးခဲ့သည့် ကိုပါအမေရိက ဖလား ဗိုလ်လုပွဲသို့ သုံးကြိမ်တွင် နှစ်ကြိမ်ရှုံးနိမ့်ထားသော အာဂျင် တီးနားအသင်းမှ မက်ဆီတစ်ဦး တည်းသာ ပင်နယ်တီဝင်အောင် ကန်သွင်းနိုင်ခဲ့သည်။
ချီလီအသင်း အနိုင်သေချာစေမည့် ပင်နယ်တီကို ဆန်းချက်ဇ်က သွင်းယူလိုက်ခြင်းကြောင့် မယုံနိုင်လောက်သော ပျော်ရွှင်မှုပေးစွမ်းသည်ဟု ချီလီနည်းပြ ဂျော့ခ်ျဆမ်ပေါ်လီက ပြောကြားသည်။
အာဂျင်တီးနားနည်းပြ မာ တီနိုကမူ ဗိုလ်လုပွဲတွင် ကိုပါဗိုလ် လုပွဲ၌ ချီလီအသင်းကို ရှုံးနိမ့် ခြင်းမှာ ကံမကောင်းခြင်းဖြစ်ပြီး ၎င်း၏အသင်းသားများနှင့်အတူ သေဆုံးသည်အထိ ရပ်တည်ပေးသည်ဟု ပြောသည်။
စနေနေ့ ကိုပါအမေရိက ဗိုလ်လုပွဲ ပထမပိုင်းတွင် အာဂျင် တီးနား ကြယ်ပွင့် မက်ဆီ၏ မိသားစုဝင်များကို ချီလီပရိသတ်များက တိုက်ခိုက်ခဲ့သောကြောင့် လုံခြုံရေးအတွက် ရုပ်သံလွှင့်သည့်အခန်းသို့ ပြောင်းရွှေ့ အားပေးခဲ့ရသည်။
ဒေါသတကြီး အပြန်အလှန်ပြောဆိုမှုအပြီး မက်ဆီ၏ ညီ ရိုဒရီဂို (၂၈) နှစ်ကို ချီလီပရိသတ် တစ်ဦးက ထိုးနှက်ခဲ့ပြီးနောက် ယင်းကဲ့သို့ နေရာပြောင်းရွှေ့ရ ခြင်းဖြစ်သည်။
တိုက်စစ်မှူး ဆာဂျီယိုအဂူရို၏ မိသားစုဝင်များကိုလည်း ချီလီပရိသတ်အချို့က တိုက်ခိုက်ခဲ့ကြကြောင်း သတင်းများက ဖော်ပြသည်။
အာဂျင်တီးနားမှ မန်ယူ တောင်ပံကစားသမား ဒီမာရီယာသည် ပထမပိုင်း ၂၉ မိနစ်အထိ ကစားပြီးနောက် လာဗက်ဇီနှင့် လူစားလဲခဲ့ရသည်။
၎င်းသည် တစ်မိနစ်၊ နှစ်မိနစ်ခန့် လဲကျသွားခဲ့ပြီး ပြန်ကစားခဲ့သော်လည်း တံကောက်ကြော ဒဏ်ရာကြောင့် ဆက်မကစားနိုင်တော့၍ လူစားလဲခဲ့ရခြင်းဖြစ်သည်။
7Day Daily
No comments:
Post a Comment