Thursday, July 9, 2015

အထောက်အထားမပါသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားနှင့် ဖိလစ်ပိုင်နိုင်ငံသူ ဘူးသီးတောင်မြို့တွင် ဖမ်းမိ

အထောက်အထားတစ်စုံတစ်ရာမပါသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးနှင့် ဖိလစ်ပိုင်နိုင်ငံသူ တစ်ဦးတို့ကို ဘူးသီးတောင်မြို့ အမြန်ရေယာဉ်ဆိပ်ကမ်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

မြ၀တီနယ်စပ်မှ ၀င်ရောက်လာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှင့် ဖိလစ်ပိုင်နိုင်ငံသူတို့ကို စစ်တွေမှ ဘူးသီးတောင်သို့ ထွက်ခွာလာသည့် အမြန်ရေယာဉ်ပေါ်တွင် ဇူလိုင် ၅ ရက်က ဖမ်းဆီးမိခဲ့ပြီး လူဝင်မှုကြီးကြပ်ရေး(ချုပ်နှောင်ခြင်း) နည်းဥပဒေအပိုဒ် ၂ (၁) အရ ချုပ်နှောင်ထားကြောင်း ဘူးသီးတောင် မြို့မရဲစခန်းမှ သတင်းရရှိသည်။

‘‘လောလောဆယ်ချုပ်ထားပြီးတော့ စစ်ဆေးမှုတွေပြုလုပ် နေပါတယ်။ စစ်ဆေးမှုတွေအရ မြ၀တီနယ်စပ် က ၀င်လာတာလို့ ပြောပါတယ်။ ဥပဒေနဲ့အညီ လာရာလမ်းအတိုင်း ပြည်နှင်မိန့် လျှောက်ထားဆဲ ဖြစ်ပါတယ်’’ဟု ခရိုင်လ၀ကဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဘူးသီးတောင်မြို့မှ အရပ်ဘက်အဖွဲ့အစည်းလူမှုကွန်ရက် အဖွဲ့ဝင်တစ်ဦးကလည်း ‘‘မြ၀တီ ကနေလာပြီး တော့ မြန်မာနိုင်ငံကို ဖြတ်လာတာ ဘူးသီးတောင်မှာပဲ ဖမ်းမိတယ်ဆိုတော့ လုံခြုံရေး ဘယ်လောက်ကျိုး ပေါက်နေတယ်ဆိုတာ သိသာနေပါတယ်’’ ဟု ပြောသည်။

7Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ