လာမည့်ရွေးကောက်ပွဲတွင် ဖက်ဒရယ်ပြည်ထောင်စုပါတီ (FUP) က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ်ပေါင်း ၃၄ မြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ပါတီဒုဥက္ကဋ္ဌစ၀်သာဦးက
ပြောသည်။
ပြောသည်။
ဇူလိုင် ၈ ရက်က တောင်ကြီး မြို့ရှိ ကျားဖြူပါတီရုံးခန်းတွင် ပြုလုပ်ခဲ့သည့် ဖက်ဒရယ်ပြည်ထောင်စုပါတီ (FUP)ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား၌ သတင်းမီဒီယာများအား ပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘အနည်းဆုံး ၃၄ မြို့နယ်၊ တစ်မြို့နယ်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးယောက်နှုန်းနဲ့ တစ်နိုင်ငံလုံး မှာ ယှဉ်ပြိုင်သွားမှာပါ’’ဟု စ၀်သာဦးက ပြောသည်။
ရန်ကုန်တိုင်းတွင် ၁၅ မြို့ နယ်၊ မန္တလေးတိုင်းတွင် ငါးမြို့ နယ်၊ ရှမ်းပြည်နယ်တွင် ၄ မြို့နယ်နှင့် မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ကယားပြည်နယ်တို့တွင်လည်း ၀င်ရောက်ယှဉ်ပြိုင်ရန် လျာထားကြောင်း သတင်း ရရှိသည်။
ဖက်ဒရယ်ပြည်ထောင်စုပါ တီ (FUP) ကို ညီနောင်တိုင်းရင်းသားပါတီ ၂၃ ပါတီဖြင့် ဖွဲ့စည်းထားပြီး ၂၀၁၃ ဒီဇင်ဘာတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပါတီမှတ်ပုံတင်ခွင့် ပြုခဲ့သည်။
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် FUP ပါတီဝင်နှစ်သောင်းကျော်ရှိပြီး ပါတီအတွင်း ပါဝင်ထားသည့် တိုင်းရင်း သားညီနောင် ပါတီများကပါ အင်အားဖြည့်ကူညီပေးသွားမည်ဟု စ၀်သာဦးကပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် တောင်ကြီးမြို့နယ်ဖက်ဒရယ်ပြည်ထောင်စုပါတီ (FUP) ရုံးကို ဇူလိုင် ၈ ရက် က စတင်ဖွင့်လှစ်ဆိုင်းဘုတ်တင်ခဲ့ပြီး ကလော၊ရပ်စောက်နှင့် ညောင်ရွှေမြို့နယ်ရုံးများကိုပါ ဆက်လက် ဖွင့်လှစ်မည်ဟု သတင်းရရှိသည်။
7Day Daiy
No comments:
Post a Comment