Sunday, July 5, 2015

ရခိုင်တိုင်းရင်းသားများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ငွေ ၊ ဆန် ၊ ဆီ နှင့် အိမ်ဆောက်ရန် ငွေကျပ် ၃၅ သိန်းစီထောက်ပံ့

အလုပ်အကိုင်အခွင့်အလမ်းကြောင့်ကချင်ပြည်နယ်သို့ရောက်ရှိနေသော ရခိုင်တိုင်းရင်းသားတစ်ချို့သည် လူမှုဘ၀ဆိုင်ရာ ပညာရေး၊ ကျမ်းမာရေး၊ စီးပွားရေး၊ လူမှုဘ၀ရပ်တည်မှုအခက်အခဲများနှင့်ကြုံတွေရပြီး မိမိနေရပ် ရခိုင်ပြည်သို့ပြန်လာလိုသူများအား ကချင်ပြည်နယ်အခြေစိုက် ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့၏ ဦးဆောင်မှု၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏လိုအပ်သည်များကူညီဆောင်ရွက်ပေးမှုကြောင့် အိမ်ထောင်စု(၁၄၈)စု လူဦးရေ(၅၀၉)ဦးတို့အားရခိုင်ပြည်နယ်သို့ပြန်လည်ခေါ်ဆောင် ခဲ့ရာ အဆိုပါရခိုင်တိုင်းရင်းသား များသည် ဇူလိုင်လ (၁)ရက်နေ့ည(၈း၃၀)က မင်းပြားမြို့သိုရောက်ရှိခဲ့ပြီး မြို့မတောင်ကျောင်း/ မြောက်ကျောင်း နှင့် ဓမ္မာရုံများတွင်နေရာချထားပေးခဲ့ပြီးလိုအပ်သောစားနပ်ရိက္ခာများ၊ကျမ်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကိုဆောင်ရွက်ပေးခဲ့ကြောင်းသိရှိသည်။ဇူလိုင်လ(၂)ရက်နေ.နေ.လည်ပိုင်းတွင် မင်းပြားမြို့ရမ္မာဝတီခမ်းမ၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အဆိုပါရခိုင်တိုင်းရင်းသားများအား ငွေ၊ဆန်၊ဆီ နှင့် အိမ်အသုံးအဆောင်ပစ္စည်းများအပါဝင်မိမိနေရပ်တွင်အိမ်ဆောက်နိုင်ရန်တစ်အိမ်တောင်လျှင်ငွေကျပ်(၃၅)သိန်းစီထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကိုကျင်းပခဲ့ရာရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးမောင်မောင်အုန်း၊ ပြည်
နယ်ဝန်ကြီးများ၊ပြည်နယ်/ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊မြို့မိမြို့ဘများ၊လူမှုရေးအသင်းအဖွဲ့များတက်ရောက်ခဲ့ ကြောင်းသိရှိရသည်။

“ကချင်ပြည်နယ်မှာအကြောင်းအမျိုးမျိုးနဲ့ရောက်ရှိသွားပြီးလုပ်ကိုင်စားသောက်နေရပြီးနေမြေဒေသအနေအ
ထားရအခုလို မိမိဒေသကိုပြန်လာတာတွေ့ရတော့ ကျွန်တော်အနေနဲ့ဝမ်းမြောက်စွာကြိုဆိုပါတယ်၊ အင်မ တန်ဂုဏ်ယူပါတယ်။ ရခိုင်တိုင်းရင်သားတွေကို အခုလိုဦးဆောင်ပြီးခေါ်လာတဲ့ကချင်အခြေစိုက်ရခိုင်စာပေ နှင့်ယဉ်ကျေးမှုအဖွဲ့ကိုလည်းကျေးဇူးတင်ပါတယ်၊ မှတ်တမ်းလည်းတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်လို့ထပ်
ပြောပါရစေ။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကအမှာစကားပြောရာတွင် ထည့်သွင်းပြောခဲ့သည်။ ဆက်လက်ပြီး ၀န်ကြီးချုပ်က “အခုလိုပြန်လာတဲ့တိုင်းရင်းသားတွေအတွက် နေစရာအိမ်ဆောက်လုပ်ဖို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က တစ်အိမ်ထောင်ကိုအိမ်ဆောက်ဖို့ (၃၅)သိန်းစီမတည်ပေးပါမယ်။

အဲဒီပိုက်ဆံနဲ့ကိုယ့်ရပ်ကိုယ့်ဒေသကိုရောက်တဲ့အခါ အိမ်ဆောက်ပြီးပိုတဲ့ငွေတွေကို ရင်းနှီးလုပ်ကိုင်စား သောက် ကြပါ။အလုပ်အကိုင်ရရှိရေးကိုလည်း ကျွန်တော်တာဝန်ယူပါတယ်။ မကြာခင်မှာ ပုဏ္ဏားကျွန်းစက်မှုဇုံ အကောင်အထည်ဖေါ်တော့မှာပါ။အဲဒီအခါကျရင် ၀န်ထမ်းအင်အား ငါးသောင်းကနေ တစ်သိန်းအထိ လိုအပ်ချက်ရှိလာမှာဖြစ်ပါတယ်။အဲဒီမှာအလုပ်အကိုင်ရရှိရေးကိုဆောင်ရွက်ပေးပါမယ်။

မင်းပြားမြို့နယ် ဥသာကျေးရွာမှဦစိန်ကျော်နုက “အခုလိုရဖို့မမျှော်လင့်ပါဘူး၊ကျွန်တော်တို့ အခုလိုကိုယ့်မွေး
ရပ်မြေကိုပြန်ရောက်ပြီဆိုပေမယ့် ရွာကိုရောက်ရင်နေစရာအိမ်မရှိတော့ပါဘူး။ခုလိုအိမ်ဆောက်ဖို့ငွေ(၃၅)သိန်းစီပေးတာကိုဘယ်လို ကျေးဇူတင်စကားပြောရမှန်းတောင်မသိပါဘူး။ ရွာမှာကအိမ်တစ်လုံးဆောက်ရင် အဲလောက်ထိမကုန်ဘူးဆိုတော့ ပိုတဲ့ပိုက်ဆံနဲ့ ရင်နှီးစားသောက်သွားမှာပါ”ဟု ၀မ်းသာအားရပြော ကြားခဲ့သည်။ အခုပြန်လည်ရောက်ရှိလာသော ဒေသခံတိုင်းရင်းသားများ၏သားသမီးများအတွက်လည်း မိမိတို့၏နေရပ်သို့ပြန်ရောက်သည့်အခါ ပညာသင်ကြားနိုင်ရေးများကို သက်ဆိုင်ရာများနဲ့ညှိနိုင်းဆောင် ရွက်ပေးသွားမည်ဖြစ်ကာ စာသင်ကြားနိုင်ရေးအတွက်စာအုပ်များလည်း ထောက်ပံ့ပေးသွားမည်ဟု သိရှိရ သည်။အဆိုပါအခမ်းအနားတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှငွေကျပ်(၁သိန်း၊ ဆန်းတစ်အိပ်၊ ဆီ၊ နှင့်မိသားစု အသုံအဆောင်ပစ္စည်းများကိုပေးအပ်ထောက်ပံ့ပေးခဲ့ပြီး၊ပြည်နယ်အဆင့်ဌာနဆိုင်ရာများစုပေါင်းပြီးငွေကျပ်သိန်း(၃၀)ကိုလည်းပေးအပ်လှုဒါန်းခဲ့ကြောင်းသတင်းရရှိသည်။ဒီသတင်းဖတ်ရလို့ အရမ်းရင်ထဲမှာ ပီတိဖြစ်မိပါတယ် ဘယ်လိုပြောရမလဲ ဘာမှမပြောပြတတ်လောက်အောင် ဝမ်းသာပါတယ် ရခိုင်ပြည် ဝန်ကြီးချုပ်ကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။ ။

Opposite Eyes

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ