မြေခွေး နဲ့ ရွှေကျီး
***********
တစ်ခါတော့ ကျီးကန်း တစ်ကောင်ဟာ သစ်ပင် တစ် ပင်ပေါ်မှာ နားနေတယ်။ ပါးစပ်ကလဲ ဒိန်ခဲတစ်ခုကို ကိုက်ထားတယ်။ မြေခွေးတစ်ကောင်ကလဲ ဗိုက်ဆာဆာ နဲ့ လမ်းလျှောက်လာရင်းနဲ့ ကျီးကန်းပါးစပ်ထဲက ဒိန်ခဲ ကို တွေ့သွားတယ်။သူလဲစားဖို့ကြံတော့တယ်။
မြေခွေးက သစ်ပင်အောက်ကို သွားပြီးတော့ ကျီးကန်း ကိုမော့ကြည့်တယ်။ ပြီးတော့
" အို အသင်ကျီး သင့်ကို ကြည့်ရတာ တခြားကျီးတွေနဲ့ မတူ တမူထူးခြားပြီးတော့ မဲနက်နေတဲ့ အမွှေး အတောင်တွေနဲ့ စူးရှတဲ့ မျက်လုံး ကြီးမားတဲ့ တောင် ပံတွေ ရှိတယ် အင်း ဒီလို ထူးခြားတဲ့ အသင်ကျီးရဲ့ အသံကို ကြားချင်စမ်းပါဘိဗျာ "
ကျီးကန်းလဲ ကိုယ့်ကိုကိုယ် အထင်ကြီးသွားပြီးတော့ သူ့အသံကြားရအောင် အော်လိုက်တယ်။ အဲဒီအချိန်မှာပဲ ပါးစပ်ထဲက ဒိန်ခဲဟာ သစ်ပင်အောက်ကို ကျသွားပြီးတော့ မြေခွေးက တစ်ခါထဲ ကုန်အောင် စားပစ်လိုက်တော့တယ်။
ပြီးတော့ မြေခွေးကပဲ " ဒီမယ် ကျီးမိုက် နောက်တစ်ခါ မှတ်ထား ကိုယ့်ကို မြှောက်တိုင်း မမြောက်နဲ့ကွ " ဆိုပြီးတောအုပ်ထဲကို ၀င်ရောက်ပျောက်ကွယ်သွားတော့ တယ်။
မောင်စိုင်း
No comments:
Post a Comment