ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဗြိတိန်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးမှု ဝန်ကြီးဌာန ဝန်ကြီး ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဗြိတိန်နိုင်ငံ
နိုင်ငံတကာ ဖွံ့ဖြိုးမှုဝန်ကြီးဌာန ဝန်ကြီး H.E.Mr.Desmond
Swayne ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ၂၀၁၄ခုနှစ်
သြဂုတ် (၂၇)နံနက် (၁၀)နာရီ (၄၅) မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့ လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့
လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒ ကျော်စွာ၊ ပြည်သူ့ လွှတ်တော် နိုင်ငံ တကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ပြည်ထောင်စု လွှတ်တော် ရုံးနှင့် ပြည်သူ့ လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အဆိုပါတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ၏ လွှတ်တော်သုတေသနလုပ်ငန်း
များကို ကူညီထောက်ပံ့ ပေးခြင်းနှင့် စပ်လျဉ်း၍ ရင်းနှီး ခင်မင် စွာ ဆွေးနွေးကြသည်။

၂၀၁၄ခုနှစ် သြဂုတ် ၂၈ ရက်
ပြည်သူ့လွှတ်တော်
No comments:
Post a Comment