ဘာလင် စက်တင်ဘာ ၃
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် အဖွဲ့ဝင်များနှင့်အတူ ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့မှ ဘာလင်မြို့သို့ အမြန်ရထား ICE Train 278 ဖြင့် စက်တင်ဘာ ၂ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ ၁၃ မိနစ်တွင် ထွက်ခွာသည်။
ယင်းသို့ထွက်ခွာစဉ် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် အဖွဲ့အား အာရှ-ပစိဖိတ်-အမေရိက ဒေသတာဝန်ခံ DB BAHN မှ အမှုဆောင် ဒါရိုက်တာ Mr. Simon Giovanazzi က ဂျာမနီနိုင်ငံ၏ ရထားပို့ဆောင်ရေး စနစ်နှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။
ထို့နောက် ဒေသစံတော်ချိန် ည ၇ နာရီ မိနစ် ၄၀ တွင် ဘာလင်ဘူတာသို့ ရောက်ရှိကြရာ ဂျာမနီနိုင်ငံ သံတမန်ရေးရာ ဌာနအကြီးအကဲ နှင့် တာဝန်ရှိသူ များက ဘူတာ၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ နှင့်အဖွဲ့သည် ခေတ္တတည်းခိုမည့် Intercontinental ဟိုတယ်သို့ မော်တော်ယာဉ် များဖြင့် ရောက်ရှိကြရာ အာဆီယံနိုင်ငံ သံအမတ်ကြီး များနှင့် သံရုံးမိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။
သမ္မတရုံး
No comments:
Post a Comment