ရဲရဲဝံ့ဝံ့ဖြောင့်ဖြောင့်မှန်မှန်ခေါင်းဆောင်ကောင်းနှင့်နောက်လိုက်ကောင်း
တိုင်းရင်းသားလူမျိုးပေါင်းစုံတို့
မြန်မာနိုင်ငံ၌ စုပေါင်းနေထိုင်လျှက်ရှိသည်။ နိုင်ငံတော်ကို ပြည်ထောင်စု စနစ်ဖြင့်ဖွဲ့စည်းတည်ဆောက်ထားရာ
တိုင်းဒေသကြီး (၇)ခု ပြည်နယ်(၇)ပြည်နယ်ပါဝင်ပြီး ထိုတိုင်းဒေသကြီး (၇)ခုနှင့်ပြည်နယ်(၇)ပြည်နယ်တို့သည်
အဆင့်အတန်းတူညြီုကသည်။
နိုင်ငံတော်အချုပ်အခြာအာဏာနှင့်
တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှပိုင်းခြား သုံးစွဲခြင်းနှင့် အချင်းချင်းအပြန်အလှန်ထိန်းကျောင်းခြင်းတို့ပြုကြောင်း၊ထိုသို့ပိုင်းခြားထားသည့် နိုင်ငံတော်အာဏာသုံးရပ်ကို
ပြည်ထောင်စု၊တိုင်းဒေသကြီး၊ ပြည်နယ်များနှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများအားခွဲဝေအပ်နှင်းကြောင်းကို
လည်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတိအလင်းပြဌာန်းထားသည်။ ဆက်လက်၍ နိုင်ငံတော်၏ဥပဒေပြုရေး
အာဏာကို ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များအား ခွဲဝေ အပ်နှင်းသည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများအား ဖွဲ့စည်းပုံအခြေခံ ဥပဒေက သတ်မှတ်သော ဥပဒေပြုရေးအာဏာကို
ခွဲဝေအပ်နှင်းသည်ဟူ၍ လည်းအခြေခံဥပဒေတွင်ဖော်ပြထားသည်။
ထို့အတူ နိုင်ငံတော်အုပ်ချုပ်ရေးအာဏာကို ပြည်ထောင်စု၊
တိုင်းဒေသကြီးနှင့် ပြည်နယ်များအား ခွဲဝေအပ်နှင်းသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများကို
ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာကို ဤဖွဲ့စည်းပုံအခြေခံ ဥပဒေအရသတ်မှတ်ပေးသည့်အတိုင်း ခွဲဝေအပ်နှင်းသည်ဟူ၍လည်း
အခြေခံဥပဒေတွင်ပြဌာန်းထားသည်။ ထို့ကြောင့်အုပ်ချုပ်ရေးအာဏာပိုင်အဖြစ်ဗဟိုတွင်ပြည်ထောင်စုအစိုးရအဖွဲ့ရှိပြီးတိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက်အစိုးရအဖွဲ့များ ဖွဲ့စည်းထားရှိသည့်နည်းတူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ
တိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဦးစီး အဖွဲ့များ ကိုလည်း ဖွဲ့စည်းထားရှိကြောင်းတွေ့ရ မည်ဖြစ်သည်။
ယနေ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုကာလကို
ဖြတ်သန်းနေသော မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု ရေချိန်ကို တိုင်းတာကြရာတွင်များသောအားဖြင့်
ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့၏လှုပ်ရှားဆောင်ရွက်မှုအပေါ်၌သာအဓိကထားဆန်းစစ်အကဲ ဖြတ်နေကြောင်း တွေ့ ရသည်။ ပြုပြင်ပြောင်းလဲမှုများကို
အဓိကဦးဆောင်၍ လုပ်နေရသဖြင့် ဗဟိုထိပ်ပိုင်း၌ရှိသော ထိုအဖွဲ့ အစည်းများ၏ လုပ်ရပ်ကပို၍
အဓိကကျနေခြင်းဖြစ်သည်။
ဒီမိုကရေစီအသွင်ကူးပြောင်းရာတွင်လည်း
ရေကန်အသင့်ကြအသင့် အခြေခံကောင်းများ ပြီးပြည့်စုံစွာ ဖြင့်လုပ်ဆောင်ရခြင်းမဟုတ်ကြောင်းအားလုံးအသိဖြစ်သည်။ပြဿနာအဟောင်းများကိုဖြေရှင်းရခြင်း၊
စိန်ခေါ်မှု အသစ်များနှင့် ရင်ဆိုင်ရခြင်း၊ မိတ်ဟောင်းများနှင့် မျက်နှာမပျက်အောင်လုပ်ရခြင်း၊မိတ်သစ်များနှင့်
ဆက်ဆံရေး ထူထောင်ရခြင်း၊ နိုင်ငံရေး လူမျိုးရေး ပဋိပက္ခများ ကင်းစင်ပပျောက်အောင် လုပ်ဆောင်ရခြင်းတို့ဖြင့်
အစိုးရနှင့် လွှတ်တော်တို့မှာ နယ်မြေသစ်ကွင်းစိမ်းတွင် လှုပ်ရှားကစားရသလိုဖြစ်နေပေသည်။
ယင်းအကျပ်အတည်း အခက်အခဲများကြားတွင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအတွက်လည်း အားထုတ်ကြိုးပမ်းနေ
ရပြန်သည်။
မည်သို့ပင်ဖြစ်စေကာမှု
အသွင်ကူးပြောင်းမှုကာလ သုံးနှစ်ကျော်အတွင်း နောက်ကြောင်းပြန် မလှည့်ရုံမက ရှေ့သို့ဦးတည်နေသည့်လမ်းကြောင်း
မတိမ်းမစောင်းအောင် ပြည်ထောင်စုလှေကြီးကို ထိန်းကျောင်းမောင်းနှင် ပဲ့ကိုင်ပေးနေနိုင်သည်ကို
ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆိုထောက်ခံအားပေးနေရ မည်ဖြစ်သည်။ ယင်းသို့နိုင်ငံရေး၊ နိုင်ငံခြားရေး၊ပြည်ထဲရေးတို့ဖြင့်သာ
လုံးပန်းနေရ၍ ပြည်ထဲရေးထက် ၀မ်းရေး ခက်ဆိုသည့်အတိုင်း စီးပွားရေးပိုင်းတွင် ထူးထူးခြားခြား
ထင်ရှားသိသာစွာ တက်မလာသေးသည်မှာ အားမလိုအားမရဖြစ်စရာဖြစ်နေပြန်သည်။
ထို့အပြင်အထက်ကပြောင်းသော်လည်း အောက်ပိုင်းကလိုက်မပြောင်းဟူသော ဝေဖန်ချက်များလည်း ရှိနေရာ အားနည်းနေသည့်
ဟာကွက်ပျော့ကွက်ဖြစ်နေသော အပိုင်းများကို ဆစ်ပိုင်း၍ပြန်လည် ထိန်းမတ် ရန် လိုအပ်ကြောင်း
တွေ့ရှိရသည်။ ယင်းတို့မှာ အုပ်ချုပ်ရေးအာဏာ ကျင့်သုံးမှုအပိုင်းမှကြည့်လျှင် အစိုးရလုပ်ငန်းဦးစီးဌာနများနှင့် ဒေသအဆင့်ရှိလုပ်ငန်းဌာနခွဲငယ်များအပိုင်းကို တွေ့ရှိရမည်ဖြစ်သည်။
အလားတူဥပဒေပြုရေးအာဏာကျင့်သုံးမှုအပိုင်းမှကြည့်လျှင်တိုင်းဒေသကြီးလွှတ်တော်များ
ပြည်နယ်လွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ဦးစီးအဖွဲ့များ အပိုင်းဟူ၍
တွေ့ရှိရမည်ဖြစ်သည်။
အထက်ဖော်ပြခဲ့သည့်အတိုင်း
ဖွဲ့စည်းပုံအခြေခံဥပဒေက အာဏာကိုဗဟိုတွင်သာမထားရှိဘဲ အဆင့်ဆင့်ခွဲဝေအပ်နှင်းထားပြီးဖြစ်ရာ ပြည်ထောင်စုအစိုးရနှင့်
ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့၏ လုပ်နည်းလုပ်ဟန်များကို
ယခုသုံးနှစ်ကျော်ကာလအတွင်း တီးခေါက် ဆ၀ါးမိ ပြီဖြစ်သည် နှင့်အညီ ဒေသနယ်မြေအလိုက်အုပ်ချုပ်ရေးအာဏာ၊ဥပဒေပြုရေးအာဏာတို့ကို
ရဲရဲ ၀ံ့ဝံ့ဖြောင့်ဖြောင့်မှန်မှန် တီထွင်ကြံဆအသုံးချနိုင်ကြရန် ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။
ပြည်ထောင်စုနေ့စဉ်
No comments:
Post a Comment