‘‘MPTဆင်းမ်ကတ်တစ် ကတ်ကို တစ်သောင်းခွဲနဲ့ လိုသလောက်ရောင်းပေးသွားမယ်။ ဆယ်ကတ်ထက် ပိုဝယ်မယ်ဆိုရင်တော့ အိမ်အရောက်ပို့ပေးပါတယ်’’
ငွေတစ်ထောင့်ငါးရာကျပ်ဖြင့် ဖြန့်ချိသည်ဆိုသော MPT ဆင်းမ်ကတ်များကို မှောင်ခိုရောင်းချသူတစ်ဦးက ဖေ့စ်ဘွတ်ခ် ရှိ ဖုန်းကတ်အရောင်းအ၀ယ်စာ မျက်နှာတွင် ပြီးခဲ့သည့် ရက်ပိုင်းကကြေညာထားခြင်း ဖြစ်သည်။
MPT ဆင်းမ်ကတ်များသာမက အူရီးဒူးကဲ့သို့ ပုဂ္ဂလိက ဖုန်းအော်ပရေတာ တန်ဖိုးနည်းဆင်းမ်ကတ်များသည် ကြော်ငြာထားသည့်အတိုင်း လိုသလောက် ၀ယ်မရ။ မူရင်းဈေးအတိုင်း ၀ယ်မရမှုများဖြစ်ပေါ်နေပြီး ဆင်းမ်ကတ်များသည် ဆင်းရဲသား လူတန်းစားများအတွက် အလှမ်းကွာနေဆဲ ဖြစ်သည်။
မှောင်ခိုပြဿနာက MPT ကတ်တွင်သာ မဟုတ်ဘဲ အူရီးဒူးဆင်းမ်ကတ်များ စတင်ရောင်းချစဉ်ကလည်း ငွေကျပ် တစ်သောင်းကျော်အထိ ဈေးတင်ရောင်းချခြင်းများရှိခဲ့သည်။
‘‘တယ်လီနောထွက်လာရင် လည်း မှောင်ခိုဈေးကွက်က ရှိလာနိုင်တာပဲ။ ဒါပေမဲ့ သူတို့က Mark-eting Plan ကို သေချာပြင်ဆင် ထားတဲ့အတွက် ဖြစ်လည်း ခဏပဲ MPT လောက်တော့ မဆိုးနိုင်ဘူး’’ ဟု လူကြီးမင်းစီးပွားရေးလုပ်ငန်း စု မန်နေဂျင်းဒါရိုက်တာ ဦးပြည် စိုးထွန်းက ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းသည် ၎င်းတို့၏ ဆင်းမ်ကတ်များကို စက်တင်ဘာ ၁ ရက်မှစ၍ နိုင်ငံတစ်ဝန်းတွင် လွတ်လပ်စွာဝယ်ယူနိုင်ပြီဟု ကြေညာခဲ့သည်။
သို့သော် လက်တွေ့တွင် အမှန်တကယ်ဝယ်ယူနိုင်သည်မှာ အရောင်းဆိုင်အချို့တွင်သာဖြစ်ပြီး ဆင်းမ်ကတ်အရောင်းအ၀ယ်ပြုလုပ်သူအချို့သည် ကတ်ရာဂဏန်းအထိ ၀ယ်ယူရရှိထားပြီး ဈေးတင်ကာ ပြန်လည်ရောင်းချလျက်ရှိသည်။
တန်ဖိုးနည်းဆင်းမ်ကတ် များ မှောင်ခိုဖြစ်ပေါ်နေမှုတွင် သက်ဆိုင်ရာ ဖုန်းအော်ပရေတာများ၊ တရားဝင်အရောင်းဆိုင်များနှင့် မှောင်ခိုရောင်းချနေသူများကြား မည်သို့အချိတ်အဆက်ရှိနေသည်ကို သံသယရှိစရာဖြစ်နေသည်။
‘‘မန္တလေးမှာ MPT ဆင်းမ်ကတ်ကို တရားဝင် ၁,၅၀၀ နဲ့ လိုသ လောက် ၀ယ်လို့ရတာက ဆိုင် ၂၀ တောင် မရှိဘူး။ ကျန်တဲ့နေရာတွေမှာက နှစ်သောင်းကျော်ပေးရ တယ်။ တယ်လီနောဆိုရင်မန္တလေးက နေရာပေါင်းနှစ်ထောင်မှာဆင်းမ်ကတ်စရောင်းရင် ၁,၅၀၀ နဲ့ ၀ယ်လို့ရအောင် လုပ်ပေးထားတယ်’’ဟု မန္တလေးတိုင်း ကွန်ပြူတာလုပ်ငန်းရှင်အသင်း နာယကဦးရဲမြတ်သူက ပြောသည်။
MPT ဆင်းမ်ကတ်များကို ကိုယ်စားလှယ်အနေဖြင့် တရားဝင်ရောင်းချခွင့် ရရှိထားသည့် Elite Tech အရောင်းဆိုင်များ၌ဆင်းမ်ကတ်များ ရက်ပိုင်းအတွင်း ရောင်းကုန်သွားခဲ့သော်လည်း ဈေးတင်ရောင်းနေသည့် ဆိုင်များနှင့် အရောင်းအ၀ယ်ပြုလုပ်သူများထံတွင် ငွေကျပ် နှစ်သောင်းကျော်ဖြင့် လိုသလောက်ဝယ်ယူ၍ရရှိနေသည်။
‘‘ဆင်းမ်ကတ်တွေကို MPT က နေ တိုက်ရိုက်ချပေးတာမဟုတ် ဘူး။ သူတို့က ကိုယ်စားလှယ်တွေ ကို ချပေးတယ်။ ကိုယ်စားလှယ် တွေက သူတို့နဲ့ ရင်းနှီးတဲ့ဆိုင်တွေကိုပဲ ချပေးတော့ ဆိုင်တိုင်းလည်း ၀ယ်လို့မရဘူး။ ကျန်တဲ့ ဆိုင်တွေ က လိုချင်ရင် တစ်ဆင့်ပြန်ဝယ်ရ တာဆိုတော့ ဈေးတင်ရောင်းတာ တွေ ဖြစ်လာတာပေါ့’’ဟု ရန်ကုန် မိုဘိုင်းဖုန်းဆိုင်မှ မန်နေဂျင်းဒါ ရိုက်တာ ဦးသန်းထိုက်စိုးက ပြော သည်။
ဆင်းမ်ကတ်များကို ငွေကျပ် နှစ်သောင်းကျော်အထိ ဈေးတင်၍ ရောင်းချနေခြင်းမှာ သာမန်လူ တစ်ယောက်အတွက် ပြဿနာမရှိသော်လည်း တစ်ရက်လျှင် ငွေ တစ်ထောင်ကျော်သာ ၀င်ငွေရှိသော အခြေခံလူတန်းစားများ အတွက် ၀ယ်ယူအသုံးပြုရန် အ ခက်အခဲများရှိနေသည်။
‘‘MPT ဆင်းမ်ကတ်ရတယ်ဆိုပြီး သွားမေးကြည့်လိုက်ရင် နှစ် သောင်းကျော်နဲ့ ရောင်းနေတဲ့ ဆိုင်ကများတယ်။ အဲဒီအတွက် ပြန် ပြီးစစ်ဆေးတာလည်း မတွေ့ရ ဘူး။ ကတ်တစ်ရာ ချပေးရင် ငါး ဆယ်လောက်က မှောင်ခိုဈေး ကွက်ထဲကို ရောက်သွားလားဆို တာ စဉ်းစားစရာဖြစ်လာတယ်’’ ဟု မြန်မာနိုင်ငံကွန်ပျူတာပညာ ရှင်အသင်းမှ အလုပ်အမှုဆောင် ဦးဇော်ဝင်းထွန်းက ဆိုသည်။
မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းအနေဖြင့် စက်တင်ဘာ ၁ ရက်မှစ၍ ရက်ပိုင်းအတွက် ဆင်းမ်ကတ် ခုနစ်သိန်းကို ပထမအသုတ်အနေဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
သို့သော် အဆိုပါဆင်းမ်ကတ်များကို ငွေဖြည့်သွင်း၍ အသုံးပြုသည့် အရေအတွက်မှာ လေးသိန်းကျော်သာရှိခဲ့ပြီး ကျန်သော ဆင်းမ်ကတ်များမှာ အသုံးပြုသူများထံသို့အမှန်တကယ်ရောက်ရှိခြင်းရှိ၊ မရှိကို မသိရသေးပေ။
‘‘နဂိုကတည်းက ဘယ်လိုပုံစံနဲ့ ဖြန့်သွားမယ်ဆိုတာမျိုး Plan မရှိဘူး။ အဲဒါကြောင့် နီးစပ်တဲ့လူတွေကိုပေးပြီး ဖြန့်တဲ့အတွက် အခုလို နေရာတိုင်းမှာ ၀ယ်လို့မရဘဲ ဈေး တင်ရောင်းတာတွေ ဖြစ်လာတာ ပါ။ Technical သမားတွေက Bussiness Plan ကို ၀င်လုပ်တဲ့ အခါမှာ လိုအပ်ချက်တွေရှိလာ တာပါ’’ ဟု ဦးရဲမြတ်သူက ပြော ကြားသည်။
MPT ဆင်းမ်ကတ်များကို အချို့အရောင်းဆိုင်များတွင် သီး သန့်ရောင်းချခြင်းမပြုဘဲ ဟန်း ဆက်ဝယ်ယူပါက အခမဲ့ပေးလေ့ ရှိသလို ဆင်းမ်ကတ်အခမဲ့ပေး ခြင်းမရှိဘဲ ကျပ်နှစ်သောင်းခွဲဖြင့် ထပ်မံ၍ ၀ယ်ယူမှသာ ပေးသည့် ဆိုင်များလည်းရှိနေကြောင်း မို ဘိုင်းဖုန်းအသုံးပြုသူအချို့ထံမှ သိရသည်။
‘‘MPT ရဲ့ ဆင်းမ်ကတ်ဖြန့်ချိ တဲ့ Plan က ထင်သာမြင်သာမရှိ ဘူးလို့ ပြောလို့ရတယ်။ ဆင်းမ် ကတ် ခုနစ်သိန်း ရောင်းလိုက် တယ်လို့ ပြောပေမယ့် ဘယ်မြို့ နယ်အတွက် ဆင်းမ်ကတ်ဘယ် လောက်ကို ချပေးတယ်ဆိုတာ မသိရတဲ့အပြင် ဆိုင်တိုင်းမှာလည်းဝယ်မရတဲ့အတွက် မှောင်ခိုဈေး ကွက်ဖြစ်လာတာပါ’’ဟု လူကြီး မင်းစီးပွားရေးလုပ်ငန်းစုမှ မန်နေဂျင်းဒါရိုက်တာ ဦးပြည်စိုးထွန်းက ပြောသည်။
MPT အနေဖြင့် ဆင်းမ်ကတ် များ မှောင်ခိုဈေးကွက် ဖြစ်ပေါ် နေခြင်းအတွက် စီမံချက်များရေး ဆွဲ အကောင်အထည်ဖော်သွား မည်ဖြစ်ကြောင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ထွန်းက ပြောကြားသည်။
‘‘MPT ဆင်းမ်ကတ်တွေကို ရောင်းတဲ့အခါမှာ ၀ယ်လိုအားက များနေပြီး ရောင်းလိုအားက နည်းနေတဲ့အတွက် မှောင်ခိုဈေးကွက် က ဖြစ်နေတာပါ။ နောက်ပိုင်းမှာ ဆင်းမ်ကတ်တွေကို လိုသလောက်ရနိုင်အောင် ဆောင်ရွက်ပေးပြီး မှောင်ခိုဈေးကွက် တဖြည်းဖြည်းလျော့သွားအောင် လုပ်သွားမှာ ဖြစ်ပါတယ်’’ဟု ဦးခင်မောင်ထွန်း က ပြောသည်။
ယင်းသို့ ပြုလုပ်ခြင်းဖြင့် မှောင်ခိုများလျော့ပါးသွားမည်ဟု ဆက်သွယ်ရေးက ထင်မှတ်ထားသော်လည်း အော်ပရေတာများဆိုသည့်အတိုင်း ဈေးကွက်လိုအပ်သည့် ပမာဏအလိုက် မရောင်းချနိုင်မချင်း ပြည်သူများ ငွေ ၁,၅၀၀ကျပ်ဖြင့် ဆင်းမ်ကတ်ရရှိနိုင်မည့် အိမ်မက်မှာ ခက်ခဲနေဦးမည် ဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းအနေဖြင့် ဆင်းမ်ကတ်များကို ဈေးကွက်အတွင်းသို့ ဆက်တိုက် ချပေး၍ အသုံးပြုသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပြီး မှောင်ခိုဈေးကွက်ကို ထိန်းသွားမည့်ပုံစံမျိုးဖြင့် ဆောင်ရွက်သွားမည်ဟု ဆိုထား ပြီး ဈေးတင်ရောင်းချသည့် အရောင်းဆိုင်များရှိပါက ဆင်းမ် ကတ်များ ထပ်မံချထားပေးတော့ မည် မဟုတ်ကြောင်း ပြောကြား ထားသည်။
သို့သော် စက်တင်ဘာ ၁ ရက်မှစ၍ ၂၀ ရက်အထိ ဆင်းမ်ကတ်ပေါင်း ၁ဒသမ၁ သန်းကျော်အထိ ရောင်းချပေးခဲ့သော်လည်း အသုံးပြုလိုသူများ အနေဖြင့် ဆင်းမ်ကတ် မရသည့် ပြဿနာများနှင့် ကြုံတွေ့နေရသေးသလို ဈေးတင်ရောင်းချမှုများလည်း ရှိနေသေးသည်။
‘‘ဈေးတင်ရောင်းချင်တဲ့ လူ တွေက လှောင်ထားတယ်ဆိုရင် လည်း ထားလေ။ ကျွန်တော်တို့ က ဆင်းမ်ကတ်တွေကို ဆက်တိုက်ချပေးသွားမှာ ဖြစ်တဲ့အတွက် နောက်ပိုင်းကျရင် ဆင်းမ်ကတ် တွေက ပေါလာမှာဖြစ်တဲ့အတွက် သူတို့ရှုံးမှာပဲလေ’’ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းစီးပွားရေးဌာန မှ ဒါရိုက်တာ ဦးစောထူးသာက ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းအနေဖြင့် ဆင်းမ်ကတ်များကိုဆက်တိုက် ချပေးမည်ဆိုသော် လည်း အသုံးပြုသူများထံသို့ မ ရောက်ပါက မှောင်ခိုဈေးကွက် ပျောက်ရန် လွယ်ကူမည် မဟုတ်ဘဲ အရောင်းဆိုင်များနှင့် ဈေးတင်ရောင်းချနေသူများကို ထိန်းချုပ်နိုင်မည့် စနစ်များစီစဉ်ဆောင်ရွက်သင့်ကြောင်း ဦးရဲမြတ်သူက ပြောကြားသည်။
‘‘သူတို့လိုသလောက် ချပေး မယ်ဆိုတာက သုံးမယ့်လူတွေဆီ ကို အမှန်တကယ်ရောက်ဖို့လို တယ်။ ရောင်းတဲ့လူကလည်း ဆင်းမ်ကတ် (၁၀)ကတ်ရှိရင် တစ် ကတ်ကို ၁,၅၀၀ နဲ့ရောင်းရင် တစ်သောင်းခွဲပဲရမယ်။ အဲဒါကြောင့် ဈေးတင်ပြီး ၂၅,၀၀၀ နဲ့ ရောင်း မယ်ဆိုရင် တစ်ကတ်ပဲ ရောင်းရ တယ်ဆိုဦး သူ့အတွက် အရှုံးမရှိ ဘူးလေ’’ဟု ဦးရဲမြတ်သူက သုံး သပ်သည်။
MPT ဆင်းမ်ကတ်များ မှောင်ခိုဈေးကွက်ဖြစ်ပေါ်နေရခြင်းမှာ ၎င်းတို့၏ ပြိုင်ဘက်အော်ပရေတာများဖြစ်သည့် အူရီးဒူးမှာ မိုဘိုင်း ကွန်ရက်ချဲ့ထွင်မှု လိုအပ်နေသေးသည့်အတွက် လူအများမှ စိတ်ဝင်စားမှု လျော့ကျနေသလို တယ်လီနောမှာလည်း ဆင်းမ် ကတ်များရောင်းချခြင်း မရှိသေး သည့်အတွက် တစ်ဦးတည်း ရောင်းချနေသလို ဖြစ်သောကြောင့် ဈေးတင်ရောင်းချမှုများ ဖြစ်ပေါ်နေကြောင်း ပညာရှင်များက ဆို သည်။
မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းအနေဖြင့် မှောင်ခိုဈေးကွက် ထိန်းချုပ်နိုင်ရန် အ ရောင်းဆိုင်များသို့ ဖြန့်ချိနေသည့် ပုံစံကို ပြင်ဆင်ရန် လိုအပ်သကဲ့သို့ ဈေးတင်ရောင်းချသူများ ဆင်းမ်ကတ်များကိုမှတ်ပုံတင်ပြုလုပ်၍ သိမ်းဆည်းမထားနိုင်ရန် ရက်ပိုင်းအတွင်း ငွေဖြည့်ပါက ဆင်းမ်ကတ် ပိတ်သည့်ပုံစံ (သို့) အခြား နည်းစနစ်တစ်ခုခုဖြင့် ဆောင်ရွက်သင့်ကြောင်း ပညာရှင်များက သုံးသပ်သည်။
‘‘အူရီးဒူးကလည်း ဆက်မ သွားနိုင်သေးဘူး။ တယ်လီနော ကလည်း ဆင်းမ်ကတ်ချမပေးနိုင် သေးတော့ ပြိုင်ဆိုင်မှု မရှိသေး တာကြောင့် လူတွေက MPT ဆင်းမ်ကတ်တွေကို ၀ယ်နေတာ ကြောင့်ပါ။ ပြိုင်ဆိုင်မှုရှိလာရင် လည်း ပုံစံပြောင်းသွားနိုင်ပါတယ်’’ ဟု ဦးရဲမြတ်သူက ပြော ကြားသည်။
ပြီးခဲ့သည့်လက ထုတ်ပြန်ခဲ့သော ကြော်ငြာတစ်ခုတွင် ဆိုက်ကားစီးကာ လမ်းထိပ်ဖုန်းဆိုင် တွင် ငွေထောင့်ငါးရာကျပ်ဖြင့် ဖုန်းကတ်သွားဝယ်မည်ဟူ၍ ဖော်ပြခဲ့သည်။
လက်ရှိတွင် ငွေထောင့်ငါး ရာကျပ်ကိုင်၍ အနီးအနားဆိုင် တစ်ခုတွင် ယင်းကြော်ငြာကဲ့သို့ ဖုန်းကတ်တစ်ကတ်ဝယ်၍ မရ သေးပေ။ ။
7Day
No comments:
Post a Comment