Tuesday, September 23, 2014

Eleven Media သတင်းထောက်ရဲ့မေးခွန်းအပေါ်ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ရဲ့ဖြေကြားချက်


ဒီနေ့မနက် ပြည်ထောင်စုလွှတ်တော်မှာ သတင်းထောက်တွေနဲ့ တွေ့တဲ့အချိန် Eleven Media သတင်းထောက်ရဲ့မေးခွန်းအပေါ် ဖြေကြားခဲ့မှုကို RFA သတင်းဌာနက ထုတ် လွှင့်သွားတာဖြစ်ပါတယ်။
-----------------------------------------------------------------------------------
အာရ်၊ အက်ဖ်၊ အေ ၂၂.၉.၂၀၁၄ (၁၉း၀၀)နာရီ
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ၎င်း၏ ပိုင်ဆိုင်မှုများ သိလိုပါ က မီဒီယာများအနေဖြင့် စုံစမ်း ထောက်လှမ်း၍ ဖော်ထုတ်ရေးသား တိုင်ကြားနိုင်သည် ဟု ပြောကြား.....
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို သိချင်ရင် မီဒီယာတွေ အနေနဲ့ စုံစမ်းထောက်လှမ်းပြီးတော့ ဖော်ထုတ်ရေးသား တိုင်ကြားနိုင်တယ်လို့ ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ သန်းအောင်နဲ့ အတူ ကျမ်းသစ္စာ ကျိန်ဆိုပြီးတဲ့နောက် မီဒီယာတွေ နဲ့ တွေ့ဆုံတဲ့အခါမှာ ၀န်ကြီး ဦးရဲထွဋ်က အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်-
ကျွန်တော်တို့ရဲ့ ဥပဒေအရ ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှုကို သိချင်လို့ရှိရင် ဥပဒေကြောင်း အရ တောင်းဆိုမှပဲ ရမယ်။ ဆိုပါတော့ အဂတိ လိုက်စားမှု ကော်မရှင်ကို ခင်ဗျားတို့မှာ အထောက်အထားရှိရင် တိုင်၊ ဒါမှမဟုတ် ကျွန်တော် အဂတိ လိုက်စားတယ် ထင်လို့ရှိ ရင် ခင်ဗျားတို့ Eleven အနေနဲ့ ဖွင့်ချပြီးတော့ ရေး၊ အဲဒီအခါကျရင် ကျွန်တော် ဥပဒေ ဘက်ကနေ ရင်ဆိုင်ဖို့ အသင့်ပဲ။
ဥပဒေအရ မဟုတ်ဘဲနဲ့ ကျွန်တော်ကလည်း ဆောင်းပါး တစ်ပုဒ်ရေးပြီးတော့ Eleven မီဒီယာ အုပ်စုထဲမှာ အစုရှယ်ယာတွေ ဘယ်သူပါသလဲ၊ နေ့စဉ် အရှုံးခံပြီးတော့ ထုတ်နိုင်အောင် ဘယ်လိုများ ရပ်တည်နေပါသလဲလို့ ကျွန်တော်မေးရင် ဘယ်တရား မလဲ၊ ဒါ ခင်ဗျားတို့ရဲ့ လုပ်ပိုင်ခွင့်ပဲကိုး။
ဒါကြောင့်မို့လို့ ကျွန်တော် တောင်းဆိုရင်လည်း မတရားဘူး။ ခင်ဗျားတို့လည်း အဲဒီ လို ရေးနေမယ့်အစား ကျွန်တော့် ပစ္စည်းတွေကို ထုတ်ပြဖို့အတွက် လိုအပ်တဲ့ အကြောင်းခြင်းရာတွေ ရှိရင် အဂတိလိုက်စားမှု ကော်မရှင်ကိုလည်း တိုင်နိုင်ပါတယ်။ ဒါမှမဟုတ် ခင်ဗျားတို့ကလည်း investigative journalism တွေ အနေနဲ့ စုံစမ်း ထောက်လှမ်းတဲ့ စာနယ်ဇင်း အတတ်ပညာတွေနဲ့ ကျွန်တော့်ကို ရေးနိုင်ပါတယ်။ မှန်ရင်လည်း ကျွန်တော် ခံသွားမှာပေါ့။ မမှန်ဘူးဆိုရင်လည်း ကျွန်တော့်ကိုယ် ကျွန်တော် ဥပဒေ အကာအကွယ် ယူပြီးတော့မှ ပြန်ပြီးတော့ ကာကွယ်မှာပေါ့။
ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၁)ရက်နေ့က ထုတ်ဝေခဲ့တဲ့ Eleven သတင်းစာမှာ ပါရှိခဲ့တဲ့ "ဦးရဲထွဋ် တုံ့ပြန်၍ ဦးခင်အောင်မြင့် ကိုယ်စား ကျွန်တော် ပြောချင်သည်" ဆိုတဲ့ဆောင်း ပါးထဲမှာ ၀န်ကြီး ဦးရဲထွဋ်ရဲ့ ပိုင်ဆိုင်မှုနဲ့ ပတ်သက် ပြီးတော့ ဝေ ဖန် ရေးသားခဲ့တာ ရှိတယ်လို့ သိရပါတယ်။
Ye Htut ( ပြန်ကြားရေး ၀န်ကြီး)

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ