သာသနာ့နယ်မြေအ တွင်း ခွင့်ပြုချက်မဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလူထုဟောပြောပွဲပြုလုပ်မှုဖြင့် မကွေး NLDနှင့် ၈၈မျိုးဆက်ကျောင်းသားအဖွဲ့မှ အဖွဲ့ဝင်တစ်ဒါဇင်နီးပါးကိုတိုင်းသာသနာရေးညွှန်ကြားရေး မှူးက မကွေးမြို့နယ်တရားရုံးတွင်စက်တင်ဘာ ၁၈ရက်က တရားစွဲဆိုလိုက်ကြောင်း သတင်းရရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် ၈၈မျိုးဆက်(ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)တို့ ပူး ပေါင်းပြီး မကွေးမြို့ ကန်သာရပ် အေးစေတီကွင်းတွင် ဇွန်လအ တွင်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလူထုဟောပြောပွဲပြု လုပ်ခဲ့ကြခြင်းဖြစ်သည်။
ဒေသဆိုင်ရာအာဏာပိုင် များက ခွင့်ပြုချက်ပေးရန်ငြင်းဆန် ခဲ့သည့်အဆိုပါဟောပြောပွဲကျင်း ပအပြီး သုံးလခန့်အကြာတွင် ဟောပြောပွဲပြုလုပ်သည့်နေရာ သည် သာသနာ့နယ်မြေဖြစ်နေပြီး ယင်းနယ်မြေအတွင်းသို့ ကျုး ကျော်ဝင်ရောက်မှုဖြင့် တိုင်းသာ သနာရေးညွှန်ကြားရေးမှူးက တ ရားလိုပြုလုပ်ကာ တရားစွဲဆိုခြင်း ဖြစ်ကြောင်းမကွေး NLD၏တိုင်း အတွင်းရေးမှူးဦးနေမျိုးကျော်က ပြောသည်။
၎င်းတို့အား ပိုက်နက်ကျူး လွန်မှုပုဒ်မ-၄၄၇ဖြင့်တရားစွဲ ဆိုခဲ့ခြင်းဖြစ်သည်။
‘‘ပထမရဲစခန်းက ဆင့်ခေါ် တယ်။ စခန်းမှာ ခံဝန်လုပ်ရတယ်။ မြို့နယ်တရားရုံးမှာ စစ်ဆေးပြီး နောက်တစ်ပတ်ရုံးချိန်းပေးလိုက် တယ်’’ဟု ၎င်းကပြောသည်။
တရားစွဲဆိုခံရသူများတွင် NLDမှ ဦးနေမျိုးကျော်၊ ဦးသန်း အောင်၊ ဦးသန်းနိုင်၊ ဦးချစ်ထွေး၊ ဦးရဲတင့်နှင့် ဦးစိုးမိုးတို့ဖြစ်ပြီး ၈၈ အဖွဲ့မှ ဦးလှဆန်း၊ ဦးမောင်မောင် စိုး(ရွှေမြန်မာ)၊ ဦးသန်းထွန်း အောင်၊ ဦးညွန့်အေးနှင့်ဦးထွန်းဦး ခိုင်တို့ဖြစ်သည်။ လတ်တလော တွင် ၎င်းတို့အားလုံးကို တရားရုံး များက ကိုယ်ပိုင်ခံဝန်ပေးထား ကြောင်း သတင်းရရှိသည်။
ဒေသဆိုင်ရာအုပ်ချုပ်ရေး အရာရှိများက ခွင့်ပြုချက်ပေးရန် အကြိမ်ကြိမ်ငြင်းဆန်ခဲ့သည့်ကြား မှ မကွေးမြို့ကန်သာရပ်အေးစေ တီကွင်းတွင် ဇွန် ၉ရက်က ကျင်း ပခဲ့သည့်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟောပြောပွဲနှင့်ပတ် သက်ပြီး လူအချို့ကိုတရားစွဲဆိုမှု များရှိခဲ့သော်လည်း ယခုတစ် ကြိမ်သည် လူဦးရေအများဆုံး တရားစွဲဆိုခံရခြင်းဖြစ်သည်။
အဆိုပါဟောပြောပွဲကို ခွင့်ပြုချက်ပေးမည်ဟု အစောပိုင်းက ဘုရားဂေါပကအဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ခွင့်ပြုခဲ့သော်လည်း နောက်ပိုင်းတွင် ခွင့်ပြုချက်ကိုပြန်လည် ရုပ်သိမ်းခဲ့ကြောင်း ဦးနေမျိုးကျော်ကပြောသည်။ ဟောပြောပွဲ ကျင်းပခွင့်ကို တရားဝင်ခွင့်ပြုရန် ၎င်းတို့ဘက်က အကြိမ်ကြိမ်တင်ပြခဲ့သော်လည်း အုပ်ချုပ်ရေးပိုင်းက အကြိမ်ကြိမ်ပယ်ချခဲ့ကြောင်း ဦးနေမျိုးကျော်ကပြောသည်။
အုပ်ချုပ်ရေးအရာရှိများက ခွင့်ပြုချက်ပေးသော်လည်း ကျင်း ပခဲ့သည့်အဆိုပါဟောပြောပွဲအ ပြီးတွင် အာဏာပိုင်များဘက်က ခွင့်ပြုချက်မရှိဘဲ အသံချဲ့စက်အ သုံးပြုမှုဖြင့် စတင်တရားစွဲဆိုမှု များလည်း ပြုလုပ်ခဲ့သေးသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရန် လူထုဟောပြောပွဲများကျင်းပခွင့်ကို
မကွေးတိုင်းနှင့် မွန်ပြည်နယ်အစိုးရများက ပိတ်ပင်တားဆီးမှုအများဆုံးဖြစ်ကြောင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြစ်တင်ဝေဖန်ထားသည်။
မကွေးတိုင်းနှင့် မွန်ပြည်နယ်အစိုးရများက ပိတ်ပင်တားဆီးမှုအများဆုံးဖြစ်ကြောင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြစ်တင်ဝေဖန်ထားသည်။
7day
No comments:
Post a Comment