Saturday, September 6, 2014

အစိုးရနှင့် ကေအိုင်အို မူးယစ်ဆေးနှင့် ကူးစက်ရောဂါကိစ္စ အဓိကထား ဆွေးနွေး

စက်တင်ဘာ ၅ ရက်က မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့သော အစိုးရနှင့် ကေအိုင်အိုပဋိပက္ခညှိ နှိုင်းဖြေရှင်းရေးအဖွဲ့ ခြောက်ကြိမ် မြောက် ဆွေးနွေးပွဲတွင် မူးယစ် ဆေးဝါးကိစ္စနှင့် ကူးစက်ရောဂါဖြစ်ပွားလာပါက ပူးပေါင်းကာကွယ်ရေး ကိစ္စများ အဓိကဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ကေအိုင်အိုဘက်က ၎င်းတို့အနေဖြင့် မူးယစ်ဆေးဝါးပ ပျောက်ရေးကို လက်လှမ်းမီသ လောက် ဆောင်ရွက်နေပြီး အစိုး ရဘက်မှ ပြောကြားသကဲ့သို့ အ တင်းအဓမ္မလူသစ်စုဆောင်းခြင်းမဟုတ်ဘဲ ဖမ်းဆီးခြင်းခံရသူများ မှာ မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီး ခံရသူများသာဖြစ်သည်ဟု ထည့် သွင်းဆွေးနွေးခဲ့ကြောင်း ကေ အိုင်အိုကိုယ်စားလှယ်တစ်ဦးက ပြောသည်။
ထို့အပြင် အီဘိုလာကဲ့သို့ ကူးစက်ရောဂါများ ဖြစ်ပွားပါက နှစ်ဖက် ပူးပေါင်းဆောင်ရွက်၍ နယ်စပ်ဂိတ်ပေါက်များကို ကေ အိုင်အိုမှ သေချာစွာ စစ်ဆေးရန် တို့ကို ဆွေးနွေးခဲ့ကြောင်း ဆွေး နွေးပွဲ တက်ရောက်ခဲ့သူများက ပြောသည်။
ဖားကန့် ကျောက်စိမ်းလုပ် ကွက်များနှင့် ပတ်သက်၍ ကေ အိုင်အေတပ်များကို လမ်းနယ် နိမိတ်မှ သုံးမိုင်နှင့် ငါးမိုင်အတွင်း ဆုတ်ခွာရန် အစိုးရက ဆွေး နွေးပြောကြားခဲ့ပြီး ကေအိုင်အို ဘက်ကမူ ယင်းကိစ္စမှာ တပ်နေ ရာချထားရေးနှင့် သက်ဆိုင်သည့် အတွက် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးမှ ဆွေးနွေး ရန် ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။
ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့ကို မေလ မြစ်ကြီးနားငြိမ်း ချမ်းရေးဆွေးနွေးပွဲ အပြီး၌ ဖွဲ့ စည်းခဲ့ခြင်းဖြစ်ပြီး အစိုးရဘက်မှ ကချင်ပြည်နယ်လုံခြုံရေးနှင့် နယ် စပ်ရေးရာဝန်ကြီး ဦးဆောင်ကာ ကေအိုင်အိုဘက်မှ ဗိုလ်မှူးကြီး မရန်ဇော်တောင်က ဦးဆောင်သည်။
7Day

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ