Thursday, September 11, 2014

Congratulation - ကွန်ဂရက်ကျူးလေးရှင်းပါ ၀န်ကြီးချူ ပ်



( ကျေးဇူးရှင် အာဇါနည်ဆရာတော်ဦးဥတ္တမအား ကန်တော့ရှိခိုးနေသော ၀န်ကြီးချူ ပ် ဦးမောင်မောင်အုန်းနှင့် အစိုးရအဖွဲ့ ဝင်များအား မြင်တွေ့ ရစဉ် )
ဗုဒ္ဓဘာသာဝင် တဦးအနေနှင့် ရော ရခိုင်ပြည်နယ်ဝန်ကြီးချူ ပ်အနေနှင့်ပါ မြန်မာ့လွပ်လွပ်ရေး မျိုးစေ့ချပေးသူ လွပ...်လွပ်ရေးမီးရှူးတန်ဆောင် အာဇာနည်အရှင် ဆရာတော်ဦးဥတ္တမကို လက်ဆယ်ဖြာထိပ်မှာမိုး၍ ရခိုင်မြေမှာ ၀ပ်စင်းဦးညွတ် ရှိခိုးအလေးပြု ခဲ့ သည်ကို အထူးကျေးဇူးတင် သမိုင်းမှတ်တမ်းတင်ပါကြောင်း မင်္ဂလာစကားနဲ့  နုတ်ခွန်းဆက် ပြောကြားရသည် ။
ယခုလိုသာ အခြားသော ဗိုလ်ချူ ပ်များ -နိုင်ငံခေါင်းဆောင်များတို့ ကသာ ၀န်ကြီးချူပ် ဦးမောင်မောင်အုန်းလို စိတ်ဓါတ်မျိုးသာ တည်ရှိနေခဲ့ မည်ဆိုပါက မြန်မာနိုင်ငံရဲ့  လွပ်လွပ်ရေးကို မမြင်တွေ့ ခဲ့ ရသည့် ဆရာတော်ဦးဥတ္တမသည် ၀ိညဉ်နိုးထလာပြီး အားရကျေနပ်နှစ်သိမ့် စွာ စစ်မှန်သော လွပ်လွပ်ရေးကို ရရှိကြတော့မည်ဟု နုတ်တော်မှ မြွတ်တော်မူမည်မှာ သေချာသည် ။
ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့ သူများက တန်ဘိုးဖြတ်မရစွာ ပေးဆပ်ခဲ့ ပြီးဖြစ်သည် ။ အတိုင်းအတာမရှိ အကျိုးကျေးဇူးတရား၏ ခံစားပိုင်ခွင့်များကို ကျန်ရစ်သူမျိုးဆက်သစ်များက သတ္တိရှိရှိ ပိုင်ဆိုင်ခွင့် ခံစားခွင့် ရရှိရဲသင့်သည် ။ ကိုယ်ကျိုးအတွက်ငှာ မျက်စိတဆုံးကြည့်တတ်သော လူအများကြောင့် မြန်မာနိုင်ငံသည် ယခုအချိန်မှာ ဖွတ်ကြောပြစု အနေအထားက ရုန်းမထွက်နိုင်သေးသည့် အခြေအနေတွေမှာ ရောက်နေရသေးသည် ။
စနစ်တခု၏ ဒဏ်ကိုငြင်းဆန်၍ မရသောကြောင့် ရွေ့ လျားမှု အနေအထားတို့ သည် အလွန်တရာနှေးကွေးလွန်းလှသည် ။ ခုတော့ မြန်မာနိုင်ငံ၏ စနစ်တခုသည် တဖြေးဖြေး ရွေ့ လာနေပြီဖြစ်ကြောင်း မျက်ဝါးထင်ထင် မြင်တွေ့ လာနေဆဲဖြစ်သည် ။ ခေတ်ပညာတတ် စစ်ဗိုလ်ချူ ပ်များသည် မြန်မာနိုင်ငံ၏ စနစ်တခုကို ပြောင်းလဲရန်အတွက် မညီးမညူတတ်မှန်း ခန့် မှန်းကြည့်နိုင်သည် ။
အထက်မှ ခိုင်းသည့်အတိုင်း မပြုလုပ်ဘဲ အောက်ခြေက ပြီးစီးသည့် အလုပ်ဆိုလျှင် အောက်ခြေမှာဘဲ ဆုံးဖြတ်ပြီး လုပ်ရန်လိုသည် ။ ကိစ္စသေးသေးလေးကိုပင် သမ္မတတိ တိုင်စာတောစာများ မပို့ ကြဘဲ ဆောင်ရွက်ကြရန်လိုသည်ဟု ဒုတိယသမ္မတ စိုင်းမောက်ခမ်းက ရခိုင်ပြည်နယ်ခရီးစဉ်မှာ ပြောကြားသွားသည် ။ ဤသည်မှာ နိုင်ငံတခု၏ ပြောင်းလဲလာသော မဟာဗျူဟာ တခုဖြစ်သည်ကို သတိထားရတော့မည်ဖြစ်သည် ။
နှစ်ပေါင်း -၄၂-ခန့် မျှ စစ်အာဏာရှင်စနစ်ဖြင့် ကျင့်သားရပြီးဖြစ်နေသော မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်သည်နေ့ ချင်းညချင်း ခုရေတွင်းတူး ခုရေကြည်သောက်ရမည့် အနေအထားကိုဖြင့် မရောက်နိုင်သေး ။ အချိန်ကာလဆိုသည်မှာ အသွင်ကူးပြောင်းရေးကဏ္ဍ၌ သွေးထွက်သံယိုများစွာဖြင့် ကူးပြောင်းခြင်းနှင့် တည်ငြိမ်အေးချမ်းစွာ ရေမလှူပ် ကြာမစုပ် ကူးပြောင်းသွားခြင်းမျိုးဖြစ်တတ်သည် ။ မျက်မှောက်ကာလတွင် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးကဏ္ဍသည် တည်ငြိမ်အေးချမ်းစွာ ပြောင်းလဲလာခြင်းဖြစ်သည် ။
စနစ်တခု၏ မူကို လူကတည်ဆောက်သည် ။ မူကောင်းရန် လူလည်း ကောင်းဖို့ လိုသည် ။ လူကောင်းမှ မူကောင်းရမည့် အခြေအနေမှာ ယခုလို ရခိုင်ပြည်နယ်ရှိ ဆရာတော်ဦးဥတ္တမ၏ ခြေတော်ရင်းမှာ လက်စုံမိုး၍ ရှိခိုးကန်တော့နေသော ၀န်ကြီးချူ ပ်ဦးမောင်မောင်အုန်းသည်ကား မြန်မာနိုင်ငံ၏ ပြောင်းလဲလာစပြုနေသော ဒီမိုကရေစီလမ်းကြောင်းအတွက် နေတစင်းကဲ့ သို့  မီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည် ။
ဤကဲ့ သို့ သော ခဏတာဦးညွတ် အလေးပြု ရှိခိုးခြင်းသည် သာမညသာ ဆိုနိုင်သော်လည်း နိုင်ငံတော်တခု၏ ယန္တယားစနစ်တခုကို ပြုပြင်ထိမ်းသိမ်းနေရသော တာဝန်ရှိ စစ်ဗိုလ်ချူ ပ်အတွက်ရော ၀န်ကြီးချူ ပ်အတွက်ရော သာမညကိစ္စရပ်မဟုတ်ချေ ။ သို့ သော် ဒုသမ္မတ စိုင်းခမ်းမောက်က အောက်ခြေမှာ ပြီးစီးနိုင်သော အလုပ်များကို အောက်ခြေမှာ ပြုလုပ်ကြပါဟု မိန့် ဆိုထားသည်မှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အသားကျစေသည့် လုပ်ရပ်မျိုးကို ဆောင်ရွက်စေခြင်းဖြစ်သည် ။
ဝန်ကြီးချူ ပ် ဦးမောင်မောင်အုန်း၏ စံပြလုပ်ဆောင်ချက်သည် ရခိုင်လူမျိုးတို့ ၏ နှလုံးသည်းပွတ်တွင် များစွာကြေနပ်နှစ်သိမ့်မှုကို ခံစားနိုင်စေသည် ။ ဤစံပြလုပ်ဆောင်ချက်များကို အခြားသော နိုင်ငံ့တာဝန်ယူထားသည့် ခေါင်းဆောင်များက အရေးတယူ အသိအမှတ် ပြုကြမည်ဆိုလျှင် မြန်မာနိုင်ငံသည် ဒီမိုကရေစီ၏အနှစ်သာရကို ရရှိခံစားရတော့မည်ဖြစ်သည်။
ဆရာတော်ဦးဥတ္တမ၏ စိန်ရတုနှစ်ပတ်လည် နေ့ ကို ကျင်းပရာ၌ တနိုင်ငံလုံးတွင် သူတို့ ၏ ဆန္ဒကို ထုတ်ဖေါ်ကြပြီးဖြစ်သည် ။ ထို့ ကြောင့် မြန်မာနိုင်ငံသားတို့ ၏ ဆန္ဒအတိုင်း ဆရာတော်ဦးဥတ္တမ၏ မွေးနေ့ ကို အစိုးရကျောင်းပိတ်ရက်အဖြစ် နိုင်ငံသုံး ပြက္ခဒိန်တွင် အသိအမှတ်ပြူ ရန်မှာ မြန်မာနိုင်ငံသားများ၏ အလုပ်ဖြစ်သွားပြီ ။ ၄င်းနေ့ တွင် မည်သူမျှ ကျောင်းမတက်ကြရန် ဆောင်ရွက်ကြရန်ဘဲ ရှိသည် ။ သို့ အတူ ရန်ကုန်မြို့ ရှိ ဆရာတော်ဦးဥတ္တမ၏ ပန်းခြံဟောင်းတွင် ဦးဥတ္တမပန်းခြံဟု ဆိုင်းဘုတ်ရေးသားပြီး သွားရောက်စိုက်ထူရမည်မှာလည်း ယခုတောင်းဆိုသော မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးး ( ၁၃၅ ) မျိုး၏ တာဝန်ဖြစ်နေပြီ ။
ဆိုင်းဘုတ်တခုပြုလုပ်မည့်အရေးသည် အောက်ခြေမှ ဆောင်ရွက်ရမည့် အရေးသာဖြစ်ရာ ၄င်းအရေးသည် သမ္မတက ဆိုင်းဘုတ်ရေးစားသူအား အမိန့် ပေးခိုင်းစေရမည့် အလုပ်မဟုတ်ချေ ။ မိမိတို့ ကိုယ်တိုင် ဆိုင်းဘုတ်ရေးပြီး သွားရောက်စိုက်ထူရန်သာ ရှိသည် ။ နိုင်ငံရေးဆိုသည်မှာ ကိုယ်တိုင်ဆောင်ရွက်ခြင်းကို ခေါ်သည် ။ လူဆိုသည်မှာ နိုင်ငံရေးသတ္တ၀ါဖြစ်သည် ။ နိုင်ငံ၏အရေးကို ဆောင်ရွက်သောကြောင့် နိုင်ငံရေးသမားဖြစ်သော လူသားတိုင်းသည် မိမိနိုင်ငံ၏ အရေးကို မိမိတို့ ကသာ ဆောင်ရွက်ရန်ဖြစ်သည်
ချွင်းချက်အနေဖြင့် မြန်မာနိုင်ငံတွင် ကျောင်းသုံးပညာရေးပြဋ္ဌန်းသည့် အကြောင်းကိစ္စများသည်သာ အစိုးရမှာ လမ်းညွှန်ပေးရသည်ဖြစ်၍ ဆရာတော်ဦးဥတ္တမ၏ အတ္ထုပတ္ထိအား မျိုးဆက်သစ်ကျောင်းသားလူငယ်များအား မူလတန်းအဆင့်တွင် သင်ကြားခွင့်ပြုပေးရန် ပြုလုပ်ပေးရမည်ဖြစ်သည် ။ ဤသည်မှာလည်း ခက်ခဲသော ကိစ္စမဟုတ်တန်ရာမို့  ယနေ့ ကျင်းပပြီးစီးသွားသော ဆရာတော်ဦးဥတ္တမအား ဂုဏ်ပြု အောက်မေ့ဘွယ်အခန်းအနားသည်ကား အောင်မြင်ကြသည်ဟု ပြောဆိုရမည်
ဖြစ်သည် ။ တချိန်တည်းမှာပင် ရခိုင်ပြည်နယ်ဝန်ကြီးချူ ပ် ဦးမောင်မောင်အုန်းနှင့် အစိုးရအဖွဲ့ ဝင်များတို့ က အခန်းအနားသို့ တက်ရောက်ပြီး လွမ်းသူ့ ပန်းခွေချခြင်း ၊ ကန်တော့ခြင်းတို့ ကို ပြည်သူတရပ်လုံးနှင့် လက်တွဲပါဝင် ပူးပေါင်းဂါရ၀ ပြုမူသည့် မင်္ဂလာမြင်ကွင်းသည်လည်း သမိုင်းတခု၏ မှတ်တိုင်ပင်ဖြစ်သည် ။ သို့ ဖြစ်၍ ဤသို့ အစဉ်အလာကောင်းတခုကိုပင် ရှေ့သို့ ဆက်လက်ပြီး ထိမ်းသိမ်းသွားနိုင်ပါစေဟု ဆုမွန်ကောင်းတောင်းယင်း ကွန်၈ရက်ကျူးလေးရှင်းဟု ရခိုင်လူမျိုးများကိုယ်စား မေတ္တာစာ ရေးသားပေးပို့ လိုက်ရပါကြောင်း ---------။။။။။။။
ခိုင်အောင်ကျော် ( နယူးယောက် )

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ