Monday, September 22, 2014

ဆက်သွယ်ရေး မြေအောက် ဖိုင်ဘာကေဘယ် လိုင်း တပ်ဆင်ခြင်းလုပ်ငန်း ရန်ကုန်တိုင်းဒေသကြီးတွင်စတင်


ရန်ကုန်၊ စက်တင်ဘာ ၂၁။
မြန်မာ နိုင်ငံတွင် ဆက်သွယ်ရေးနည်းစနစ် များ ပိုမိုကောင်းမွန်စေရန်အတွက် ရန်ကုန်တိုင်းဒေသကြီးတွင် ဆက် သွယ်ရေးနှင့်ပတ်သက်သည့် မြေ အောက်ဖိုင်ဘာကေဘယ်လိုင်းများ ကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ယင်းလုပ်ငန်းကို ဦးစီးဆောင်ရွက် နေသည့် ပြည်တွင်းကုမ္ပဏီတစ်ခု ဖြစ်သည့် အီးဂါးတယ်လီကွန်မြူနစ် ကေးရှင်းဆက်သွယ်ရေးကုမ္ပဏီမှ အင် ဂျင်နီယာတစ်ဦးဖြစ်သူက ဒီမိုကရေ စီတူဒေးသတင်းစာသို့ အတည်ပြုပြော ကြားသည်။
ယခုအခါ အဆိုပါလုပ်ငန်း ဆောင်ရွက်မှုကို ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ်၃၃မြို့နယ် တွင် စတင်လုပ်ကိုင်နေပြီဖြစ်ပြီး ဆောင်ရွက်မှုများကို ပြည်တွင်းတယ် လီကွန်မြူနစ်ကေးရှင်းကုမ္ပဏီတစ် ခုဖြစ်သည့် အီးဂါးကုမ္ပဏီက တာဝန် ယူဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
''အခုလက်ရှိ ဒီလုပ်ငန်းက ဆောင်ရွက်နေဆဲပါ။ ဆက်သွယ်ရေး လိုင်းတွေ ပိုကောင်းလာအောင်လို့ ပါ။ အဓိကကတော့ ဖုန်းလိုင်းတွေ ပိုကောင်းအောင်လို့ပေါ့။ ဘယ် လောက်ကုန်ကျမလဲ။ ဘယ်အချိန်ထိ ဒီလုပ်ငန်းဆောင်ရွက်မလဲဆိုတာ တော့အတိအကျ မသိသေးပါဘူး၊ လုပ်ငန်းဆောင်ရွက်မှုတွေကိုတော့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်ရဲ့ ခွင့်ပြု ချက်နဲ့လုပ်ကိုင်နေတာဖြစ်ပါ တယ်'' ဟုပြောသည်။
ယင်းနှင့်ပက်သက်ပြီးစီမံကိန်း ဆောင်ရွက်ရာတွင် ပါဝင်လုပ်ကိုင်နေ သူတစ်ဦးဖြစ်သည့် ကိုတင်နိုင်က''အချိန်ကတော့ ဘယ်လောက်ကြာမ လဲမသိဘူး။ အခုလုပ်နေတာက မြန် မာ့ဆက်သွယ်ရေးက လုပ်ကိုင်နေတာ လဲ မဟုတ်သလို၊ တယ်လီနော၊ အော် ရီဒူးတို့ကလဲ လုပ်နေတာမဟုတ်ပါ ဘူး။ ဒီမြေအောက်ကေဘယ်လိုင်း မှာ အဲဒီဖုန်းလိုင်းတွေအားလုံးကို ထည့်ထားလို့ရတယ်။ ဒါ့အပြင် တ ခြားဆက်သွယ်ရေးနဲ့ပက်သက်တဲ့ ဟာတွေလဲ လုပ်ဆောင်လို့ရတယ်။ နိုင်ငံတကာမှာလဲ ဒီလိုလုပ်နေတာ ဖြစ်ပါတယ်'' ဟုပြောသည်။
ယင်းနှင့်ပက်သက်၍ တယ်လီ နောမှ ကိုစိုးသူထွန်းက ''ဒီမြေအောက် ဆက်သွယ်ရေးကေဘယ်လိုင်းတွေ လုပ်ဆောင်နေတာကို ကျွန်တော်တို့ မသိပါဘူး။ ပူးပေါင်းပါဝင်ခြင်းလဲ မရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ ဆက်သွယ်ရေးနဲ့ပတ်သက်ပြီး သီး ခြားလုပ်ဆောင်နေတာတွေပဲ ရှိပါ တယ်'' ဟု ပြောသည်။
KMZ
YMG

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ