Labels
- ၀တ္ထုတို
- ကဗျာ
- ကာတွန်း
- ကျန်းမာရေး
- တိုင်းရင်းသားရေးရာ
- ထူးခြားသတင်းများ
- ဓါတ်ပုံမှတ်တမ်းများ
- နိုင်ငံတကာသတင်း
- ပညာရေး
- ဗဟုသုတ
- ငြိမ်းချမ်းရေး
- ဘာသာရေး
- မိုးလေဝသသတင်း
- မှုခင်း
- ပြည်တွင်းသတင်း
- သ၀ဏ်လွှာ
- သတင်း
- သုတ
- ဟာသ
- အားကစား
- အတွေးအမြင်
- အနုပညာသတင်း
- ဥပဒေ
- ရွေးကောက်ပွဲ
- ဆောင်းပါး
- ဆောင်းပါးများ
- ပေးစာကဏ္ဍ
- ကြော်ငြာ
- ရွေးကောက်ပွဲသတင်း
- နိုင်ငံတကာသတင်း
- နိုင်ငံရေး
Thursday, September 18, 2014
ကယ်လ်မေဂီမုန်တိုင်းသည်ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်ဝင်ရောက်လာနိုင်
ကယ်လ်မေဂီမုန်တိုင်းသည်ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ယနေ့ နံနက်တွင် မြန်မာနိုင်ငံသို့ ၀င်ရောက်လာနိုင်ကြောင်း ဒေါက်တာထွန်းလွင်က သတိပေးထားပြီး ဘင်္ဂလားပင် လယ်အော်၌ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းကြောင့် မုတ်သုံလေအားအလွန်ကောင်းနေသည်။
တောင်တရုတ်ပင်လယ်မှ နိုင်ငံတကာအမည်တပ် (Kalm-aegi) ကယ်လ်မေဂီမုန်တိုင်းသည် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းဟိုင်နန်ကျွန်းကို ဖြတ်ပြီး အားအနည်းငယ်လျော့သွားကာ ယနေ့(စက်တင်ဘာ ၁၈ရက်) နံနက်အစောပိုင်းတွင် မုန်တိုင်းငယ်အဖြစ် မြန်မာနိုင်ငံဘက်သို့ ၀င်ရောက်လာနိုင်ကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။
မိုး/ဇလဒုတိယညွှန်ကြားရေးမှုးချုပ်ဦးကျော်မိုးဦးက ကယ်လ်မေဂီမုန်တိုင်းနှင့် ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့်မြန်မာနိုင်ငံအနှံ့ မိုးကောင်းခဲ့ပြီး စက်တင်ဘာ ၁၇ရက် တစ်နေ့တည်း မြို့ပေါင်း ၁၁ မြို့တွင် ပုံမှန်ထက် မိုးပိုရွာခဲ့ကြောင်း ပြောသည်။
ဒေါက်တာထွန်းလွင်က ကယ်လ်မေဂီမုန်တိုင်းနှင့် လေဖိအားနည်းရပ်ဝန်းကြောင့် မုတ်သုံလေအားပိုကောင်းကာ မြန်မာနိုင်ငံဒေသအနှံ့ မိုးကောင်းနိုင်ကြောင်းပြောသည်။ ထို့အပြင် ပင်လယ်တွင် လှိုင်းရော လေပါကြီးနိုင်ကြောင်း သတိပေးထားသည်။
‘‘မုန်တိုင်းငယ်အနေနဲ့ ရှမ်းပြည်ဘက်ကနေ စဖြတ်မှာဖြစ်ပြီးတော့အထက်ကို ထောင်တက်သွားရင် ကချင်ပြည်နယ် မိုးကြီးနိုင်ပြီး အောက်ဘက်ဆိုရင်တော့ ကရင်ပြည်နယ် အရေးကြီးတယ်။ ရှမ်းပြည်နယ်က ကုန်းမြင့်ဒေသဖြစ်တော့ တောင်ကျရေနဲ့မြေပြိုမယ့် ဘေးတွေ သတိပြုဖို့လိုတယ်’’ဟု မိုး/ဇလဌာ နဒုတိယညွှန်ကြားရေးမှုးချုပ်ဦးကျော်မိုးဦးက ပြောသည်။
ဒေါက်တာထွန်းလွင်
Labels:
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment