စစ်တွေ၊ စက်တင်ဘာ ၁၉။
ရခိုင် ပြည်နယ် ပေါက်တောမြို့နယ်ရှိ ဘင်္ဂါလီများကို သတ်မှတ်နယ်မြေမှ အပ ကျူးကျော်မှုမလုပ်ကြရန် ရခိုင် ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက တားမြစ်ပိတ်ပင်လိုက်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ နယ်ရှိ ဘင်္ဂါလီဒုက္ခသည်စခန်းတစ် ခုဖြစ်သော ငှက်ချောင်းဒုက္ခသည် စခန်းရှိ ဘင်္ဂါလီများအနေဖြင့်ယခု နောက်ပိုင်း ယင်းမြို့နယ် အတွင်းရှိ သပြာကျွန်းသို့ကျူးကျော်ဝင်ရောက် ကာ သားငါးများကျူးကျော်ရှာဖွေမှု များရှိလာသည့်အပြင် ယင်းကျွန်း ပေါ်တွင် သားငါးများရှာဖွေစား သောက်နေကြရသည့် ဒေသခံရခိုင် တိုင်းရင်းသားများကိုလည်း ရန်ပြုမှု များရှိလာကြောင်း ပေါက်တောဒေသ ခံများ၏ တိုင်တန်းချက်နှင့်ပတ်သက် ပြီး ဝန်ကြီးက အထက်ပါအတိုင်း တားမြစ်လိုက်ခြင်းဖြစ်သည်။
''ဒီလ ၁၅ရက်က ပြည်နယ်လုံ ခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးကိုယ် တိုင်လာရောက်ပြီး အဲလိုတားမြစ် လိုက်တာပါ'' ဟု ဝန်ကြီးနှင့်အတူလိုက် ပါသွားခဲ့သည့် ပေါက်တောမြို့ခံ ဦးကျော်ဝင်းက ပြောသည်။
ဘင်္ဂါလီများသည် မြန်မာနိုင်ငံသားများ မဟုတ်ဘဲ ဧည့်နိုင်ငံသားများ ဖြစ်ကြသည့်အတွက် အစိုးရကထုတ် ပြန်ထားသည့်ဥပဒေအတိုင်း လိုက် နာနေထိုင်ကျင့်သုံးရန်လိုပြီး ယခု ကဲ့သို့ ဥပဒေမဲ့ ကျူးကျော်သွားရောက် ခြင်းမှာ ရခိုင်တိုင်းရင်းသားများကို အခက်အခဲဖြစ်စေသောကြောင့် ရခိုင် တိုင်းရင်းသားများကို စိတ်ဆင်းရဲ အောင်မလုပ်ကြရန်လည်း ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။
''ရခိုင်တိုင်းရင်းသားတွေက မင်းတို့လို အဆင်ပြေပြေနဲ့ မနေရ ဘူး။ ကိုယ့်ထမင်းကို ကိုယ်ရှာစားနေ ရတာ။ မင်းတို့မှာကတော့ အလိုက် သင့်ပဲ။ ဆန်ဆိုလဲ အိုင်အင်န်ဂျီအို၊ ယူအင်န်တွေကလာပေး။ ရေဆိုလဲ၊ ဆီဆိုလဲ အလျှံအပယ်ပေးနေတာလို့ ဝန်ကြီးက ပြောတယ်ဗျ''ဟု ဦးကျော် ဝင်းက ဆိုသည်။
ဘင်္ဂါလီများအနေဖြင့် ယင်း သို့ကျူးကျော်သွား ရောက်မှုမရှိစေ ရန်လုံခြုံရေးတင်းတင်းကျပ်ကျပ်ဖြင့် ကင်းလှည့်ဆောင်ရွက်ပေးရန် စစ် တပ်နှင့် လုံထိန်းတပ်ရင်းများကို ဝန်ကြီးက တိုက်တွန်းပြောဆိုသွားခဲ့ ကြောင်းလည်း သိရသည်။
SK

YMG
No comments:
Post a Comment