Thursday, September 25, 2014

"ထူးဖောင်ဒေးရှင်းမှကယ်ဆယ်ရေးတောင်တက်အဖွဲ့ တစ်ရက်အတွင်း အမြင့်ပေ(၁၇၀၀၀)ထိ ရောက်ရှိ"




ထူးဖောင်ဒေးရှင်း၏ ဧဝရက်တောင်တက် အဖွဲ့ဝင်များဖြစ်ကြသည့် ရဲမင်းသူ၊ စိုင်းကျော်သူထွေး၊ စိုင်းကျော်ဝဏ္ဏစိုး၊ နမားဂျွန်ဆင်တို့ ပါဝင်သော ကယ်ဆယ်ရေး တောင်တက်အဖွဲ့သည် ခါကာဘိုရာဇီတောင်၏ အမြင့်ပေ ၁၃၂၀၀ ရှိသော Base Campမှ အမြင့် ပေ ၁၇၀၀၀ အထိ တစ်ရက်တည်းဖြင့် တက်ရောက်ခဲ့ပါသည်။
ဆိုးရွားသော ရာသီဥတု၊ မတ်စောက်လွန်းသော မြေပြင်အနေအထားများကြားထဲမှ တစ်ရက်တည်းဖြင့် ပေပေါင်း (၁၇,၀၀၀)ထိ တက်ရောက်နိုင်ခဲ့ခြင်းမှာ ပျောက်ဆုံးနေသော တောင်တက်သမား (၂) ဦးအား လူသားချင်းစာနာမှုဖြင့် ကယ်တင်နိုင်ရန် အပြင်းအထန် ကြိုးစားနေခြင်း ဖြစ်ပါသည်။
အဆိုပါ ကယ်ဆယ်ရေးအဖွဲ့သည် ယနေ့မွန်းလွဲ (၃)နာရီခန့်တွင် အမြင့်ပေ ၁၅၈,၀၀၀ သို့ရောက်ရှိခဲ့သည်။ ထိုအချိန်တွင် ထူးဖောင်ဒေးရှင်းနာယက ဦးတေဇသည် တဟွန်းဒမ်းမှ Base Camp သို့ ရဟတ်ယာဉ်ဖြင့် သွားရောက်ခဲ့သည်။ သို့သော် ရာသီဥတုအခြေအနှေမှာ ဆိုးရွားလွန်းသဖြင့် တဟွန်ဒမ်းသို့ ပြန်လှည့်ခဲ့ရသည်။
ရှာဖွေကယ်ဆယ်ရေးအဖွဲ့များသည် ညနေ (၄)နာရီတွင် ပျောက်ဆုံးတောင်တက်သမားများတက်ရောက်ခဲ့သည့် လမ်းကြောင်းပေါ်တွင် တည်ရှိသော စခန်းအမှတ်(၃)သို့ရောက်ရှိပြီး လမ်းတွင် ကျောပိုးအိတ် ၁ လုံး၊ အမှိုက်အိတ် (၁)နှင့် အခြားအထုတ် (၁)ထုတ် တွေ့ရှိခဲ့ပါသည်။
ထို့နောက် ကယ်ဆယ်ရေးအဖွဲ့သည် ဆက်လက်တက်ရောက်ခဲ့ရာ ညနေ (၅)နာရီ၊ (၅၅)မိနစ်ခန့်တွင် အမြင့်ပေ ၁၇,၀၀၀ သို့ရောက်ရှိခဲ့ပါသည်။
ယမန်နေ့က မြေပြင်ကယ်ဆယ်ရေးအဖွဲ့များ Base Camp သို့ ရောက်ရှိချိန်တွင် ရဟတ်ယာဉ်များ ဆင်းသက်နိုင်ရန်အတွက်ရဟတ်ယာဉ်ကွင်း အရေးပေါ် ဖောက်လုပ်ခဲ့ပါသည်။

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ