စစ်တွေမြို့ ကသည်း ရပ်ကွက်ဆတ်ရိုးကျချောင်း ဆိပ် ခံတံတားတွင် ရပ်ထားသော စက် လှေတစ်စီးကို ရှာဖွေရာ အမေရိ
ကန်လက်ပစ်ဗုံးနှစ်လုံး ဖမ်းဆီးရမိခဲ့ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ယင်းစက်လှေသို့ ၀င်ရောက်ရှာဖွေရာ အလုပ်သမားတစ်ဦးကို လက်ပစ်ဗုံးနှစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်နေသူတစ်ဦးကို ဖော်ထုတ်နိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ အရာရှိတစ်ဦးက ပြောသည်။
‘‘ပိုင်ရှင်ကတော့ ရန်ကုန်မှာ လို့ သိရတယ်။ အလုပ်သမားနဲ့ နောက်ထပ် ပါဝင်သူနှစ်ဦးကို ထိန်းသိမ်းစစ်ဆေးနေပါတယ်’’ ဟု အထက်ပါအရာရှိက ပြော သည်။
အဆိုပါကသည်းရွာ ဆိပ်ကမ်းသည် စစ်တွေနှင့် ဘင်္ဂလား ဒေ့ရှ်၊ ရန်ကုန်မြို့များသို့ ကုန်သွယ်ရာတွင် စက်လှေများအဓိကအ သုံးပြုသည့် ဆိပ်ကမ်းဖြစ်သည်။
စစ်ဆေးခံနေရသူများက လက်ပစ်ဗုံးကို ၂၀၁၂ ခုနှစ်က ဘင်္ဂါလီများထံမှ ရရှိခဲ့ခြင်းဖြစ်ပြီး ပင်လယ်ပြင်သို့သွားရာတွင် လုံခြုံရေးအန္တရာယ်ရှိခြင်းကြောင
ယင်းဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများကို လက်နက်အက်ဥပဒေဖြင့် အရေးယူစစ်ဆေးလျက်ရှိကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ရခိုင်ပြည်နယ်အစိုးရသို့
7day
No comments:
Post a Comment