ရန်ကုန်၊ စက်တင်ဘာ ၁၇။
ရန်ကုန် တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် စက်မှုဇုန်(၃) ဒီပဲယင်း ဝန်ထောက် ဦးမြဲလမ်းရှိ ကိုရီးယားနိုင်ငံသား Mr. Lo Ho Bong ပိုင် Master Sprots (Myanmar) ရှူးဖိနစ်စက်ရုံ ၌ စက်တင်ဘာ ၁၆ရက် ညပိုင်းက အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ် ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးဝင်းရှိန်နှင့် တာဝန်ရှိသူနှစ်ဦး တို့အား စက်ရုံအလုပ်သမားများက စက်ရုံအတွင်းခေါ်ဆောင်၍ တံခါး သော့ခတ်ထားခြင်းကြောင့် ရန်ကုန် မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးနှင့် နယ် မြေခံရဲတပ်ဖွဲ့တို့က စက်ရုံပြင်ပသို့ ဝန်းရံခေါ်ဆောင်ခဲ့ရကြောင်း သက် ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
စက်တင်ဘာ ၁၆ရက်တွင် မြို့နယ်မှ တာဝန်ရှိသူများက အမှု ကို စစ်ဆေးခဲ့ပြီး မွန်းလွဲ ၂နာရီ ၄၅ မိနစ်တွင် စက်ရုံအလုပ်သမား ၁၅ဝခန့် မှ စက်ရုံဝင်းတံခါးကို ကျော်တက်၍ လုပ်ခလစာချက်ချင်းပေးရန် တောင်း ဆိုသောကြောင့် မွန်းလွဲ ၃နာရီခွဲ တွင် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးဝင်းရှိန်၊ တိုင်း ဦးစီးမှူး ဦးကျော်ကျော်ထွန်း၊ မြို့နယ် ဦးစီးမှူး ဦးမောင်မောင်လှိုင်တို့မှ အ လုပ်သမားတို့အား စက်ရုံရှိ ပစ္စည်း များကို လေလံတင်ရောင်းချပေးရေး ကော်မတီကို ဖွဲ့စည်းခဲ့ပြီး ရန်ကုန် တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့မှ အ တည်ပြုဆုံးဖြတ်ရာ၌ ရက်ပေါင်း ၃ဝ ပြည့်ပြီဖြစ်သောကြောင့် စက်တင်ဘာ ၁၉ရက်တွင် အခွန်အမှုစတင်ဖွင့်လှစ် ကာ မြေနှင့် အခွန်ဥပဒေပုဒ်မ-၄၅ အရ အခွန်ပုံစံ(၆)ဖြင့် လုပ်ငန်းပိုင်ရှင် အား ခုနစ်ရက်အတွင်း လာရောက် ပေးဆောင်ရန် နို့တစ်စာထုတ်ရမည် ဖြစ်ကြောင်း၊ လာရောက်မှုမရှိပါက စက်တင်ဘာ ၂၄ရက်တွင် ဝရမ်းစွဲ ကပ်ပြီး ၁၅ရက်မြောက်သောနေ့တွင် အောက်တိုဘာ ၉ရက်၌ စက်ရုံကို လေလံတင်ရောင်းချမည်ဖြစ်ကြောင်း နိုဝင်ဘာ ၈ရက်ထိ ကန့်ကွက်ရန်မရှိ ပါက အလုပ်သမားမျာအား စက်ရုံ ရောင်းချငွေဖြင့် လုပ်ခလစာထုတ်ပေး သွားမည်ဖြစ်ကြောင်းကို ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းကိုအလုပ်သမားများက လက်ခံခြင်းမရှိခဲ့ဘဲ လစာချက်ချင်း ထုတ်ပေးရန် တောင်းဆိုပြီး ညွှန်ကြား ရေးမှူးချုပ် ဦးဝင်းရှိန်နှင့် အဖွဲ့အား ည ၇နာရီထိ စက်ရုံပြင်ပသို့ထွက်ခွာ ခွင့်မပြုဘဲ စက်ရုံဝင်းတွင် တစ်ညနေ ရန် ဝင်းတံခါးကို သော့ခတ်ထား သောကြောင့် ည ၇နာရီ မိနစ် ၂ဝ တွင် ရန်ကုန်မြောက်ပိုင်းခရိုင် အထွေ ထွေအုပ်ချုပ်ရေးမှူး ဦးမြတ်ထွန်းဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့်လွင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ငြိမ်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲ မှူးသန်းမြင့်ဦး၊ မြို့နယ်ဥပဒေအရာ ရှိနှင့် တာဝန်ရှိသူများ ရောက်ရှိပြီး အလုပ်သမားများ စက်ရုံအပြင်သို့ ထွက်ခွင့်မပြုသော တာဝန်ရှိသူ သုံး ဦးကို အပြင်သို့ ပြန်ပေးထွက်ရန်နှင့် လုပ်ခလစာများ ရရှိရန် ညှိနှိုင်းရှင်းပြ ခဲ့သော်လည်း ပြေလည်မှုမရရှိခဲ့ဘဲ စက်ရုံပြင်ပ၌ အလုပ်သမားတို့နှင့် သက်ဆိုင်သည့် လူစုလူဝေးတချို့ စောင့်ကြပ်နေရာ ည ၁ဝနာရီ ၃၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး၊ လုံခြုံရေးရဲတပ်ဖွဲ့ခွဲ များ ဒုတိယကွပ်ကဲရေးမှူးချုပ်(ခေတ္တ ရန်ကုန်တိုင်း တိုင်းရဲတပ်ဖွဲ့မှူး) ရဲမှူး ကြီး ချစ်ဦးနှင့် အမှတ်(၅)၊ အမှတ်(၉)လုံခြုံရေးရဲတပ်ဖွဲ့တို့ ရောက်ရှိခဲ့သည်။
ည ၁ဝနာရီ မိနစ် ၅ဝတွင် မြို့ နယ်အထွေထွေအုပ်ချုပ်ရေးမှူးမှ လူစုခွဲပေးရန်၊ ခေါ်ဆောင်ထားသော ညွှန်ကြားရေးမှူးချုပ်နှင့် နှစ်ဦးကို အပြင်သို့ ထွက်ခွင့်ပြုရန်၊ လုပ်ခလစာ မြန်ဆန်စွာရရှိရန် မည်သို့လုပ်ဆောင် နေကြောင်း ရှင်းလင်းပြောကြားခဲ့ သော်လည်း လက်ခံမှုမရှိသောကြောင့် စက်ရုံဝင်းတံခါးသံပြားများကို ခွာကာ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့ကို စက် ရုံပြင်ပသို့ ခေါ်ဆောင်နိုင်ခဲ့သည်။
ထို သို့ခေါ်ဆောင်စဉ် ရဲမေများပါ ဝိုင်း ဝန်းထိန်းသိမ်းပေးခဲ့ပြီး ရေသန့်ဘူး၊ ထမင်းချိုင့်၊ ခဲများဖြင့်ပစ်ပေါက်သော ကြောင့် ထိခိုက်မှုရှိလာ၍ စက်ရုံပြင် ပသို့ အမြန်ထွက်ခွာခဲ့ရာ အမှောင် ထဲတွင် ခဲများဖြင့် ပစ်ပေါက်ခြင်း၊ စက် ရုံအပြင်ဘက်ရှိ လူစုလူဝေးမှ ဝင် ရောက်တိုက်ခိုက် ပစ်ပေါက်ခြင်းတို့ ကြောင့် စက်ရုံဝင်းအတွင်း ပြန်လည် ဝင်ရောက်ကာ လူအုပ်စုကို ခွဲထုတ် ခဲ့ရသည်။ တုတ်၊ ခဲ၊ စတီးထမင်းချိုင့် တို့ဖြင့် တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ ဝင် ကိုးဦး ဒဏ်ရာရရှိခဲ့ပြီး အမှတ် (၉) လုံခြုံရေးရဲတပ်ဖွဲ့ခွဲပိုင် (၁ဂ/ ၂၅၉၃) ဖော်ရစ်ပါရှေ့လေကာမှန်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ၏ (၂ဂ/၈၅၉၈)ပရာဒိုယာဉ် ကား နှင့် နောက်လေကာမှန် ကွဲကြေပျက် စီးသွားခဲ့သည်။
ယင်းနှင့်ပတ်သက်၍ ညွှန်ကြား ရေးမှူးချုပ်ဦးဝင်းရှိန်က''အလုပ်သ မားတွေက လုပ်ခရဖို့ရက်ချိန်းအချိန် အတိအကျသတ်မှတ်ပေးဖို့ရယ် အဘရှိမှဖြစ်မှာ။ ဒါမှပိုက်ဆံရမှာ။ အဘဒီတစ်ညတော့အလုပ်သမား တွေရဲ့ခံစားချက်တွေကို နားထောင် ပေးပါဆိုပြီး ပြန်ထွက်ခွင့်မပေးခဲ့ တာပါ''ဟု ပြောသည်။
အဆိုပါလှိုင်သာယာစက်မှုဇုန် (၃) ဒီပဲယင်းဝန်ထောက် ဦးမြဲလမ်း ရှိ ကိုရီးယားပိုင်ဆိုင်သော Master Sports (Myanmar) ရှူးဖိနပ်စက်ရုံ ဝန်းကျင်တွင် လုံခြုံရေးရဲတပ်ဖွဲ့ခွဲနှင့် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့မှ လုံခြုံရေး ဆောင်ရွက်ထားရှိကာ တည်ငြိမ်အေး ချမ်းသွားပြီဖြစ်ပြီး အလုပ်သမားတို့ မရရှိသေးသော လုပ်ခလစာအတွက် အဆိုပါစက်ရုံကို ဥပဒေနှင့်အညီ ပြန်လည်ရောင်းချ၍ လစာများ ရရှိ စေရန် တာဝန်ရှိသူတို့ အမြန်ဆုံး ဆောင်ရွက်လျက်ရှိသည်။
အဆိုပါလှိုင်သာယာစက်မှုဇုန် (၃) ဒီပဲယင်းဝန်ထောက် ဦးမြဲလမ်း ရှိ ကိုရီးယားပိုင်ဆိုင်သော Master Sports (Myanmar) ရှူးဖိနပ်စက်ရုံ ဝန်းကျင်တွင် လုံခြုံရေးရဲတပ်ဖွဲ့ခွဲနှင့် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့မှ လုံခြုံရေး ဆောင်ရွက်ထားရှိကာ တည်ငြိမ်အေး ချမ်းသွားပြီဖြစ်ပြီး အလုပ်သမားတို့ မရရှိသေးသော လုပ်ခလစာအတွက် အဆိုပါစက်ရုံကို ဥပဒေနှင့်အညီ ပြန်လည်ရောင်းချ၍ လစာများ ရရှိ စေရန် တာဝန်ရှိသူတို့ အမြန်ဆုံး ဆောင်ရွက်လျက်ရှိသည်။
အဆိုပါစက်ရုံတွင် အလုပ်သ မား ၇၅၇ဦးရှိပြီး ဇွန် ၆ရက်မှစတင် ၍ စက်ရုံကို ပိတ်ခဲ့ရာ ဇွန် ၃ဝရက် တွင် မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ က စက်ရုံတာဝန်ခံ Mr. Jeoung နှင့် စီမံရေးရာအုပ်ချုပ်ရေးမှူး ဒေါ် ခင်ခင်ထွေးတို့ကို အလုပ်သမား ကိုယ်စားလှယ်တို့နှင့် ညှိနှိုင်းပေးခဲ့ရာ လုပ်ခ လစာငွေ ထုတ်မပေးနိုင်ခဲ့ဘဲ ဇူလိုင် ၁၅ရက်၌ ဇွန်လစာအားထုတ် ပေးရာတွင် နစ်နာကြေးတောင်းဆိုမှု မပြုလုပ်ရန် တောင်းဆိုမှုကြောင့် အလုပ် သမား ၅၅ဦးသာ လစာယူ၍ ကျန် အလုပ်သမားများ လစာမယူခဲ့ကြောင်း သိရသည်။
သန်းထိုက်(လှိုင်သာယာ)
No comments:
Post a Comment