Monday, September 15, 2014

စစ်ကိုင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရပ်ကွက်အချို့နှင့် လမ်းပိုင်းအချို့ ရေကြီးနစ်မြုပ်



စစ်ကိုင်း၊ စက်တင်ဘာ ၁၄။
...
စစ် ကိုင်းမြို့တွင် စက်တင်ဘာ ၁၄ရက် နံနက် ၅နာရီခွဲကျော်မှ စတင်၍ ၁၁ နာရီဝန်းကျင်အထိ မိုးသည်း ထန်စွာရွာသွန်းခဲ့ရာ အနိမ့်ပိုင်းရပ် ကွက်များနှင့် လမ်းပိုင်းအချို့ ရေ နစ်မြုပ်ခဲ့ကြောင်း သိရသည်။
မြေနိမ့်ပိုင်းဖြစ်သည့် မင်းလမ်း ရပ်၊ လေးကျွန်းမြေရပ်၊ တကောင်း ရပ်၊ ပိုးတန်းရပ်၊ ပန်းဘဲတန်းရပ်၊ မိုး ဇာရပ်၊ နန္ဒဝန်ရပ် စသည့်ရပ်ကွက် များတွင် ရေလွှမ်းမိုးနစ်မြုပ်ခဲ့ပြီး လမ်း အချို့မှာလည်း ရေဖုံးလွှမ်းနစ်မြုပ် ကာ လမ်းပိတ်သည်အထိ ဖြစ်ခဲ့ ကြောင်း သိရသည်။
အဆိုပါရက်က မိုးရေချိန်မှာ ၆ ဒသမ ၃၈လက်မဖြစ်ပြီး စစ်ကိုင်း မြို့တွင် စက်တင်ဘာလအတွင်း စံ ချိန်တင်ရွာသွန်းသည့် မိုးရေချိန်ဖြစ် ကြောင်း စစ်ကိုင်းမြို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိ ရသည်။
''မိုးက နံနက်အစောပိုင်းမှာ စ ပြီးရွာသွန်းတာပါ။ မိုးကြိုးတွေ ထစ်ချုန်းပြီး သဲကြီးမဲကြီးရွာချခဲ့ တာ။ အနိမ့်ပိုင်းရပ်ကွက်က အိမ် တွေတော့ ရေဝင် ကုန်တယ်။ လေး ကျွန်းမြေ ရပ်ကွက်နားက တောင်ရိုး လမ်း ကိုးပေတံတားနေရာမှာဆို ရင် ရေတွေခါးကျော်ကျော်လောက် ရှိနေလို့ ကားတွေ၊ ဆိုင်ကယ်တွေ သွားလာလို့ မရတော့ဘူး။ လမ်း ပိတ်သွားတယ်။ တခြားနေရာတွေ မှာလဲ ရေတွေနစ်မြုပ်နေတာတွေ့ ရတယ်။ အပျက်အစီးရှိ၊ မရှိတော့ မသိရဘူး။ မင်းလမ်းတစ်ဖက်မှာ လဲ ရေတွေ လွှမ်းနေတာကိုတွေ့ရ တယ်''ဟု ပန်းဘဲတန်းရပ်ကွက်မှ ကိုကျော်ထူးကပြောပြသည်။
စစ်ကိုင်းမြို့တွင် တစ်ရက်အ တွင်း အများဆုံးရွာသွန်းခဲ့သောမိုးရေချိန်မှာ စစ်ကိုင်းခရိုင် မိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှူးဦးစီး ဌာန၏မှတ်တမ်းများအရ ၂ဝဝ၁ ခုနှစ် သြဂုတ် ၆ရက်တွင် ၆ဒသမ ၇၃လက်မအထိ ရွာသွန်းခဲ့ဖူးကြောင်း သိရသည်။
ယခင်က စက်တင်ဘာလအ တွင်း ယခုကဲ့သို့ မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းမျိုး မရှိခဲ့ဖူးကြာင်း စစ်ကိုင်းမြို့ခံများ၏ ပြောပြချက် အရ သိရသည်။
NDML
YMG

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ