Thursday, September 11, 2014

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အဖွဲ့ဝင်များဗီယက် နမ်နိုင်ငံမှ ပြန်လည်ထွက်ခွာ



ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံတွင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင် သော မြန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ ၁၀၀၀ အချိန်တွင် ဟိုချီမင်းမြို့ရှိ Phu My Hung မြို့သစ်အိမ်ယာစီမံကိန်းသို့လည်းကောင်း၊ ၁၀၅၅ အချိန်တွင် Bitexco Finacial Tower မှ ဟိုချီမင်းမြို့၏ ရှုခင်းကိုလည်းကောင်း ကြည့်ရှုလေ့လာကြသည်။
ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်သော မြန်မာလွှတ်တော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၉ ရက်နေ့ ၁၁၅၅ အချိန်တွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟိုချီမင်းမြို့၊ Tan Son Nhat လေဆိပ်မှ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ရာ လေဆိပ်တွင် ပြည်ထောင်စုလွှတ်တော် နာယက နှင့်အဖွဲ့ဝင်များအား ဗီယက်နမ်- မြန်မာ ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ H.E. Mr. Nguyen Manh Tien ၊ ဟိုချီမင်းမြို့ ပြည်သူ့ ကောင်စီ အမြဲတမ်း ကော်မတီဝင် H.E. Mr. Nguyen Thanh Chin ၊ ဟိုချီမင်းမြို့၊ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူး ဆောင် ကောင်စစ်ဝန် Mr. Dam Trung Bac ၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဆိုင်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးဝင်းလှိုင်နှင့် သံရုံးဝန်ထမ်းများက Tan Son Nhat လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက်ကြသည်။
၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၀ ရက်
ပြည်သူ့လွှတ်တော်

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ