Apple ၏ iPhone 6 Plus သည်စံချိန်တင် အမှာစာများရရှိခဲ့ပြီးနောက်
သုံးစွဲသူလက်များသို့ ဖြန့်ချိရန် သုံးပတ်မှ လေးပတ်အထိ
နှောင့်နှေးနိုင်ကြောင်း သိရသည်။
iPhone 6 စမတ်ဖုန်းများကို အမေရိကန်နိုင်ငံတွင် စက်တင်ဘာလ ၁၉ ရက်တွင်
စတင်ရောင်းချမည် ဖြစ်သော်လည်း Apple က စက်တင်ဘာလ ၁၁ ရက်မှစ၍ အွန်လိုင်းတွင်
ကြိုတင်မှာယူမှုများ ပြုလုပ်နိုင်အောင် စီစဉ်ပေးခဲ့သည်။
ထို့နောက်
Apple သည် screen အရွယ်ကြီးမားသည့် iPhone 6 Plus အတွက် စံချိန်တင်
အမှာစာများကို ရရှိခဲ့ပြီးနောက် ၅.၅ လက်မ အရွယ် iPhone 6 Plus ကို
အသုံးပြုနိုင်ရန် တစ်လခန့် စောင့်ဆိုင်းရမည်ဖြစ်ပြီး ၄.၇ လက်မ အရွယ် iPhone
6 ကိုမူ စက်တင်ဘာလ ၁၉ ရက်တွင် ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း ကုမ္ပဏီ
ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
Verizon Wireles, AT&T နှင့်
Sprint တို့၏ ဝက်ဘ်ဆိုက်များတွင်လည်း iPhone 6 Plus တင်ပို့ရောင်းချမှု
နှောင့်နှေးနိုင်ကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် Apple ကလည်း နောက်ဆုံးပေါ်
iPhone အသစ်များကို မှာယူမှုနှုန်းသည် ယခင်ထွက်ရှိပြီးသား iPhone များထက်
သာလွန်ကြောင်း ပြောကြားခဲ့သည်။
သုံးစွဲသူများ၏ iPhone 6 နှင့်
iPhone 6 Plus စမတ်ဖုန်းအပေါ် စိတ်ဝင်စားမှုသည် အံ့အားသင့်စရာ ကောင်းကြောင်း၊
ကြိုတင်မှာယူမှုများသည် တစ်ညအတွင်း စံချိန်သစ်တင်ခဲ့ကြောင်းနှင့် ၎င်းတို့ကို
ယခုအခါ Apple App Store နှင့် အွန်လိုင်းတို့မှ ကြိုတင်မှာယူမှုများ
ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း Apple ၏ ပြောရေးဆိုခွင့်ရှိသူ ထရူတီမူလာက
ပြောဆိုခဲ့သည်။
အင်တာနက်
No comments:
Post a Comment