Monday, September 8, 2014

ယခုနှစ် ဒီဇင်ဘာ ၂၇ ရက် တွင် ကျင်းပရန်လျာထားသည့် ကြား ဖြတ်ရွေးကောက်ပွဲကို မကျင်းပတော့ ကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌက ပြောကြား



ယခုနှစ် ဒီဇင်ဘာ ၂၇ ရက် တွင် ကျင်းပရန်လျာထားသည့် ကြား ဖြတ်ရွေးကောက်ပွဲကို မကျင်းပတော့ ကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌက ပြောကြားလိုက် ပြီး ယင်းကို ပါတီအများစုက သဘော တူခဲ့ကြသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပါအဝင် ပါတီ (၃၅) ခုနှင့် ရန်ကုန်မြို့ရှိ မြန်မာ့ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာနတွင် စက်တင်ဘာ ၇ ရက် တွေ့ဆုံဆွေးနွေးပွဲအပြီး ပြု လုပ်သော သတင်းစာရှင်းလင်းပွဲ၌ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်တော့မည်မဟုတ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘မဲဆန္ဒနယ်က ၃၅ နေရာပဲရှိ တဲ့အတွက် လွှတ်တော်ရဲ့ မဲခွဲဆုံး ဖြတ်တဲ့ voting result ကို ထိခိုက် မှုမရှိဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် USDP (ပြည်ခိုင်ဖြိုးပါတီ)က အသာစီးနိုင်မယ်ဆိုတဲ့ အနေအထားဖြစ်နေတယ်။ လွှတ်တော်မှာလည်း ဖွဲ့စည်းပုံပြင်ဆင်မယ့် ကိစ္စနဲ့ ရွေးကောက်ပွဲ စနစ်အတွက် လေ့လာသုံးသပ်တဲ့ အလုပ်တွေများနေတယ်။ ဒီအချိန်မှာ ရွေးကောက်ပွဲလုပ်ရင် အလုပ်များမှာစိုးရိမ်တဲ့အတွက်ပါ’’ဟု ဦးတင်အေးက ကြားဖြတ်ရွေးကောက်ပွဲမလုပ်ဖြစ်တော့ခြင်းနှင့် ပတ်သက်၍ ပြောသည်။

ထို့အပြင် ကြားဖြတ်ရွေး ကောက်ပွဲကို အာဆီယံထိပ်သီး အစည်းအဝေးအပြီးတွင်ပြုလုပ် ရန် စီစဉ်ထားပြီး ထိပ်သီးအစည်း အဝေးကို အောက်တိုဘာမှ နိုဝင် ဘာသို့ ရွှေ့ပြောင်းထားခြင်း၊ ကြားဖြတ်ရွေးကောက်ပွဲပြုလုပ် ပါက ကျပ် ၂ ဘီလီယံဝန်းကျင် ကုန်ကျမည်ဖြစ်ခြင်း၊ မဲဆန္ဒနယ် ၃၀ ကျော်မှာ လွှတ်တော်အတွင်း ပြောင်းလဲသက်ရောက်မှုများစွာ မဖြစ်နိုင်ခြင်းတို့ကြောင့် ဥက္ကဋ္ဌတစ်ဦး၏ လုပ်ပိုင်ခွင့်အရ ဆုံးဖြတ်ပြီး မကျင်းပခြင်းဖြစ်ကြောင်း ဦးတင်အေးက ပြောသည်။

ပါတီများ အနေဖြင့်လည်း သုံးနေရာ ဝင်ရောက်မယှဉ်ပြိုင်ပါက ပယ်ဖျက်ခံရမည်ဆိုသော သတ်မှတ်ချက်ဖြင့် ကြားဖြတ်ရွေး ကောက်ပွဲပြုလုပ်လျှင် ပါတီငယ် များ အခက်အခဲ ဖြစ်နိုင်ခြင်း၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်စရာများရှိ နေခြင်းတို့ကြောင့် ကြားဖြတ်ရွေး ကောက်ပွဲမပြုလုပ်တော့ခြင်းဖြစ် ကြောင်း ၎င်းက ဆိုသည်။

ထိုသို့ ကြားဖြတ် ရွေး ကောက်ပွဲ မပြုလုပ်တော့ရန်ဆုံး ဖြတ်ခြင်းကို ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အပါအဝင် နိုင်ငံရေးပါတီများက လည်း ထောက်ခံခဲ့သည်။

‘‘ကျွန်တော်တို့ကလက်ခံပါ တယ်။ အချိန်ကလည်း မရှိတော့ ဘူး။ ၂၀၁၄ ပြီးရင် ၂၀၁၅ မှာ လည်း လုပ်ရဦးမယ်။ ပြီးတော့ ၁၄ မှာ ကြားဖြတ်လုပ်လိုက်လို့ လည်း နိုင်ငံရေးမှာ ကြီးကြီးကျယ် ကျယ်ပြောင်းလဲမသွားနိုင်သလို ပါတီငယ်တွေအနေနဲ့လည်း ဝင်ဖို့ ရာ တော်တော်အခက်အခဲဖြစ်နေ တာရှိတယ်’’ ဟု ရွေးကောက်ပွဲ မကျင်းပခြင်းကို လက်ခံကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က ပြောကြားခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲနောက် ပိုင်းတွင် မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ ၃၀ ရှိပြီး အဆိုပါ ပါတီများသည် ကြားဖြတ်ရွေး ကောက်ပွဲတွင် မဲဆန္ဒနယ်သုံးနယ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိပါက ဥပဒေအရ ဖျက်သိမ်းခံရမည်ဖြစ် သဖြင့် ရွေးကောက်ပွဲများ အချိန် နီးကပ်နေခြင်းသည် ပါတီများနှင့် ကော်မရှင်အတွက်ပါ ကျပ်တည်း ပြီး ၂၀၁၅ ရွေးကောက်ပွဲအောင် မြင်နိုင်မှုအပေါ် ထိခိုက်နိုင်သည် ဟု ကော်မရှင်ဥက္ကဋ္ဌဦးတင်အေး က ပြောသည်။

‘‘ကြားဖြတ်ရွေးကောက်ပွဲ လုပ်တဲ့ အကျိုးနဲ့အပြစ်ကို ချပြ ပြီးရှင်းသွားတယ်။ သူချပြတော့ လည်း သူ့ဆုံးဖြတ်ချက်အရ ပြင် သင့်တဲ့သဘောပေါ့။ ကျွန်တော် တို့ကတော့ ဒိုင်လူကြီးဆုံးဖြတ် ချက်ကို လိုက်နာရမှာပဲ။ ဒါ ကြောင့် လက်ခံပါတယ်’’ ဟု ရွေး ကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံ ပွဲသို့ တက်ရောက်ခဲ့သူ ပြည်ခိုင် ဖြိုးပါတီမှ ရန်ကုန်တိုင်းတာဝန်ခံ ဦးသာဝင်းက ပြောသည်။

ထို့အပြင် ရွေးကောက်ပွဲ မပြုလုပ်ခြင်းကြောင့် လစ်လပ်နေ သည့် ကိုယ်စားလှယ်နေရာများ သည် လွှတ်တော်တွင်း အခြေခံ ဥပဒေ ပြင်ဆင်ခြင်းနှင့် ရွေး ကောက်ပွဲစနစ်ပြောင်းလဲခြင်းတို့ အတွက် မဲခွဲဆုံးဖြတ်မှုတို့ကို အကျိုးသက်ရောက်နိုင်မည် မဟုတ်ကြောင်းလည်း လွှတ်တော်တွင်း နိုင်ငံရေးပါတီများက ပြောကြားသည်။

၂၀၁၄ မတ်လ ၂၀ ရက်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဖြိုးမင်းသိန်းက ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ‘‘ကြားဖြတ်ရွေးကောက်ပွဲ လုပ် ပေးဖို့ အစီအစဉ်ရှိပါတယ်။ လတ် တလောမှာက နိုင်ငံအတွင်းအစိုး ရ အဖွဲ့ရော၊ လွှတ်တော်မှာပါ လုပ်ဆောင်စရာ ကိစ္စတွေ များနေတဲ့အတွက် ပွင့်လင်းရာသီမှာ ကြားဖြတ်ရွေးကောက်ပွဲလုပ်ပေး ပါမယ်။ မလုပ်ခင် သုံးလအလိုမှာ ကြေညာပါမယ်’’ ဟု ကော်မရှင် ဥက္ကဋ္ဌဦးတင်အေးက ပြောကြား ခဲ့သည်။

ထိုစဉ်က လွှတ်တော်ကိုယ် စားလှယ်များက လွှတ်တော်တွင်း အခြေခံဥပဒေပြင်ဆင်ရေး ကိစ္စ များဆွေးနွေးနေဆဲဖြစ်၍ မဲခွဲဆုံး ဖြတ်ရာတွင် အထောက်အကူရ စေရန်နှင့် လစ်လပ်မဲဆန္ဒနယ်များ မှ ပြည်သူများအတွက်ဟုဆိုကာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပ ပေးရန် တောင်းဆိုခဲ့ကြခြင်းဖြစ် သည်။ သို့သော် လွှတ်တော်တွင်းရှိ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စ နှင့် ရွေးကောက်ပွဲစနစ်ပြောင်းလဲ ရေးကိစ္စများသည် လျင်မြန်စွာ ခရီးရောက်လာ၍ ကြားဖြတ်ရွေး ကောက်ပွဲအပြီး လွှတ်တော်ကိုယ် စားလှယ်သစ်များ လွှတ်တော် တွင်း ရောက်ရှိလာနိုင်ချိန်ပင် မမီနိုင်တော့သလို အကျိုးသက် ရောက်မှုများလည်း မရှိနိုင်တော့ ကြောင်း ဒီမိုကရေစီအင်အားစု လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

လက်ရှိတွင် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်နေရာ ၁၃ နေရာ၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်နေရာ ခြောက်နေ ရာနှင့် ပြည်နယ်/တိုင်း လွှတ်

တော်ကိုယ်စားလှယ်နေရာ ၁၆ နေရာ စုစုပေါင်း ၃၅ နေရာလစ် လပ်နေခြင်းဖြစ်သည်။

မကြာမီ ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲကြီးကို ၂၀၁၅ နိုဝင်ဘာတွင် ကျင်းပ ပေးရန်လျာထားပြီး လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကို ဥပဒေအရ ကျင်းပပေးမည်ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ က ဆိုသည်။
 ရွေးကောက်ပွဲကော်မရှင်

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ