Saturday, September 6, 2014

လူမှုရေးရန်ပုံငွေအတွက် ဒေါ်လာ ၈သောင်းကျော်ထည့်ပြီး မင်းသမီးကို နမ်းသွားတဲ့ သူဌေးသား




အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်း ဘက်ရှိုင်းယားဒေသတွင်  စက်တင်ဘာ ၄ ရက်က ပြုလုပ်ခဲ့သည့် Elton John AIDS Foundation ၏ လူမှုရေး ရန်ပုံငွေ စုဆောင်းသည့် ပါတီပွဲတစ်ခုတွင် ဘီလျံနာ ဘဏ်လုပ်ငန်းရှင်တစ်ဦး၏ သားဖြစ်သူ ဂျူလီ ယန်ဘာတီက ရုပ်ရှင်နှင့် ရုပ်သံမင်းသမီး အဲလစ်ဇဘက် ဟာလေ အား ပေါင် ၅ သောင်း (ဒေါ်လာ ၈၁၀၀၀) အကုန်အကျခံကာ ပါတီပွဲသို့ တက်ရောက်လာသူများအကြားတွင် နမ်းခဲ့သည်။
အသက် ၂၇ နှစ်အရွယ် ကလေးသုံးယောက်အဖေ ဂျူလီယန်က ၎င်းနှင့်ရင်းနှီးသူ အဲလစ်ဇဘက်အား ပေးမည့် ငွေပမာဏအား ကြေညာပြီး ဆွဲဖက်လိုက်သောအခါ ပရိတ်သတ်များက လက်ခုပ်သြဘာပေးခဲ့ကြသည်။
အသက် ၄၉ နှစ်အရွယ် အဲလစ်ဇဘက်အား ယခုကဲ့သို့ အကုန်အကျခံနမ်းခြင်းသည် အလှူငွေထည့်ရန် သက်သက်အတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဂျူလီယန်က ပြောကြားသည်။
Ref: Closer Weekly 

mizzima 

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ