Wednesday, September 3, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဂျာမနီ နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိ

 


ဖရန့်ဖတ် စက်တင်ဘာ ၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့သည် စက်တင်ဘာ ၁ ရက် ညနေပိုင်း တွင် နေပြည်တော်မှ ထွက်ခွာလာရာ ဒေသစံတော်ချိန် ည ၉ နာရီခွဲတွင် စင်ကာပူနိုင်ငံ ချန်ဂီအပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြပြီး စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စင်ကာပူ နိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးဌေးအောင်နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။

ထို့နောက် ဒေသစံတော်ချိန် ည ၁၁ နာရီ ၅၅ မိနစ်တွင် စင်ကာပူလေကြောင်း လိုင်းဖြင့် ဆက်လက် ထွက်ခွာရာ စက်တင်ဘာ ၂ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီခွဲတွင် ဂျာမနီနိုင်ငံ ဖရန့်ဖတ်အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံ သံအမတ်ကြီး၊ H.E .Mr. Christian -Ludwing Weber-Lortsch၊ ဂျာမနီနိုင်ငံ သံတမန်ရေးရာဌာနမှ Mr. Volker Timmermann၊ ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးစိုးနွယ်နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် ခေတ္တတည်းခိုမည့် Frankfurter Hof ဟိုတယ်သို့ ရောက်ရှိ ခဲ့ကြသည်။
သမ္မတရုံး

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ