မန္တလေး၊ စက်တင်ဘာ ၁၂။
...
မန္တ လေးမြို့သို့ လာရောက်သည့် နိုင်ငံ ခြားသားများအနေဖြင့် ယာဉ်မောင်း
နှင်ရန်အတွက် နိုင်ငံရပ်ခြား ယာဉ် မောင်းလိုင်စင်မှ မြန်မာနိုင်ငံ ယာဉ်
မောင်းလိုင်စင်သို့ ပြောင်းလဲလျှောက် ထားရာတွင် အမြင့်ဆုံးအဖြစ် (ခ)လိုင်စင်ကိုသာ
ထုတ်ပေးနေခြင်းဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
အပြည်ပြည်ဆိုင်ရာ ယာဉ် မောင်းခွင့်လက်မှတ် ရရှိထားသူများ မှအပ တခြားနိုင်ငံခြားယာဉ်မောင်း လိုင်စင်ကိုင်ဆောင်ထားသူများကို မြန်မာနိုင်ငံ၏ ယာဉ်မောင်းလိုင်စင် သို့ တိုက်ရိုက်ကူးပြောင်းခွင့်မပေးဘဲ ယာဉ်မောင်း လိုင်စင်ထုတ်ပေးခြင်းနှင့်စပ်လျဉ်း၍ စစ်ဆေးရမည့် လုပ် ထုံးလုပ်နည်းများ၊ နည်းလမ်းများအ တိုင်းဆောင်ရွက်ပြီး စစ်ဆေးမှုများ အောင်မြင်မှသာ ယာဉ်မောင်းလိုင် စင်ထုတ်ပေးမည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဦး စီးမှူးဦးနေလင်းက ပြောသည်။
''နိုင်ငံခြားသားတွေအနေနဲ့ ပြည်တွင်းမှာ မော်တော်ယာဉ်နဲ့ မော် တော်ဆိုင်ကယ်တွေ မောင်းနှင်လို တယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ယာဉ် မောင်းလိုင်စင်ကို ရရှိကိုင်ဆောင်ထား ဖို့လိုအပ်ပါတယ်။ သူတို့နိုင်ငံတွေမှာ ကုန်တင်ထရပ် ကားတွေကို မောင်း နှင်နိုင်တဲ့ ယာဉ်မောင်းလိုင်စင် ရရှိ ထားတယ်ဆိုပေမယ့်လဲ မြန်မာနိုင်ငံ မှာ ပြည်တွင်းယာဉ်မောင်းလိုင်စင်လို အပ်တာကြောင့် ပြန်လည်ကူးပြောင်း ထုတ်ပေးရာမှာ (က)လိုင်စင်နဲ့ အမြင့် ဆုံး (ခ)လိုင်စင်ကိုသာ ထုတ်ပေးပါ တယ်။ မလိုလားအပ်တဲ့ ယာဉ်တိုက် မှုအန္တရာယ်တွေ မဖြစ်ပွားစေဖို့အ တွက် ရည်ရွယ်ကာ ပြည်တွင်းမှာလိုပဲ ယာဉ်မောင်းလိုင်စင်ရယူဖို့အတွက် သိထားရမယ့် စည်းကမ်းချက်တွေ၊ လမ်းအချက်ပြအမှတ်အသားတွေကိုသိရှိထားပြီးစစ်ဆေးမှုတွေကို အောင် မြင်စွာဖြေဆိုနိုင်တဲ့
နိုင်ငံခြားသား တွေကိုပဲ ပြည်တွင်းယာဉ်မောင်းလိုင် စင်ကူးပြောင်းထုတ်ပေးနေတာ ဖြစ် ပါတယ်'' ဟု ယင်းက ဆက်လက်ရှင်း ပြသည်။
နိုင်ငံခြားယာဉ်မောင်းလိုင်စင် မှ မြန်မာနိုင်ငံယာဉ်မောင်းလိုင်စင် သို့ကူးပြောင်းရာတွင် လိုအပ်သည့် အချက်များမှာ သက်ဆိုင်ရာနိုင်ငံမှ ထုတ်ပေးထားသော ယာဉ်မောင်း လိုင်စင်မှန်ကန်ကြောင်း အဖွဲ့အစည်း (သို့မဟုတ်)ကုမ္ပဏီမှတာဝန်ရှိသူ၏ထောက်ခံချက်၊ ယာဉ်မောင်းလိုင်စင် တွင် အင်္ဂလိပ်ဘာသာဖြင့်ဖော်ပြထား ခြင်းမဟုတ်ပါက အင်္ဂလိပ်ဘာသာ (သို့မဟုတ်) မြန်မာဘာသာသို့ပြန်ဆို ထားသည့် ထောက်ခံချက်၊ နိုင်ငံခြား ယာဉ်မောင်းလိုင်စင်မူရင်းနှင့် မိတ္တူ၊ ဓာတ်ပုံသုံးပုံ၊ နိုင်ငံကူးလက်မှတ်မိတ္တူ စသည်တို့ဖြစ်ပြီး ယာဉ်မောင်းလိုင် စင်နှင့်ပတ်သက်သော စာတွေ့၊ လက် တွေ့သင်ခန်းစာများကို ဖြေဆိုရမည် ဖြစ်ရာ သတ်မှတ်ထားသည့် အချက် အလက်များနှင့်ပြည့်စုံပါက ကညန ဦးစီးမှူး၏ ခွင့်ပြုချက်ရယူ၍ (က)လိုင်စင်နှင့် (ခ)လိုင်စင်သို့ ပြောင်းလဲ ထုတ်ပေးမည်ဖြစ်ကြောင်း သိရ သည်။
ယာဉ်မောင်းလိုင်စင် မှတ်ပုံတင် ကြေးအဖြစ် ငါးနှစ်သက်တမ်းအ တွက် အမေရိကန်ဒေါ်လာ ၅ဝ၊ စမတ်ကတ်အတွက် ကျပ် ၁၂ဝဝပေး သွင်းရမည်ဖြစ်၍ လိုင်စင်ပြုလုပ်ပေး ချိန်တွင် လက်ရှိငွေလဲနှုန်းနှင့် ညီမျှ သော မြန်မာကျပ်ငွေဖြင့် ပေးသွင်း နိုင်ကြောင်း၊ ၂ဝ၁၄ခုနှစ် ဇွန်လမှ သြဂုတ်လအထိ ပြည်တွင်းယာဉ် မောင်းလိုင်စင် ထုတ်ပေးထားသည့် နိုင်ငံခြားသားအရေအတွက်မှာ အ ယောက် ၂ဝဝနီးပါးရှိရာ တရုတ် လူမျိုးများမှာ အများဆုံးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
YMG

No comments:
Post a Comment