Tuesday, September 9, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နယ်သာလန်နိုင်ငံသို့ ရောက်ရှိ

 


သည်ဟေ့ဂ် စက်တင်ဘာ ၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့သည် စက်တင်ဘာ ၇ ရက် မွန်းလွဲပိုင်းတွင် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှ Royal Dutch လေကြောင်းလိုင်းဖြင့် ထွက်ခွာ လာရာ ဒေသ စံတော်ချိန် ညနေ ၄ နာရီ ၁၅ မိနစ်တွင် နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့သို့ ရောက်ရှိကြသည်။

နိုင်ငံတော်သမ္မတနှင့် အဖွဲ့အား နယ်သာလန်နိုင်ငံ သံတမန်ရေးရာ ဦးစီးဌာန အကြီးအကဲ Mr. BAN EES၊ ဗန်ကောက်မြို့ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီး H. E. Mr. Joan BOER နှင့် နယ်သာလန် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှနှင့် အိုရှင်းနီးယားရေးရာ ဦးစီးဌာန အကြီးအကဲ Mr. POTMAN၊ နယ်သာလန်နိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးပေါ်လွင်စိန်နှင့် သံရုံးမိသားစုများက အမ်စတာဒမ် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့ဝင်များသည် မော်တော်ယာဉ်များဖြင့် ခေတ္တတည်းခိုမည့် သည်ဟေ့မြို့ရှိ Bel Air Hotel သို့ ရောက်ရှိကြသည်။
သမ္မတရုံး

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ