တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ Tomorrow ဂျာနယ်တိုက်ရုံးခန်းတွင် သတင်းပေးရန်သွားရောက်သည့် အမျိုးသမီးတစ်ဦးအား သတင်းထောက်ချုပ်မှ ကာမအမြတ်ထုတ်ခဲ့ကာ နှုတ်ပိတ်ခြိမ်းခြောက်ခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယခုအပတ်သောကြာနေ့ နံနက် ၉နာရီခန့်တွင် သတင်းပေးရန်သွားရောက်သူ မ.... ဘ(ဦးထိန်လင်း) အား သတင်းထောက်ချုပ် ကို... ကအယ်ဒီတာအခန်းသို့ခေါ်ကာ လော့ခ်ချလျက်ကာမအမြတ်ထုတ်ခဲ့ခြင်းဖြစ်သည်။ "သမီးကချယ်ရီဦးနာရီအတုရောင်းချတဲ့သတင်းပေးဖို့သွားခဲ့တာ၊ သူကဒီသတင်းကထိလွယ်ရှလွယ်တယ်ဆိုပြီး အမြတ်ထုတ်ဖို့ကြိုးစားတယ်၊ သမီးရင်သားတွေကို ကိုင်တွယ်ခဲ့တယ်။ ရုံးမှာမနက်ဆိုတော့ဝန်ထမ်းတွေကလည်းမစုံသေးဘူးလေ။ ပြန်ခါနီးမှာ ဒီကိစ္စကိုတိုင်ကြားရင် သတင်းလီဆယ်ရေးပြီး ထောင်ကျအောင်လုပ်ပစ်မယ်လို့ခြိမ်းခြောက်ခဲ့တယ်၊ ချယ်ရီဦးသတင်းအမှားပေးတာကို ဖော်ထုတ်ပစ်မယ်ပြောတယ်၊ အခုလိုအမြတ်ထုတ်ခံရလိမ့်မယ်လို့လည်းထင်မထားဘူး၊ Tomorrow ဂျာနယ်တိုက်က၀န်ထမ်းတွေရဲ့ကျင့်ဝတ်ကအောက်တန်းကျလွန်းပါတယ်" ဟု စောင့်ကြည့်ဂျာနယ်တိုက်၏ဆက်သွယ်မေးမြန်းချက်ကိုပြောကြားသည်။
သူမ၏ပြောကြားချက်အရ ချယ်ရီဦးအားလုပ်ကြံသတင်းပေးရခြင်းမှာ မန်နေဂျာဖြစ်သူက သူမ၏အမတော်စပ်သူ၏ ခင်ပွန်းဖြစ်ပြီးနောက်ကွယ်တွင်ဖောက်ပြန်နေခြင်းကြောင့်ဖြစ်သည်ဟုဆိုသည်။ ယခုမူမည်သူ့ကိုမှ မနစ်နာစေပဲ အမှုမှန်ပေါ်ပေါက်ရေးအတွက် Tomorrow ဂျာနယ်တိုက်အား တာဝန်ရှိသူများအနေဖြင့်စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုကြောင်း စောင့်ကြည့်သို့ထပ်လောင်းပြောကြားသည်။ "ကျွန်မရဲ့မရိုးသားမှုကိုလည်းဝန်ခံဖို့အသင့်ပါ။ ကာမအမြတ်ထုတ်ခဲ့တဲ့ ကျင့်ဝတ်ပျက်သတင်းသမားကို အရေးယူရင်ကျေနပ်ပါပြီ"ဟုပြောကြားသည်။ Tomorrow ဂျာနယ်တိုက်သို့ဆက်သွယ်မေးမြန်းရာ ထိုဖြစ်စ်နှင့်ပတ်သတ်၍ မကြာခင်ဖြေရှင်းသွားမည်ဖြစ်ကြောင်းပြန်လည်ဖြေကြားခဲ့သည်။
အမှုမှန်ပေါ်ပေါက်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့်စုံစမ်းဖော်ထုတ်ပေးပါရန် စောင့်ကြည့်ဝိုင်းတော်သားများမှ ထပ်လောင်းတိုက်တွန်းလိုက်ရပါသည်။
Tomorrow ဂျာနယ်တိုက်လိပ်စာမှာ
အမှတ် ၄၀၊ အခန်းနံပါတ် ၄က၊ ၃လွှာ၊ အရှေ့မြင်းပြိုင်ကွင်းလမ်း တာမွေ ရန်ကုန် ဖြစ်ပြီးဆက်သွယ်ရန်ဖုန်းနံပါတ်မှာ 018604004 ဖြစ်သည်။
မောင်ဥသြ
Credit To NewsWatch Weekly
အမှတ် ၄၀၊ အခန်းနံပါတ် ၄က၊ ၃လွှာ၊ အရှေ့မြင်းပြိုင်ကွင်းလမ်း တာမွေ ရန်ကုန် ဖြစ်ပြီးဆက်သွယ်ရန်ဖုန်းနံပါတ်မှာ 018604004 ဖြစ်သည်။
မောင်ဥသြ
Credit To NewsWatch Weekly
No comments:
Post a Comment