ရန်ကုန် - တောင်တက်သမားနှစ် ဦးကို ရှာဖွေကယ်ဆယ်ရေးလုပ် နေစဉ် ပျောက်ဆုံးသွားသော
B4 ရဟတ်ယာဉ်သည် သုံးရက်ကျော် ကြာသည့်တိုင် ရှာဖွေမတွေ့သေး ကြောင်း
ထူးဖောင်ဒေးရှင်းက သ တင်းထုတ်ပြန်သည်။
စက်တင်ဘာ ၂၉ ရက်တွင် ဒေသခံတစ်ဦးက နောင်မွန်းမြို့ နယ်အကျော်၊ ဂါထုရွာအနီးတွင်
လေယာဉ်တစ်စီးထိုးကျသွားသည် ဟု သတင်းပေးပို့ခဲ့သည့်အတွက် သွားရောက်ရှာဖွေသော်လည်း မ
တွေ့ရှိခဲ့ကြောင်း ထူးဖောင်ဒေး ရှင်းပြန်ကြားရေးတာဝန်ခံ ကိုဖြိုး ကိုကိုက
ပြောသည်။
‘‘အခုထက်ထိတော့ အခြေ အနေက မထူးခြားသေးဘူး။ မနေ့ က ဒေသခံတွေက သတင်းပို့လို့
သွားရှာဖွေခဲ့ပေမယ့် မတွေ့ရှိ သေးပါဘူး။ ရဟတ်ယာဉ်ရော တောင်တက်သမား နှစ်ဦးကိုပါ
အင်အားသုံးပြီးတော့ ဆက်ရှာနေ ပါတယ်’’ဟု ကိုဖြိုးကိုကိုက ပြော သည်။
ခါကာဘိုရာဇီရေခဲတောင် တွင် ပျောက်ဆုံးနေသည့် တောင် တက်သမားနှစ်ဦးကို ရှာဖွေကယ်
ဆယ်ရေးပြုလုပ်နေသည့် ထိုင်း နိုင်ငံ Advance Aviation မှ B4 ရဟတ်ယာဉ်သည်
တဟွန်ဒမ်းရွာ သို့ ရိက္ခာပို့ရန် စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင်
ပူတာအိုမှထွက်ခွာခဲ့ပြီး မိနစ် ၂၀ အကြာတွင် အဆက်အသွယ်ပြတ် တောက်သွားခဲ့ရာ စက်တင်ဘာ
၃၀ ရက်အထိ ပျောက်ဆုံးနေဆဲ ဖြစ်သည်။
ကယ်ဆယ်ရေးရဟတ်ယာဉ် တစ်စီးမှာ အီတလီရဟတ်ယာဉ် မှူးတစ်ဦး၊ အီတလီကယ်ဆယ် ရေးအဖွဲ့ဝင်
နှစ်ဦးလိုက်ပါပြီး နောင်မွန်းဧရိယာနှင့် ကယ်ဆယ် ရေးအစီအစဉ်ရေးဆွဲထားသည့်
လမ်းကြောင်းအတိုင်း ရှာဖွေကယ် ဆယ်ရေးများဆောင်ရွက်လျက်ရှိ ကြောင်း စက်တင်ဘာ ၃၀
ရက်တွင်ထူးဖောင်ဒေးရှင်းက သတင်းထုတ်ပြန်သည်။
B4 ရဟတ်ယာဉ်ပေါ်တွင် ထိုင်းနိုင်ငံမှ ရဟတ်ယာဉ်မှူး Mr. Chat Chawal ၊
မြန်မာလူမျိုးရ ဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုး နှင့် ထူးဖောင်ဒေးရှင်းနာယက ဦး တေဇ၏
ကိုယ်ရေးလက်ထောက် ဖြစ်ပြီး ကျွမ်းကျင်တောင်တက် သမား ဦးနမားဂျွန်ဆင်၏ တူဖြစ် သူ
ဦးရွှေရင်တော်ကြီးတို့ ပါဝင် လိုက်ပါသွားခဲ့သည်။
ထို့အတူ ခါကာဘိုရာဇီ တောင်တက်ခဲ့သော တောင်တက် သမားနှစ်ဦးပျောက်ဆုံးနေသည် မှာ
ရက် ၃၀ ကြာမြင့်လာပြီဖြစ် သော်လည်း လက်ရှိအချိန်ထိမ တွေ့ရှိသေးဘဲ အမြင့်ပေ ၁၆၂၀၀
တွင် ပျောက်ဆုံးတောင်တက်သ မားတို့ ချန်ရစ်ခဲ့သည့် အိတ်အနီ တစ်လုံးနှင့် အမြင့်ပေ
၁၇၃၀၀ ၌ ကျောပိုးအိတ်အပြာတစ်လုံး တို့ကို တွေ့ရှိခဲ့သည်။ ထိုအိတ်နှစ် လုံးကို
ထူးဖောင်ဒေးရှင်းက ပူတာ အိုမြို့တွင် ဒေသအာဏာပိုင်များ ရှေ့၌
ဖွင့်လှစ်ကြည့်ရှုစစ်ဆေး ပြီး ဒေသအာဏာပိုင်များ လက် ၀ယ်သို့ အပ်နှံခဲ့သည်ဟု
ဆိုသည်။
တက္ကသိုလ် ခြေလျင်နှင့် တောင်တက်အသင်း (သဘောဝ ခေါ်သံဖောင်ဒေးရှင်း)မှ တောင်
တက်အဖွဲ့ဝင်နှစ်ဦးဖြစ်သည့် ကို အောင်မြင့်မြတ်နှင့် ကိုဝေယံမင်း သူတို့သည် သြဂုတ်လ
၃၁ ရက် ညနေ ၅ နာရီက ခါကာဘိုရာဇီ တောင်ထိပ်သို့ အောင်မြင်စွာ
တက်ရောက်နိုင်ခဲ့ပြီးနောက် အ ဆက်အသွယ်ပြတ်တောက်သွား ခဲ့ခြင်းဖြစ်သည်။
တောင်တက်သမားနှစ်ဦးကို နမားဂျွန်ဆင်ဦးဆောင်သော မြေ ပြင်ရှာဖွေရေးအဖွဲ့၊
ထူးဖောင်ဒေး ရှင်းမှ ဧ၀ရတ်တောင်တက်ရောက် ရန် လေ့ကျင့်ထားသည့် တောင်
တက်သမားများအပြင် တရုတ် နိုင်ငံ၊ ထိုင်း၊ နီပေါ၊ အမေရိကန် နှင့်
အီတလီနိုင်ငံတို့မှလည်း ရှာဖွေရေးလုပ်ဆောင်နေပြီး တပ်မ တော်သားများ၊ နယ်မြေခံရဲတပ်
ရင်းမှ တပ်ဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူများကလည်း ရှာဖွေရေး လုပ်ဆောင်လျက်ရှိကြောင်း
ထူး ဖောင်ဒေးရှင်းက သတင်းထုတ်ပြန်သည်။
ပျောက်ဆုံးတောင်တက်သ မားနှစ်ဦးကို ရှာဖွေရန် ခါကာဘို ရာဇီရေခဲတောင်တက်ရောက်
မည့် ဂျပန်နိုင်ငံတောင်တက်အဖွဲ့ ကို ပျောက်ဆုံးတောင်တက်သ မားများ တက်ရောက်သည့် လမ်း
အတိုင်း တက်ရောက်၍ ရှာဖွေရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် နှင့် ထပ်မံတက်ရောက်မည့်
အမေ ရိကန်တောင်တက်အဖွဲ့များကို လည်း ရှာဖွေရေးလုပ်ငန်းတွင် ပူး
ပေါင်းလုပ်ဆောင်နိုင်ရန် စီစဉ် လျက်ရှိသည်ဟု ဆိုသည်။
7day
No comments:
Post a Comment