Friday, September 19, 2014

ခါကာဘိုရာဇီတောင်တက်အဖွဲ့မှ ခြောက်ဦး ရန်ကုန်မြို့သို့ပြန်ရောက်


ရန်ကုန်၊ စက်တင်ဘာ ၁၉။
ခါကာဘိုရာဇီရေခဲတောင်ကို တက်ရောက်ရန် ကြိုးစားခဲ့ကြသည့် သဘာဝခေါ်သံဖောင်ဒေးရှင်းအဖွဲ့ဝင် ရှစ်ဦးပါအဖွဲ့မှ ခြောက်ဦးနှင့် မိသားစုဝင် ၁ဝဦးသည် စက်တင်ဘာ ၁၉ရက် ည ၇နာရီ ၃၅မိနစ်တွင် အေးရှားဝင်းလေကြောင်းလိုင်းဖြင့် ပူတာအိုမြို့မှ ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။
အဆိုပါအဖွဲ့မှ တောင်ထိပ်သို့တက်ရောက်ခဲ့သည့် အဖွဲ့ဝင်နှစ်ဦးသည် ယနေ့တိုင်ပျောက်ဆုံးနေဆဲဖြစ်သည်။
အဆိုပါ ပျောက်ဆုံးသူနှစ်ဦးကို ရှာဖွေရန်အတွက် တရုတ်နိုင်ငံမှ ကောင်းကင်ပြာကယ်ဆယ်ရေးအဖွဲ့၊ ထူးဖောင်ဒေးရှင်း၊ သဘာဝခေါ်သံဖောင်ဒေးရှင်းနှင့် ဒေသခံအာဏာပိုင်များက ဝိုင်းဝန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခါကာဘိုရာဇီတောင်တက်အဖွဲ့မှ အဖွဲ့ဝင်ခြောက်ဦးအနေဖြင့် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်လိုပါက ဝိတိုရိယဆေးရုံတွင် အခမဲ့ဆောင်ရွက်နိုင်ရန် ထူးဖောင်ဒေးရှင်းမှ စီစဉ်ထားကြောင်းသိရသည်။
ငယ်ထွေး(ကလေး)
YMG

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ