Tuesday, September 23, 2014

ဆင်နှင့်တူ၊ မျောက်နှင့်တူ ဝက်နှစ်ကောင်လားရှိုး၌ ပေါက်ဖွား




လားရှိုး၊ စက်တင်ဘာ ၂၂။


ရှမ်းပြည် နယ်၊ လားရှိုးမြို့၊ ရပ်ကွက်(၁၂)၊အိမ် အမှတ် ၁၂၌ ဆင်နှာမောင်းနှင့်ဆင် နားရွက်ပါ သတ္တဝါနှင့် မျောက်နှင့် တူသော ဝက်သားပေါက်လေး နှစ် ကောင်အား စက်တင်ဘာ ၂ဝ ရက် နေ့ ည၈နာရီဝန်းကျင်၌ ပေါက်ဖွား ခဲ့သည်ဟု သိရှိရသည်။ 

အဆိုပါ ဝက်နှစ်ကောင်၌ ဆင်နှာမောင်းနှင့် ဆင်နားရွက်ပါ သတ္တဝါနှင့် တူသည့် ဝက်ပေါက်လေး မှာ ပေါက်ဖွားပြီး မိနစ်ပိုင်းအတွင်း သေဆုံးခဲ့သော်လည်း မျောက်နှင့်တူ သည့် ဝက်သားပေါက်လေးမှာ ကျန်း မာ အသက်ရှင်လျက်ရှိကြောင်း သိရ သည်။

''ည ၈နာရီကျော်လောက်မှာ မွေးတာပါ။ ငါးကောင်မွေးတာ လေးကောင်မြောက် ထွက်လာတဲ့ အကောင်က ဆင်နှာမောင်းရယ် ဆင်နားရွက် နောက်ဆင်အမြီးနဲ့။ နောက်ပြီးပါးစပ်ကနေ မျက်စိပြူးထွက် နေတာပါ။ မွေးပြီး သုံးမိနစ်လောက် မှာ သေဆုံးသွားတာပါ။ နောက်တစ် ကောင်ကတော့ မျောက်ခေါင်းနဲ့တူတဲ့ တစ်ကောင်ပါ။ အဲ့ဒီ တစ်ကောင်က တော့ အခုထိအသက်ရှင်နေပါတယ်'' ဟု ဝက်ပိုင်ရှင် ကိုစိုင်းဆာအေးက ပြောသည်။

လားရှိုးမြို့ ကောင်းဆာရပ်ကွက် အိမ်အမှတ် ၁၂/၂၄၇တွင် ထူးဆန်း သည့် ဝက်ပေါက်လေး နှစ်ကောင်ကို မွေးဖွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ တိရစ္ဆာန် လေးများအား လာရောက်ကြည့်ရှုသူ များပြားနေပြီး အစာစားသုံးနိုင်ရန် အတွက် ဒေသခံများမှ အလှူငွေများ ထည့်ဝင်နေကြကြောင်း သိရှိရသည်။

''ကျွန်မက ဝက်မွေးပေးတဲ့သူ ပါ။ မျောက်နဲ့တူတဲ့ကောင်က နှာ ခေါင်းမပါဘူး၊ အစွယ်သေးသေးလေး ပါတယ်။ လျှာအတို အရှည်နှစ်ခု ပါတယ်။ မျောက်လိုပဲ ထိုင်တယ်။ မျောက်လို အရမ်းဆော့ပါတယ်။ မေးစေ့အောက်မှာလဲ မျောက်လို အမွေးတွေပါတယ်'' ဟု ဝက်မွေး ပေးသည့် မနန်းလှလှဖြိုးက ပြော သည်။

ကျန်ရှိနေသည့် မျောက်နှင့် တူသော ဝက်သားပေါက်လေးအား အသက်ရှည်စေရန် မွေးမြူမည်ဖြစ် ကြောင်း၊ အနည်းငယ်အသက်ရှည်လာ ပါက သက်ဆိုင်ရာမှ တောင်းယူမည် ဆိုလျှင် အပိုင်ပေးမည်ဖြစ်ကြောင်း၊ သေဆုံးသွားသည့် ဆင်နှင့်တူသော ဝက်ကိုလည်း ဆေးရည်စိမ်နိုင်ရန်ကြိုး စားစီစဉ်နေကြောင်း ပိုင်ရှင်ထံမှ သိရ သည်။
YMG

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ