ဘန်း စက်တင်ဘာ ၅
ဆွစ်ဇာလန်နိုင်ငံတွင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် စက်တင်ဘာ (၅) ရက် ဒေသစံတော်ချိန် နံနက် (၈) နာရီခွဲတွင် ဆွစ်ဇာလန်နိုင်ငံရှိ ခေတ္တတည်းခိုသည့် ဘန်းမြို့ Hotel Bellevue Palace ၌ ဆွစ်ဇာလန်နိုင်ငံ NZZ သတင်းဌာနမှ တာဝန်ရှိသူအား လက်ခံတွေ့ဆုံပြီး မေးမြန်းချက် များကို ဖြေကြားခဲ့သည်။
ဆွစ်ဇာလန်နိုင်ငံတွင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် စက်တင်ဘာ (၅) ရက် ဒေသစံတော်ချိန် နံနက် (၈) နာရီခွဲတွင် ဆွစ်ဇာလန်နိုင်ငံရှိ ခေတ္တတည်းခိုသည့် ဘန်းမြို့ Hotel Bellevue Palace ၌ ဆွစ်ဇာလန်နိုင်ငံ NZZ သတင်းဌာနမှ တာဝန်ရှိသူအား လက်ခံတွေ့ဆုံပြီး မေးမြန်းချက် များကို ဖြေကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အဖွဲ့ဝင်များနှင့်အတူ ဆွစ်ဇာလန်နိုင်ငံ Bern Historical Museum အတွင်းရှိ Albert Einstein ပြတိုက်ကို သွားရောက် ကြည့်ရှု လေ့လာသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား ပြတိုက်ရှိ ရှင်းလင်းဆောင်၌ ဆွစ်ဇာလန် ဖက်ဒရယ် နိုင်ငံခြားရေး ဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန အာရှ-ပစိဖိတ်ဌာန အကြီးအကဲ သံအမတ်ကြီး H. E Mr. Johannes MATYASSY က ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားသည်။
ထို့နောက် House of Cantons ၏ ပြည်တွင်းရေးရာဌာန အကြီးအကဲ Mr. Thomas MINGER ၊ ဘန်းပြည်နယ် ဆက်သွယ်ရေးဌာန အကြီးအကဲ Mr. Christian KRAEUCHI နှင့် ဘန်းမြို့အုပ်ချုပ်ရေးမှူး DR. iur. Jury WICHTERMANN တို့က Perspectives on Federalism Federal Level, Cantonal Level, Communal Level တို့နှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားကြပြီး နိုင်ငံတော် သမ္မတနှင့် တက်ရောက်လာကြသူများက သိရှိ လိုသည်များကို မေးမြန်းခဲ့ကြသည်။
ထို့နောက် ဆွစ်ဇာလန် ဖက်ဒရယ် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန အာရှ-ပိစိဖိတ်ဌာန အကြီးအကဲ သံအမတ်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။
ဆွစ်ဇာလန်နိုင်ငံ၏ ပြည်ထောင်စုစနစ်ကို ၁၈၄၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ စတင်ကျင့်သုံးခဲ့ကြောင်း၊ သမိုင်းတစ်လျှောက် အဆင့်ဆင့် ပြောင်းလဲပြင်ဆင်မှုများ ပြုလုပ် ခဲ့ရကြောင်း သိရှိရသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဘန်းမြို့ အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူ များအား အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ပြီး စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့ဝင်များသည် Albert Einstein ပြတိုက်အတွင်း လှည့်လည် ကြည့်ရှု လေ့လာကြရာ ပြတိုက်နှင့်ပတ်သက်၍ တာဝန်ရှိသူ Mrs. GABRIELE MOSHAMMER က လိုက်လံရှင်းလင်းပြသသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် ပြတိုက်၏ ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပြီး ပြတိုက်တာ ဝန်ရှိသူ တစ်ဦးအား အမှတ်တရလက်ဆောင်ပစ္စည်းကို ပေးအပ်သည်။
အဆိုပါပြတိုက်ကို ၁၈၉၄ ခုနှစ်တွင် စတင်တည်ထောင်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
သမ္မတရုံး
No comments:
Post a Comment